ကျွန်မအဒေါ်အိမ်မှာ သွားနေသည့်အ
ချိန်ကပေါ့နော်..အဒေါ်ယောင်းမလည်း
နယ်ကနေအလည်ရောက်နေတဲ့ရက်..
အဲ့ညက လမင်းကြီးက ၀ိုင်းဝိုင်းစက်
စက် လပြည့်ညပေါ့...
ညဘက် ထမင်းစားသောက်ပြီး တူရီးတွေ စကားထိုင်ပြောနေကြတာ..
အဒေါ်က ဗြုန်းကနဲထပြီး..
''ဟယ်..ဒီနေ့ လပြည့်နေ့  ငါ့မောင်လေးကိုခေါ်ရအုံးမယ်.ငါ့မောင်လေး
လာရင်ကောင်းမယ်''...ပြောပါလေရော
နဂိုတည်းကသရဲကြောက်ပါတယ်ဆိုမှ
''ဟာ အန်တီကလည်း ဘာတွေလျှောက်ခေါ်နေမှန်းမသိဘူး''လို့
ပြောလိုက်တော့ ဘာမှမဟုတ်ပါဘူး
စတာပါတဲ့...
သူကသာစတယ်ပြောတာ..အိပ်ကြ
မယ်ဆိုပြီးပြင်နေတုန်း အိမ်ရှေ့တံခါးကို
''ဘုန်း''ဆို ထုသံကြားပါလေရောလား..
''အန်တီ ဘာလဲ..ဘာလဲ..ဘယ်သူလဲ''.
အဒေါ်က မျက်နှာပျက်ပျက်နဲ့..
''ဘာမှမဟုတ်ဘူး သူများအိမ်ကပါ''တဲ့
သူများအိမ်ကမဟုတ်မှန်းသိတာပေါ့
ကျွန်မအသာပဲ ညိမ်နေလိုက်တော့
တယ်...
တကယ်တော့ အဒေါ်မောင်ကကွယ်လွန်ပြီးကာစပါ...တစ်လကျော်လောက်ပဲ ရှိအုံးမယ်ထင်တယ်...
အကုန်လုံးအိပ်ရာဝင်ကြတယ်..ကျွန်မ
တို့တူရီး၃ယောက်(အဒေါ်၊ကျွန်မ၊အဒေါ်သမီး)က အိမ်ခန်းထဲမှာ၊ အဒေါ်
ယောင်းမက အိမ်ရှေ့ခန်း ဘုရားခန်းမှာ
ပါ...
ညဥ့်နက်တော့ နောက်ဖေးတံခါးကို
ဂျောက်..ဂလောက် နဲ့စပါလေရော
ခေါင်းရင်မှာလည်း လမ်းလျှောက်သံ
တွေကြားရပါတယ်..
တံခါးဂျက်ကိုလည်းခဏ ခဏ လာ
လုပ်ပါတယ်..အဒေါ်ကတော့ အိပ်ပျော်
လားမပျော်လားမသိ..ကျွန်မကတော့
ဇောချွေးတွေ ပြန်နေပါပြီ..တစ်ညလုံး
အိပ်မပျော်..လှုပ်တောင်မလှုပ်ရဲ ပဲ မိုး
လင်းသွားခဲ့ပါတယ်...
မနက်လည်းကျ အဒေါ်ယောင်းမက ဘာပြောကောင်းမလဲ.သူ့ပစ္စည်းတွေ ကောက်သိမ်းပြန်ဖို့ လုပ်ပါလေရော..
တော်တော်နဲ့မပြောဘူး ၀ိုင်းမေးကြတော့မှ..သူညကတစ်ညလုံးမအိပ်ရ
ကြောင်းဖွင့်ပြောပြပါတယ်...
အိမ်ရှေ့က သံစကာကပ်ထားပြီး လှိုက်
ကာ ကာထားတာပါ ..လ ကလည်းလ
ပြည့်ညဆိုတော့ ..အိမ်ရှေ့ကို အထင်း
သားမြင်နေရမှာပေါ့...
အိမ်ရှေ့မှာ တစ်ညလုံးလမ်းလျှောက်နေတာတဲ့...သူလည်းကြောက်ကြောက်နဲ့ညိမ်နေတယ် မထလည်း မ
ထရဲဘူးတဲ့...
မနက် ၃ နာရီလောက်လည်းကျရော
မဖြစ်တော့ဘူးဆိုပြီး..အိမ်တွင်းအုန်း
ကို ယပ်သွင်းပြီး အပြင်ကိုနှင်ထုတ်ခိုင်း
တော့မှပဲ ပျောက်သွားတော့တယ်တဲ့..
သူလည်း အဲ့ကျမှအိပ်ရတော့တယ်တဲ့
နောက်အဲ့အဒေါ်ယောင်းမလည်းလာမ
လည်တောပါဘူး..
ကျွန်မကြောက်တတ်တဲ့သူဆိုတော့
နောက်နေ့လည်း ကြောက်နေခဲ့တာပါ
အဒေါ်လည်းတော်တော်လန့်သွားတာ
ပေါ့..ဘာမှမပြောဘူး..သူ့အပြစ်နဲ့သူ..
နုတ်ကြောင့်ကြေ၊ လက်ကြောင့်သေ
ဆိုတဲ့စကားအတိုင်း အဒေါ်လုပ်လိုက်
ပုံကအသက်ပါ သေစေနိုင်ပါတယ်...
စကားဆိုတာမျိုးက တစ္ဆေ၊သရဲ ပဲ ဖြစ်
ဖြစ်၊ လူပဲဖြစ်ဖြစ် ကျွံရင် နုတ်ရခဲတယ်
ဆိုတာ သိစေချင်ပါတယ်...
အားလုံးကိုကျေးဇူးတင်ပါတယ်...
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ..
့
့
မင်းသွေးစံ
No comments:
Post a Comment