ဝိညာဉ်အမှာစကား
့
သူငယ်ချင်းတို့ ငယ်ငယ်က တူတူပုန်းတမ်းကစားဘူးမှာပေါ့နော်။ အခုပြောမယ့်အဖြစ်အပျက်လေးဟာ တူတူပုန်းရင်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပေါ့။ Thandar ကိုးတန်းနှစ်ကပေါ့ စနေ့နေခင့်း အတန်းပို တက်ပြီးတော့ အိမ်မပြန်ချင်ကြတာနဲ့ ကျောင်းထဲမှာ သူငယ်ချင်းတွေ တူတူပုန်းတမ်းဆော့ကြတယ်။ ရှစ်တန်းအဆောင်နဲ့ ကိုးတန်းအဆောင်တွေပေါ်မှာပဲ ပုန်းကြေးဆိုပြီးပေါ့ ။ ရှစ်တန်းနဲ့ ကိုးတန်းအဆောင်ဟာ ကိုလိုနီခေတ်လက်ရာ ကျောင်းဆောင်နီနီကြီးတွေပေါ့။ ညဘက်ဆို သရဲချောက်တယ်လို့ ညကျောင်းသားတွေကြားမှာ နာမည်ကြီးတာက ကိုးတန်းအဆောင်ဒုတိယထက်က ကွန်ပြူတာခန်းပေါ့။ Thandar ကတော့မယုံဘူး။ တူတူပုန်းတမ်းဆော့ကြတော့ Thandarရယ် သူငယ်ချင်းမေမာမာကျော်ရယ် နှစ်ယောက် ကိုးတန်းအဆောင်ဒုထပ်မှာ ပုန်းဖို့တိုင်ပင်ကြတယ် တူတူပုန်းရင် နောက်ဆုံးမှရှာတွေ့သူကို သုံးရက်တိတိ ရှာတဲ့သူက မုန့်ဝယ်ကြွေးကြေးဆိုတောအစားသရဲနှစ်ယောက့် အသေအချာလုံအောင်ပုန်းနိုင်ဖို့လိုတယ်လေ။ ပုန်းဖို့နေရာရှာရင်း ကွန်ပြူတာခန်းရောက်သွားရော တံခါးကလည်းပွင့်နေတယ် B ခန်းက လူတွေသင်ခန်စာပြီးတော့ သေချာပိတ်မသွားတာဖြစ်လိမ့်မယ်။ နှစ်ယောက်သား အဲမှာပုန်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ အခန်းထဲရောက်တော့ နောက်ဆုံးတန်း ပြတင်းပေါက်နားက ခုံနှစ်လုံးပူးထားတဲ့အောက်မှာ သွားပုန်းကြတယ်။ နာရီလှမ်းကြည့်တော့ ဆယ့်နှစ်နာရီ ပုန်းရမယ့်အချိန်က တစ်နာရီခွဲထိ အဲချိန်ထိ ရှာတဲ့သူက ကိုယ်တို့ကိုမတွေ့ရင်နိုင်ပြီ။ နှစ်ယောက်သား မုန့်သုံးရက်အလကားစားရမယ်ဆိုတဲ့ အတွေးနဲ့ ပျော်နေကြတာ။ ကွန်ပြူတာသုံးမယ် C ခန်းကကျောင်းသားတွေက နှစ်နာရီမှလာမှာဆိုတော့ အေးဆေးပုန်းနိုင်တယ်လေ။ အတွေးတွေနဲ့ပျော်နေတုန်း ပုန်းနေတဲ့ ကွန်ပြူတာခန်းက မှောင်လာပြီးအေးသလိုလို ခံစားရတယ် မိုးအုံလာတာလားဆိုပြီး ထွတ်ကြည့်မလို့ လုပ်တော့ ထလို့မရဘူး ဘာလည်း ဘာဖြစ်တာလည်း နှစ်ယောက်သား ကြောက်ပြီး တယောက်လက်တစ်ယောက် ကိုင်ပြီး ကြိုးစားထကြည့်တယ် မရဘူး။ အား မေမာကရှေ့ကိုကြည့်ပြီး အော်တယ် အို ကိုယ့်တို့ ဝင်ထိုင်ပုန်းနေတဲ့ ခုံရဲ့ မျက်နှာချင်းဆိုင်ခုံအောက်မှာ ကောင်လေးတစ်ယောက် မှီထိုင်ရင်းကြည့်နေတယ် အား ကိုယ်လည်းလန့်သွားတယ် သူက လွန်ခဲ့တဲ့အပါတ်က ဆုံးသွားတဲ့ ဆယ်တန်း Aကကောင်လေးလေ သူကမီးရထားပေါ်ကပြုတ်ကြပြီးဆုံးတာ လူတိုင်းသိ။ သူက ကိုယ်တို့နားတိုးလာတယ် မလာနဲ့ နှစ်ယောက်သားအော်တာပေါ့ ထပြေးလို့လည်းမရ ကြမ်းပြင်နဲ့ကော်နဲ့ကပ်သလို ကပ်နေတာ။ သူကနီးလာတယ် မျက်နှာက ဖြူဖြော့ပြီး သွေးတွေက နောက်ဘက်ကနေစီးကျနေတာ။ မေမာကအော်ရင်း အသံတိတ်သွားတယ် ။ အာ သင်းကသတိလစ်သွားတာကို။ အရင်ကတော့ဖြင့် Aခန်းက အစ်ကိုကြီးချောလှချည်းဆိုပြီး သင်းပဲသွားကြည့်နေပြီ ခုကြ သတိတောင်လစ်သွားပြီ။ သူ့မျက်နှာက ကိုယ့်နားကပ်လာတယ် ရှုး သူက တိတ်တိတ်နေဖို့ အမူအရာပြတယ် ကိုယ်လည်းအော်ရတာ အသံကုန်နေပြီ ပြေးလို့လည်းမရတဲ့အတူတူ မထူးပါဘူး ငြိမ်ငြိမ်နေလိုက်တာ ကောင်းပါတယ်ဆိုပြီ မအော်တော့ဘူး။ သူနှုတ်ခမ်းတွေပွင့်လာတယ် နှုတ်က တစ်ခုခုပြောနေသလိုပဲ အသံကအဝေးကြီးက လာသလို ဘာမှမရှင်းဘူး အနားကပ်လာပြန်ရော မျက်နှာနားကပ်ပြီးပြောတယ် ငါ ကို ကူ ညီ ပါ
ပြီးတော့ နောက်ဆုပ်သွားတယ် အရင်နေရာမှာ သွားမှီထိုင်တယ်ကိုယ်သူကိုကြည့်ပြီး ကြောက်တာ နည်းနည်းလျော့လာတယ် သူ ကြိုးစားပြီး စကားထပ်ပြောတယ် ကိုယ်သူနှုတ်ခမ်း အဖွင့်အပိတ်တွေကို သေချာကြည့်ပြီး သူပြောတာ နားလည်ရင် ခေါင်းငြိမ့် နားမလည်ရင်ခေါင်းခါနဲ့ အချိန်တွေကုန်သွားတယ် နောက်ဆုံးတော့ သူပြောချင်တာတွေအားလုံး ပြောပြီးသွားတယ် ခုံကိုမှီထိုင်နေတဲ့ သူအရိပ် တဖြည်းဖြည်းပျောက်သွားတယ် အခန်းကပြန်လင်းလာပြီးမအေးတော့ဘူး ခုံအောက်ကနေ အသာထွတ်လိုက်တယ်။ သူမှီခဲ့တဲ့ခုံနားမှာကျနေတဲ့သော့တွဲလေးနဲ့ ကွန်ပြူတာခန်းထဲက တတိယတန်း အလယ်ခုံ အံ့ဆွဲကို ဖွင့်လိုက်တယ် အံ့ဆွဲရဲ့အပေါ်မှာ တိတ်နဲ့ကပ်ထားတဲ့ အိတ်အဖြူလေးရယ် အနက်ရောင်မှတ်စု စာအုပ်ရယ်ကို ယူလိုက်တယ်။ မေမာကို လုပ်နှိုးလိုက်တယ် မေမာစူးစူးဝါးဝါး ထအော်ရင်း နိုးလာတယ် ။ အခန်းပြင်ကို တချိုးတည်းထပြေးတာ ကွန်ပြူတာသင်ဖို့လာတဲ့ Cခန်းက ကျောင်းသားတွေကို တောင်တိုက်မိသေးတယ်။ နောက်နေ့မှာမေမာဖျားတယ်။ ကိုယ်ကတော့ သူမှာတဲ့အတိုင်း စာအိတ်ဖြူလေးကိုသူမေမေဆီသွားပို့လိုက်တယ်။ တစ်ကယ်တော့သူဟာ အိမ်ထောင်ကွဲနေတဲ့ မိသားစုမှာ မိထွေးနဲ့နေရသူ အမေရင်းကို ကူညီချင်လို့ ရထားပေါ်ကျောင်းအားချိန် ဈေးလိုက်ရောင်းရင်း ပြုတ်ကျပြီးသေခဲ့ရသ။ူ စာအိတ်ထဲမှာ ဈေးရောင်းရင်းစုထာတဲ့ငွေတွေရှိတယ်။ သူမေမေကို မပေးရသေးခင်သူသေရတော့ စိတ်မဖြောင့်ရှာခဲ့ဘူုးလေ။ သူဆုံးတာဆယ်ရက်မပြည့်သေးတော့ သူသုံးနေကြ စားပွဲကို ဘယ်သူမှမသုံးဖြစ်သေးတာ ကံကောင်းသွားတယ်။ မှတ်စုစာအုပ်လေးကိုတော့ သူမှာတဲ့အတိုင်း ရှမ်းကန်ကြီးထဲပစ်ချလိုက်တယ်။ ဖတ်ဖို့ခွင့်ပြုချက် မရပဲ ကိုဖတ်မိခဲ့တဲ့စာအုပ်ထဲက အကြောင်းတွေ တနေ့နေ့တော့ သက်ဆိုင်သူတစ်ယောက်ကို သူကိုစား ကိုယ်ပြောပြပေးချင်တယ် ။ အေးချမ်းတဲ့နေရာ ရောက်ပါစေ ကိုငြိမ်းလင်းသန့်။ ဘဝဆက်တိုင်း အဖြစ်ဆိုးနဲ့မကြုံပါစေနဲ့ လို့ ဆုတောင်းပေးပါတယ်။
ကိုယ့်သူငယ်ချင်းကတော့ ခုချိန်ထိ တူတူပုန်းတမ်း ကစားမယ်ဆို သေလုအောင်ကြောက်နေတုန်း။ ကိုယ်ကတော့
့
ဖတ်တဲ့သူတွေစိတ်ထဲ တခုခုကျန်ခဲ့ရင် ရေးရတာလက်ညောင်းတာတန်ပါတယ်ရှင့်။
Thandar
No comments:
Post a Comment