Sunday, October 18, 2015

ရေကန်​ထဲကသရဲ

မိန်းမလှလေးတျောက်....ရေချိုးကန်ထဲမှာ စိမ်နေသည်.........ဖွင့်ထားသောရေပိုက်ခေါင်းမှ ကျနေသောရေသံလေးကိုနားထောင်ရင်း.. ကြွေကန်ဘောင်ပေါ်ခေါင်းလေးတင်ပြီးမျက်စိမှိတ်ထားသည်.............ထိုစဉ်
ရေပိုက်မှ ကျနေသောရေများက ရုတ်တရက် အနက်ရောင် ကို ပြောင်းသွားသည်.......
တဖြည်းဖြည်း ကန်ထဲက ရေတွေပါ မည်း ကုန်သည်......ကောင်မလေးက မသိ သတိမထားမိ.....ရေက ပိုအေးလာသော်လည်း ပုံမှန်ထင်ပြီး မျက်စိကိုဖွင့်မကြည့်......
ကောင်မလေး တစ်ချက်တွန့်သွားပြီး လန့်ပြီးထထိုင်လိုက်မှ ရေတွေ အနက်ရောင် ဖြစ်နေတာတွေ့မိ၍ ကြောက်လန့်တကြား အော်ပြီး ကန်ထဲမှ ထွက်ရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီ.......
တစ်စုံတစ်ရာ က ရေအောက်မှ သူမ ကို ဆွဲ နေသည်......သူမ အသည်းအသန်ရုန်းရင်း အော်ဟစ် အကူ အညီ တောင်းနေသော်လည်း..........နောက်ဆုံး ..........
သူမ တစ်ကိုယ်လုံး ရေချိုးကန်ထဲမှာ နစ်မြုပ် သွားရတော့သည်...................
..............
..............
..............
ဒေါ်ယမုန် မီးဖိုခန်းထဲမှာ ချက်ပြုတ် နေရင်း
ပန်းကန် ဆေးဖို့ ရေဖွင့်လိုက်ရာ..........
‪#‎ဘုရားဘုရား‬ ရေတွေက အနက်ရောင်တွေ ပါလား.......
""ကို ထွန်းဝေ ဒီမှာ လာကြည့်ပါဦး ရေတွေက အနက်ရောင်တွေ ဖြစ်နေလို့......""
""အေးဟ ဟုတ်သားပဲ ငါတို့ ရေပိုက်ပြင်တဲ့လူခေါ်ပြီးစစ်မှရမယ် ""
..........‪#‎ကလင်ကလင်ကလင်‬.......
""ကိုထွန်းဝေ ဖုန်းကိုင်လိုက်ဦး ""....
..........
""ဟဲလို.......ဘာ.......ချစ်မောင် .....မင်းသမီး
မာလာ အိမ်က ရေချိုးကန်ထဲမှာ ရေနစ်သေတယ်ဟုတ်လား.....ရေတွေက အမည်းရောင်.. .......ဟုတ်လား....""
.....................
.....................
""မိန်းမရေ ရေပိုက်ပြင်သမား ပြောတာတော့ အကုန်ကောင်းပါတယ်တဲ့......အမှိုက်ဝင်နေတာဖြစ်မယ်တဲ့ အခု မမဲ တော့ပါဘူး ရေတွေက""
""ဟုတ်ပါပြီ ကိုထွန်းဝေ""
ကိုထွန်းဝေ မိန်းမကို ပြောနေရပေမယ့် စိတ်ထဲမှာ လေးလံ နေမိသည်..................
ဒီ ရေအနက်ရောင် ကိစ္စ က သာမန် ဟုတ်ရဲ့လား..........ဟု တွေးနေမိသည်.....
.........
‪#‎တစ်ပတ်ခန့်ကြာသော်‬.....
.......
ကိုထွန်းဝေ ရပ်ကွက် ထိပ်က ရေကန်ကြီးထဲမှာ....ငါးလာမျှားနေသည်......ဒီနေ့ ညနေ ...... အလုပ်လဲ အား၍ အပျင်းပြေ လာမျှားခြင်းဖြစ်သည်........
ရုတ်တရက် အသံ တစ်ခု ကြားလိုက်ရသည်...
$$ထွန်းဝေ.....ချစ်မောင်.....မင်းတို့ သိပ်ရက်စက်တယ်....$$
ကိုထွန်းဝေ လန့် သွားသည်....နေကလဲ ဝင်တော့မည်.....ဘေးမှာ ဘယ်သူမှမရှိ.......
ခနနေတော့ သူ ငါးမျှားကြိုး လှုပ်သွားသည်....ငါးဖြစ်မည်ထင်၍ ဆွဲ သော်လည်း ဆွဲမရ.....ဘာငြိ နေပါလိမ့်...............
သူ့ငါးမျှားကြိုးဘေးမှ ပူစိဖောင်း လေးတွေ အများကြီးတက်လာသည်......ဘာပါလိ့မ်......
ငုံ့အကြည့်.......ရေကန်ထဲမှ မဲ နက် နေသော လက်တစ်ဖက် ပေါ်လာပြီး.......ကိုထွန်းဝေကို
ဆွဲချသွားသည်....ကိုထွန်းဝေ ရုန်းကန်ရင်း....
လက်မဲကြီးနေက်ာကို ပါသွားသည်......
ရေနက်ပိုင်းထိဆွဲ ခေါ်သွားပြီး......ကန်အလယ်လောက်ရောက်မှ အောက်တည့်တည့် အနက်ဆုံးထိ အောင်ဆွဲ ချသွားသည်..........
.................
..................
ဒီတစ်ခါ လန့်ရတာက ကို ချစ်မောင် အလှည့်......သူ့သူငယ်ချင်းထွန်းဝေ ရေကန်ကြီးမှာ ငါးမျှားရင်း ရေနစ်သေလို့တဲ့.....
ပထမ သူ့သမီး မာလာ........အိမ်ထဲက ရေချိုးကန်မှာ ချိုးရင်း ရေနစ် ....
နောက် ထွန်းဝေက သူ့အိမ်မှာ ရေမည်းမည်းတွေ တွေ့ ရသည်......ပြီး ရေကန်ကြီးမှာ ငါးမျှားရင်း ရေနစ်
ဒါ တွေက သွေးရိုးသားရိုးမဖြစ်နိုင်........
ဟိုး......လွန်ခဲ့တဲ့ နှစ် ၃၀ ကျော် ကာလကို ပြန်မြင်ယောင်မိသည်........
...............ချစ်မောင် ထွန်းဝေ နဲ့ စံလင်းတို့ ၃ ယောက်က အရမ်းခင်တဲ့ သူငယ် ချင်းသုံးယောက်.........
တစ်နေ့.........
ရပ်ကွက်ထိပ်က ရေကန်ကြီးမှာ ရေသွားကူးကြဖို့ ဆုံးဖြတ်လိုက်ကြသည်....
စံလင်းက သိပ်မလိုက်ချင် ရေကလဲ မကူးတတ် လူကြီးတွေကလဲ အဲ့ဒီ ကန်မှာ မကူးဖို့ ပြောထားလို့ဖြစ်သည်...........
........ရေကန်ရောက်တော့......ထွန်းဝေနဲ် ချစ်မောင်က စံလင်းကို နောက်ပြောင်ရင်း ရေကန်အစပ်မှ အလယ်ထိ ဆွဲ ခေါ်လာကြရာ.....စံလင်းက အကြောက်အကန်ရုန်းရင်း ပါလာပြီး....ကန်လယ်ရောက်တော့.......ရေ နစ်ပြီ.........တကယိ့တကယ်ရေလဲနစ်ရော သူတို့ ၂ ယောက်လဲမကယ်တတ်.......စံလင်းကို ပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်းခ်ဲကြသည်....
ရေလယ်မှာ စံလင်းက မြုပ်လိုက်ပေါ်လိုက်......
အဲ့ ဒီ မြင်ကွင်းကို သူ အခုထိ မမေ့.......
အနီးအနား အော်ဟစ်အကူအညီတောင်းသော်လည်း အချည်းနှီး ဖြစ်ခဲ့ရသည်..........
...ဒီ ပြဿနာက သူနဲ့ထွန်းဝေ က စတ်ဲပြဿနာ စံလင်းက ကြားထဲက သေသွားပြီ..........လူကြီးတွေသိရင် အဆူခံရမည် အခန့်မသင့်ရင် ထောင်ပါကျနိုင်သည်ဆိုပြီး ကလေးအတွေးနဲ့..........
နောက်ဆုံးတော့ ထွန်းဝေနဲ့ တိုင်ပင်ပြီး ဒီကိစ္စကို ဘယ်သူ့မှမပြောပြဖို့ ဆုံးဖြတ်ခဲ့ကြသည်....
..............
အခုတော့ နှစ် ပေါင်း ၃၀ ကျော်ကြာကာမှ စံလင်းက သရဲ ဖြစ်ပြီး ကလဲ့စား ချေနေခြင်းပေလော....
""ကိုချစ်မောင်........ဒီမှာ မီးဖိုထဲက ရေပိုက်က ရေမည်းမည်းတွေ ပဲ လာနေတယ်.....""
ကိုချစ်မောင် လန့်သွားသည်......ဒါဆို စံလင်းရောက်လာပြီ......အခဲမကြေလောက်သေး
သူ ဆုံးဖြတ်ချက်ချလိုက်သည်...........
..ရေကန်ကြီးဆီ ထွက်လာခဲ့သည်.........
...................
ကန်စပ်က လှေငယ်လေးပေါ်တက်ထိုင်ပြီး
ကန်အလယ်ကို လှော်ခတ်ရင်း........ပါးစပ်မှလည်း.........""သူငယ်ချင်းစံလင်း
ငါ့ကို ခွင့်လွှတ်ပါကွာ ငါ တို့ ငယ်ငယ် တုန်းက အမှားအတွက် ငါလာတောင်းပန်တာပါ.......
မင်း မကြေနပ်ဘူးဆိုရင်လည်း ငါ့ကို အခု သတ်လိုက်ပါ.....တခြား သူတွေတော့ မခေါ်ပါနဲ့တော့......""ဟု တတွတ်တွတ် ပြောရ်း.....
........
သူ့လှေပတ်လည်တဝိုက်က ရေတွေ တဖြည်းဖြည်း အမဲရောင်သန်းလာသည်.......
ပူစိဖောင်း လေးတွေ အပြုံလိုက်ထွက်လာသည်.......အက်ရှရှ အသံြီကီးနဲ့........
$$လာခဲ့ $$်
$$လာခဲ့ $$
သူ့ လှေဘေးမှ တစ်ကိုယ်လုံးမည်းနက်နေသော ကလေးငယ်တျောက် ပေါ်လာပြီး သူ့ကို ကြည့်နေသည်........ကိုချစ်မောင်ပြုံးပြရင်း.....
လက်ကမ်းပေးလိုက်သည်......""သူငယ်ချင်း......စံလင်း.....""
ရေကန်အလယ် ရှိ လှေ ပေါ်မှ ရေထဲကို ဖြည်းဖြည်းချင်းဆင်းသွားသော ကိုချစ်မောင်ကို လှမ်းမြင်ရသူအချို့က ကယ်ဖို့ အစွမ်းကုန်ကြိုးစားကြသော်လည်း..........
ကိုချစ်မောင်၏ အသက်ကင်းမဲ့နေသော ခန္ဓာကိုယ်ကိုသာ ဆယ်နိုင်ခဲ့ကြသည်......
အဲ့ဒီနောက်ပိုင်းကစပြီး နောက်ထပ်ရေနစ်သေသူမရှိတော့ လသာတဲ့ည တွေမှာ ရန်ဖန်ရန်ခါတော့ ကန်အလယ်မှာ ရေကူးရင်း ဆော့နေကြတဲ့ သူငယ်ချင်းသုံးယောက်ကို တွေ့ရမည်ဖြစ်သည်.............
....................
....................
....................
.....................
#‪#‎ဇာတ်လမ်းကဖြတ်ညှပ်ကပ်လုပ်ထားတာဖြစ်ပါသည်‬.......ဖတ်မကောင်းလျှင် ကျနော်အရေးအသားညံ့တာသာဖြစ်ပါကြောင်း...............

No comments:

Post a Comment