Sunday, October 18, 2015

အသက်​တစ်​​ချောင်း၏သင်​ခန်းစာ၁

ယခုကျွန်တော်တင်သောစာသည်ကျွန်တော်၏
စိတ်ကူးယာဉ်မူတခုမပါ…လှည့်ဖျားမူတခုမပါ
ရွှေရင်မော်မှာဆရာတဦးဖြစ်သူကိုသတိုး၏
ခွင့်ပြုချက်ဖြင့်စာဖက်သူများအတွေးအမြင်
ဗဟုသုတတိုးပွားစေရန်နှင့်၇ရက်သားသမီး
များအားကယ်တင်နေသောပညာရပ်များအား
မကွယ်ပျောက်မတိမ်ကောစေရန်ကြံဆောင်၍
ယခုစာကိုတင်ရခြင်းဖြစ်ပါသည်။
ဂိုဏ်းဂဏများစွာကွဲပြားနေကာမူယခုစာကို
စာဖက်သူတဦးအနေဖြင့်သာရှု့မြင်၍
ငြင်းခုံခြင်းမပြုလုပ်ကြပါရန်ပန်ကြားအပ်ပါသု
စာဖက်သူများအားလေးစားလျက်

ချစ်သူ(ခွန်း)
" အသက်တစ်ချောင်းရဲ့ သင်ခန်းစာ "
~~~~~~~~~~~~~~~~~~~~~
၂၀၁၄ နှစ်ကုန်ပိုင်း တစ်နေ့ သ၌ ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ နယ် တစ်ပင်မော် ပင်လယ်ရွာလေးမှ အကိုဖြစ်သူ ကျွန်တော့်ထံရောက်ရှိလာပါတယ်။ " ညီလေး ကိုကြီးကို ကူညီပါဦး ငါ့ ယောက္ခမ သူများပြုစားထားလို့ အခု အခက်တွေ့ နေတယ် ကူညီပါဦးကွာ အခုလာတာတောင် သူများဆီက လမ်းစရိတ်ရှာလာတာဟ " ကဲကောင်းရော လိုက်သွားရမဲ့ ခရီးက ကျွန်တော်တို့ မြို့ ကဆို မိုင် တစ်ရာ အကျော်မှာပဲရှိတယ်။ ထုံးစံအတိုင်း ကိုယ်ဆီကိုယ်ထည့် သူ့ အတွက် ဆိုင်ကယ်တစ်စီး ငှားပေး ဟိုရောက်လည်း ကိုယ့်ငွေနဲ့ ကိုယ် ပွဲပစ္စည်းဝယ် ကုသဖို့ ဝတ္တူငွေ ကိုယ့်ဘာသာစိုက်ရမှာပေါ့နော့်။ တစ်ခါမှလည်း မရောက်ဘူးတဲ့အပြင် ကုန်းလမ်းခရီးအဆုံး ပင်လယ်ဆိုတော့ တပည့်လည်းဖြစ် သူငယ်ချင်းလည်းဖြစ်တဲ့ ဇော်မင်းကို လှမ်းခေါ်ပြီး ခရီးထွက်ဖို့ စီစဉ်ကြပါတယ်။ မနက် ၇ နာရီလောက်ကနေထွက်တာ ချောင်းသာရောက် ခဏနား ထမင်းစား ဆက်မောင်းလိုက်တာ ပင်လယ်လေ လတ်လတ်ဆတ်ဆတ်ရှုအုန်းပင်စိမ်းတွေကြားက…… ကျောက်ခင်းလမ်းအတိုင်းမောင်းလိုက် ကမ်းစပ်ဆင်းမောင်းလိုက်နဲ့ ညနေ ၅ နာရီခွဲမှာ လူနာရှိရာ တစ်ပင်မော် ပင်လယ်ကမ်းခြေရွာလေးကို ရောက်ပါတယ်။ ကမ်းစပ်နဲ့  ကိုက် ၁၅၀ လောက်ပဲဝေးတဲ့ အုန်းတောထဲက သစ်သားအိမ်လေးထဲမှာ နေရာချပေးပါတယ်။ ပင်လယ်ကမ်းစပ်နဲ့ အိမ်တွေကို ၆ ပေလောက်ရှိတဲ့ တာလမ်းလေးက ခြားထားတာကိုး။ ကဲတစ်နေ့ လုံးမောင်းလာတာခါးလည်းချိ လူလည်းနုံးပြီ လောလောဆည် တစ်နေ့ လုံး အံကြိတ်အောင့်ထားတဲ့ ဗိုက် ပြဿနာရှင်းမှရတော့မယ်။ အဲဒီ့တော့ မေးလိုက်မိတယ်ဗျာ " ကိုကြီး ကျွန်တော်တို့ အိမ်သာပြဦး ဘယ်မှာတုန်း " အကိုက " အိုး ညီလေးကလည်း အိမ်ဘေးတည့်တည့်သွား အိမ်သာရှိတယ် " အမယ် သူကပြောလည်းပြီးရော တောင်ပေါ်မှာ ငှက်ပျောသီး သွားတောင်းဝယ်ခုတ်လာမယ်ဆိုပြီး ထွက်သွားလေရဲ့။ သူငယ်ချင်း ၂ ယောက် အပြေးတစ်ပိုင်း သွားလိုက်တာ အိမ်သာလည်း မြင်ရေး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် စကားတောင်မပြောနိုင်ဘူး အံ့သြလွန်းလို့ ပါဗျာ။ ဟုတ်ကဲ့ခင်ဗျ အိမ်သာက အမိုးပါတယ် ဘေးနှစ်ဖက် ကာထားတယ်ဗျာ အရှေ့ နဲ့ အနောက် ဟောင်းလောင်းကြီး မျက်နှာစာက တာလမ်းနဲ့ တည့်တည့် အိမ်သာနောက်က ရွာတန်း ကဲစဉ်းစားသာကြည့်ပါတော့ဗျာ ပုဆိုးခေါင်းမြီးခြုံထိုင်ရမဲ့ အိမ်သာ။ အဲဒါနဲ့ ကီမိုနိုအပြည့်ဝတ်ထားတဲ့ ဂျပန်မတွေ လမ်းလျှောက်သလို ၂ ယောက်သား လိမ်ဖယ်လိမ်ဖယ်နဲ့ အိမ်ကိုပြန်ပြေး နှီးတွေရှာ ပုဆိုးတွေဖြဲ အုန်းလက်ခြောက်တွေဆွဲချပေါ့။ ဟားးဟားး ဆရာတွေ အိမ်သာကို အလုအယက်ကာနေတာများ ညီအကို မောင်နှမတွေ မြင်စေချင်စမ်းပါဘိ။ ပြီးပြီလည်းဆိုရော အိမ်သာပေါ်တက်ထိုင်လို့ မှ ၃ မိနစ်လောက်ပဲ ကြာမယ် ကျွန်တော်ဗျာ ထိုင်ငိုချင်စိတ်ပေါက်တာပဲ ယက္ကန်းချိုးလို့ ခေါ်တဲ့မြွေတွေဗျာ( အဆိပ်မရှိပါ ) ဘယ်နေရာက ထွက်လာတယ် မဆိုနိုင်ဘူး အိမ်သာအောက် တည့်တည့်မှာ ၄ ၅ ကောင်ပဲ။ ဟားးး ကျွန်တော်ဗျာ စိတ်ကိုညစ်တာပဲ။အကိုလည်း ပြန်လာရော " ကိုကြီးရာ အိမ်သာကောင်းကောင်းလေးတော့ ရှိသင့်ပါတယ် " အဲဒီ့လိုပြောလိုက်မိတာ ဘာပြန်ပြောတယ် မှတ်တုန်း ကျနော် နဖူးနဲ့ ပျဉ်ပြားသာ ဆောင့်ချင်စိတ် ပေါက်သွားတယ် ပြောပုံက " ဟ ညီလေး မင်းနှယ်ကွာ တစ်ရွာလုံးမှာ ဘုန်းကြီးကျောင်းနဲ့ ငါ့အိမ်ပဲ အိမ်သာရှိတာ ကျန်တဲ့သူတွေက တောတိုး ညပိုင်း ပင်လယ်ကမ်းစပ် ထိုင်လိုက် ပြီးတာပဲ " တဲ့။ အဲဒီ့လိုနဲ့  ညဦးပိုင်းလည်းကျရော သူငယ်ချင်း ၂ ယောက် ပင်လယ်ကမ်းစပ် လမ်းလျှောက်ရင်း မမြင်ဘူးတဲ့ ခရုလေးတွေ လိုက်ကောက် ပင်လယ်ကိုကြည့် အော်လိုက် လှိုင်းခေါ်လိုက် လူငယ်လေးတွေလို လွတ်လွတ်လပ်လပ်ကို ပျော်နေလိုက်တာဗျာ။ ဆေးကုဖို့ တောင်မေ့နေလေရဲ့။ ဒါပေမဲ့ ပညာ့အသိစိတ်က နှိုးကြားနေတယ်နော်။ ရွာခံပညာသည်တွေ အောက်လမ်းတွေနဲ့ စုန်းတွေ မျက်စိ ဒေါက်ထောက်ကြည့်နေတာ သူတို့ စက်တွေ စလွှတ်နေပြီဆိုတာ သိနေတယ်။
ဒါပေမဲ့ အေးဆေးပဲ စားကောင်း အိပ်ကောင်း ဘာမှကိုပြန်မလုပ်သေးဘူး။ ညဘက်အိပ်ခါနီး ဘုရားဝတ်တက် ပုတီးထိုင်ပြီလည်း ဆိုရော အဘွားကြီးတစ်ယောက် အသက် ၈၅ အထက်မှာပဲရှိလောက်မယ် မနောမှာ တန်းပေါ်လာတာပဲ " နင့်တို့ ငါလုပ်ထားသူကို ကုပေးမလို့ လား မကုခင် ငါ့ပညာကို မြည်းကြည့်ဦး " လို့ ပြောပြီးပျောက်သွားတယ် ကျွန်တော် ပုတီးစိတ်ရင်း ရီမိတော့မလို့ ကဲ လုပ်ချင်သလို လုပ်ပါစေလေလို့ လွှတ်ထားပေးလိုက်တယ်။ အမျှဝေ မေတ္တာလည်း ပို့ ပြီးရော ကျွန်တော် စောင့်ထိန်းရတဲ့ သရဏဂုံနဲ့ သစ္စာပြု ရှောင်ကြဉ်ရတဲ့ ကံတွေကို သစ္စာပြန်ပြီး " ကျွန်ုပ်သစ္စာ ကျိုးပေါက်ပျက်စီးပါက မိစ္ဆာအပေါင်းလက်ချက်ဖြင့် သွေးပွက်ပွက်အန်၍ အသေဆိုးဖြင့်သေပါစေ မဟာအဝိစီ ငရဲတွင် ဘုရားအဆူဆူပွင့်သော်ငြား ချွတ်မရသည့် ငရဲသစ်ငုတ်ဖြစ်ပါစေ သစ္စာမပျက်မှန်ကန်ခဲ့သော် ဒီရွာနဲ့ အရပ် ၈ မျက်နှာ ရှိသမျှ ကျေးရွာဇနပုတ်မှာ ရှိသမျှ ကဝေ ၉၉ စုန်းမျိုး မိစ္ဆာအောက်လမ်းဟူသမျှ ချည်ပြီးတုတ်ပြီး ဆိုင်ရာက ချုပ်နှောင်စေ ကျုပ်ခွင့်ပြုချက်မရှိပဲ မည်သူ့ မိစ္ဆာမှမလွတ်စေရ ကမ္မဇိတ္တိပျောက်ကွယ်စေရမည် " လို့ အမိန့် ပြန်သိမ်းဆည်းလိုက်ပါတယ်။ နောက်တစ်နေ့  ပွဲတွေပြင်လှူ လူနာကို ဘုရားဝတ်ပြုခိုင်းပြီး ပြုစားသူကို ခေါ်သွင်းပါတယ်။ ကဲ အခုမှ ပြောချင်တဲ့ အကြောင်းအရာက စမှာဗျာ။ အဲဒီ့လိုမကုခင်မှာ ပွဲတွေပြင်နေတုန်း ကျွန်တော်က တပည့်ဖြစ်သူကို ပြောလိုက်မတယ် " သူငယ်ချင်း ငါကွာ ဇာတ်ကြမ်းမတိုက်ချင်ဘူး တရားပဲဟောမယ်ကွာ ငါ့လူနာကို ဒီပညာသည်ပြန်လှူရင် တော်ပြီကွာ စိတ်မတိုချင်ဘူး အေးအေးဆေးဆေး ကုမယ်ကွာ " ဇော်မင်းက " အေးလေ မင်းသဘောပဲ ပြောမရတော့မှ ဆုံးမတာပေါ့ " အဲဒါပြောလိုက်မိတယ်ဗျာ။ အဲဒီ့တော့ကာ ကြာသပတေးသမီးမှာ ထိုင်ထားတဲ့ စက်ပိုင်ရှင် အခုချက်ခြင်း ရောက်စေ ဆိုင်ရာက ချည်ပြီးတုတ်ပြီး ပို့ ပေးစေ မကြာစေနဲ့ ကြာသပတေးသမီးရဲ့စိတ်ပျောက်ပြီး စက်ပိုင်ရှင် တစ်ကိုယ်လုံးခြုံစီးထားစေ ပုန်းခြင်းကွယ်ခြင်း ရှောင်ပုန်းခြင်း မရှိစေရ " အမိန့် ပေးခေါ်တော့ ချက်ခြင်း ရောက်လာပါတယ်။ အဲဒီ့မှာ ကျနော် တရားစဟောတော့တာပဲ။ " ဒီလို အတတ်ပညာနဲ့ သူတစ်ပါးကို နှိပ်စက်တာ အခုဘဝလည်းမကောင်းသလို နောင်ဘဝလည်း မကောင်းပါဘူး သံသရာမှာ ကျင်လည်နေသမျှ ကာလပတ်လုံး ဒုက္ခဆင်းရဲတွေ့ ရမှာ ဒါ့ကြောင့် ဒီအလုပ်တွေ ရပ်တန်းက ရပ်ပေးပါ နောက်နောက် မလုပ်ပါနဲ့ တော့ မေတ္တာရပ်ခံပါတယ်။

Credit=ကိုသတိုး

(pageမဆံ့ပါသဖြင့်ဆက်တင်ပေးပါမည်)

No comments:

Post a Comment