ဖစ်ရပ်မှန်
ကျွန်ုပ်ကားစပယ်ယာ လိုက်ခဲ့စဉ်က တွေ့ကြုံ
ခဲ့ရသော အဖြစ်ပျက်လေးပါ တောင်ကြီးတန်
ဆောင်တိုင်ပွဲ စစချင်း မှာပွဲလည်ဖို့ အားခဲထား
ကြတာ တောင်ကြီးသား/သူ တို့ ရဲ့စိတ်ဓါတ်ပါ
တန်ဆောင်တိုင် မီးပုံပျံပွဲစစချင်း ရက်မှာ ကျွန်ုပ်
ကို သယ်ရင်းအစ်ကို(ကျွန်ုပ် ထက် အသက်ကြီး
ပြီး သယ်ရင်း ပေါင်း ပေါင်းသောအစ်ကို)က
''ပေတလူး ငါ့မှာစပယ်ယာ မရှိလို့ တစ်ခေါက်
လောက် ငါ့ကားနဲ့လိုက်ပေးပါလားကွာ'''
ပွဲစည မျှော်လင့်ရတဲ့ပွဲ တစ်နှစ်မှ တစ်ခေါက်
ပျော်ရတဲ့ပွဲမို့  ကျွန်ုပ်မလိုက်ချင်ပါ သယ်ရင်းအစ်
ကိုက အတင်းခခယယ ခေါ်နေသောကြောင့်မ
လိုက်ချင်သောလည်း အားနာကြီးတတ်တဲ့ အ
ကျွန်ုပ်ရဲ့ စိတ်ကိုမလွန်ဆန်နိုင်တော့ မျှော်လင့်
ရသော ပွဲတော်ကြီးကို နှမျော တစ်သသနှင့်
(ကုန်တင်) ဆယ်ဘီးကား ရဲ့စပယ်ယာ အဖြစ်
နှင့် တာချီလိတ်သို့ ဒန် ဒန့်  ဒန်းးးးးးးး
(ကုန်တင်)ကားကြီးနှင့်ခရီးဝေး စပယ်ယာ အ
ဖြစ် နဲ့လိုက်တာ ဒါပထမဦးဆုံးပါ တောင်ကြီးမှ
စထွက်လာခဲ့တာ ဟိုပုံ ပြီးတော့မိုင်းပွန်အထိ
ရောက်ပြီးလွယ်လင်တောင်ကို စတက်ပါတယ်
ကားပေါ် တင်ထားတဲ့ကုန်နှင့်ကားနဲ့မမျှပါ (ဥပ
မာ ပြောရလျှင် ဆယ်နှစ်သား ကလေးကို ဆန်
အိပ်ကြီးတစ်အိပ်ကို နင်းပိတ်ကန် ထမ်းစေခိုင်း
တာနှင့်ပင် တူပါသည် ကားမှာတစ်အိအိ နှင့်
ငယ်သံပါ အော်ပြီးတော့ လွယ်လင်တောင်ကြီး
ပေါ် ကိုမတက်ချင်သလိုလို တက်ချင်သလိုလို
နှင့် ဒရိုင်ဘာကလည်း မတက်ရင်ဖိဖိနင်း ဖိဖိ
ထိုးနေပါသဖြင့် (လီဘာ နှင့် ဂီယာ ကိုပြော
တာပါ) သူခမျာ ငယ်သံပါအော်ပြီး ဖင်မှအငွေ့
တစ်လူလူနှင့် အိပဲ့အိပဲ့နဲ့တက်ပေးနေရပါသည်
ဒီလို ရင်တစ်မမ ရင်တစ်ထိပ်ထိပ် နှင့် ဘုရား
စာမှန်သမျှ ကုန်လုအောင် ရွတ်ပြီး တစ်တောင်
တက် တစ်တောင်ဆင်းနှင့်သေတွင်းနုတ်ခမ်းကို
နင်းပြီး မိသားစုဝမ်းရေး အတွက် ရုမ်းကန်ရှာ
နေရတဲ့ ကားသမားတွေရဲ့ဘဝပါ တစ်မြို့ပြီး
တစ်မြို့ တစ်ရွာပြီးတစ်ရွာ ဖြတ်ကျော်ခဲ့ရင်းနဲ့
ကိုးကွေ့တောင်တက် ဆင်းပြီးတာနဲ့ ကျွန်ုပ်
စပယ်ယာ မာရသွန်ပြေးပွဲကိုစတင်ပါတော့
တယ် လမ်းကဆိုးဆိုး ချိုင့် တွေကများများနဲ့
ကားရှေ့ကနေပြေး လမ်ပေါ်ကတွေ့သမျှမြင်
သမျှ ကျောက်ခဲတွေကျောက်တုံးတွေကောက်
ဖယ် ရေအိုင်တွေ့ရင် ပြေးဝင် နဲ့ဖတ်ဖတ်ကိုမော
အဲ့တာတွေလုပ်ရတာ ကားအုံနာကြောင့်ပေါ့ဗျာ
ကုန်ကိုနင်းပိတ်တင်ခိုင်းပြီး ပူစီဘောင်း သာ
သာရှိတဲ့ကားဘီး ကိုမလဲပေးပဲ မောင်းခိုင်းတာ
ဗျ ရေချိုးပြီးရင် ကားဘီးနားမှာ ရေစိုဆံပင်ကို
မခါရဲဘူး ဆံပင်မွေးစူးပြီး ကားဘီးပေါက်သွား
မှာတောင် ကြောက်ရတယ် အဟိ့ တာကော်
တံတားထိပြေးရတာဗျ အဲ့ကိုရောက်မှ ကျွန်ုပ်
တို့ စပယ်ယာ ကားပြန်စီးရတယ် တောင်တက်
တဲ့အချိန်မှာ ကားမတက်နိုင်သလိုလို တက်နိုင်
သလိုလို ဖြစ်နေရင် ကျွန်ုပ်ကားပေါ်ကဆင်းပြီး
ဂျမ်းတုံး ထမ်းပြီး တောင်တက်နေတဲ့ ကားရဲ့
နောက်ကို လိုက်ပြီးပြေးရသဗျ ကားမတက်နိုင်
လို့ ရပ်သွားရင် ဂျမ်းတုံးခု ကားစက်သံကိုနား
ထောင်ရင်း ဂျမ်းတုံးကိုထမ်းပြီး ကားနောက်
ကိုပြေးလိုက်ရတဲ့အမောက သေလုမတတ်ပဲ
ထမ်းရတဲ့ဂျမ်းတုံးက လူကိုရိုက်ရင်မသေနိုင်ဘူး
ဗျ ဘာဖြစ်လို့ လဲဆိုတော့ နည်းတဲ့အလေးမှ မ
ဟုတ်တာဗျာ လူကိုဘယ်လိုလို့  လွဲပြီးရိုက်နိုင်
မလဲ လွဲရိုက်တဲ့လူပဲ ဂျမ်းတုံးပြန်ပိပြီးသေမှာ
ဒီလိုနဲ့ဆက်သွားရင်း ဘီးပေါက်လို့ ဘီးလှဲလိုက်
ပြန်ပေါက်လိုက် ကားဘီးကိုပြန်ဖာ လေဖြည့်နဲ့
ကို တောင်ကြီးမှာကားလေထိုး ကျွတ်ဖာဆိုင်
မှာလုပ်ရင်တောင် စပယ်ယာခေါက်ကြေးထက်
ပိုပြီး ဒရိုင်ဘာခေါက်ကြေးသာသာလောက် ရ
နိုင်တယ်ဗျ လိုက်တဲ့ကားက ဆယ်ဘီး ပေါက်
လိုက်တဲ့ဘီးက အခေါက်နှစ်ဆယ်ကျော် ဆို
တော့ သေရေားးးးးးးးး အဲဂလိုနဲ့ ''စပယ်ရှယ်''
တောင် ကိုရောက်တော့ မြင့်လိုက်တဲ့တောင်ဗျာ
နာမည်ကိုက စပယ်ရှယ် တောင်တဲ့ အမငေးးးး
ကားနဲ့အတက်ကြီးကြီးကို ၂း၀၀နာရီလောက်ရှိ
သဗျ ညဖက်တက်ရတာ ဘယ်လောက် မြင့်သ
လဲဆို ကြယ်တွေကို လက်နဲ့ လှမ်းကိုင်လို့ ရ
တော့မဲ့ အတိုင်းပဲဗျ မပြောကောင်း မနိုင်း
ကောင်းဗျာ ကန်တော့ပါရဲ့ ကားသာပြု တ်ကျ
လို့ ကတော့ လေပေါ်မှာတင် ကုလားသီချင်း
နဲ့ကလို့ ပြီးတာတောင် အောက်ကို ရောက်အုံး
မယ်မထင်ဘူး ဘယ်လောက်မြင့်သလဲဆိုတာ
ခင်ဗျားတို့ သာ စဉ်းစားကြည့်ပါတော့////////
ဆိုးလိုက်တဲ့ လမ်း
နှစ်လိုက်တဲ့ ကား
တူးလိုက်ရတဲ့ ဗွက်
ခေါက်ကြေးကနည်း
ဒရိုင်ဘာက ဆဲ
အုံနာလဲ ယီးလိုပဲ
ဂလိုနဲ့ တာချီလိတ်ကိုရောက်တော့ သယ်ရင်း
အစ်ကို ဆိုတဲ့လူက စပယ်ယာမရှိလို့  ခေါ်တဲ့
အချိန်က မျက်နှာသငယ်နဲ့ ခရီးဝေးပြီးဝေးလာ
တော့ ကျွန်ုပ်ကို ဆဲလိုက်တဲ့ အဆဲဗျာ မွန်ထူနေ
တာပဲဟ အဲတာကြောင့် ကားနောက်တံခါး
ိပိတ်မှာ ဒီကဗျာလေးကို မြေဖြူ ခဲနဲ့ ရေးလိုက်
တာ ကားအုံနာဖတ်မိတော့ သဘောကျလို့ တဲ့
ဗျာ ပိုက်ဆံတစ်ပြားမှ မပေးပဲ အလုပ်ဖြုတ်ပစ်
လိုက်တာ နားကိုအေးရော အဟိ
ပြန်ချင်လည်း ပိုက်ဆံကမရှိ လေနေတဲ့ အချိန်
မှာအတူတူကားလိုက်တဲ့ သယ်ရင်းတစ်ယောက်
က ကျွန်ုပ်ကို ဘတ်ငွေတစ်ရာလာပေးတယ် ဗျ
(ယိုးဒယား ဘတ်ငွေ ကိုပြောတာနော်) ဘတ်တစ်ရာ ဆိုမြန်မာငွေ သုံးထောင်းရှိပါ
တယ် ကျွန်တော်စိတ်ညစ်ညစ်နဲ့ အရက်သွား
သောက်ပြစ်တာ အရက်သောက်တဲ့ဆိုင်က
မြန်မာဆိုင်ပါ တာချီလိတ် ရောက်ကတည်းက
အဲ့ဆိုင်မှာပဲ သောက်လာတော့ ဆိုင်ရှင်အပျို
ကြီးမမနဲ့ ခင်သွားပါတယ် အဲတာနဲ့ကျွန်ုပ်က
အရက်သောက်နေ ရင်းကျွန်ုပ်ကိုဘတ်တစ်ရာ
ကူညီတဲ့သယ်ရင်းနဲ့ ဖြစ်ခဲ့တဲ့ အကြောင်းကိုရင်
ဖွင့်နေတာကို ဆိုင်ရှင်အပျိုကြီးမမကသိသွား
တော့ ''ဟဲ့ ကောင်လေး မင်းက အလုပ်ပြုတ်
တော့ ဘယ်လို လုပ်မလဲ ပိုက်ဆံလဲမရှိတော့
တောင်ကြီးကိုဘယ်လိုပြန်မလဲ ''
''တောင်ကြီးကို မပြန်နိုင်မှန်းသိပါတယ်
တာပေမဲ့ ကျွန်ုပ် ကျိုင်းတုံ အထိရောက်ရင်
တောင်ကြီးကိုပြန်ဖို့  ကျွန်ုပ်အတွက်မခဲရင်း
တော့ဘူးဗျ''
''အဲ့ဆို ကျိုင်းတုံ သွားပေါ့ဟယ်''
''ဟ ကျွန်ုပ်သွားဖို့ ကားခမလောက်သေးလို့ 
ပေါ့ဗျ''' ''မင်းကျိုင်းတုံ သွားဖို့  ပိုက်ဆံ
ဘယ်လောက်လို သလဲကောင်းလေး''
'' ကျွန်ုပ်မှာဘတ်တစ်ရာ ပဲရှိတယ် ကျိုင်းတုံ ကို
ကားခက ၄၅၀၀ ကျပ်ဆိုတော့မလောက်ဘူးဗျ''
အဲ့တာနဲ့ ကျွန်ုပ်ကို အပျိုကြီးမမက လိုတဲ့ငွေကို
ပါ စိုက်ထုတ်ပေးတဲ့အပြင် လမ်းမှာစားသောက်
ဖို့ ကိုပါ စိုက်ထုတ်ပေးသဖြင့် ကျိုင်းတုံ ကို အ
ကျွန်ုပ်ရောက်သွားလေတကာ့ 
ကျိုင်းတုံ ကိုရောက်တော့ ကျွန်ုပ်ကားပြင်သည့်
ဝပ့်ရှော့ကိုရှာပြီး ကျွန်ုပ်ရဲ့ ဖြစ်ကြောင်းကုန်စင်
အမှန်အတိုင်းပဲ ပြောပြီးအလုပ်တောင်းခဲ့ရာအ
လုပ် ရခဲ့သည် အဲဒီအချိန်မှာ ကျိုင်းတုံမြို့ ရှမ်း
နှစ်သစ်ကူးပွဲတော်ကြီးနှင့်ပါ ကြုံခဲ့၍် လည်ပတ်
ခဲ့ရပါသေးသည် အတော်စည်ကားသောပွဲကြီး
ပါ တန်ဆောင်တိုင်ပွဲနှင့်သိပ်မကွာပါ အဲဂလို
နှင့်တစ်ရက်တွင် စပယ်ရှယ်တောင် အဆင်း၌
ကားတစ်စီး ဘရိတ်ပေါက်ပြီး ထိုးဆင်း သွား
သောကားတစ်စင်းကို ပြင်ရန်ဝပ့်ရှော့က ကျွမ်း
ကျင်သောပြင်ဆရာနှစ်ယောက်နှင့်ကျွန်ုပ်ကိုစေ
လွတ်ခဲ့ပါသည် တော်တော်ကိုကံကောင်းတဲ့
ကားသမား ဒီလောက်အဆင်းကြီးမှာ ကား
ဘရိတ်ပေါက်တော့ စပယ်ယာက ကားပေါ်မှ
ခုန်ဆင်းပြီး ဂျမ်းတုံးပြေးလိုက်ခုပေးပုံရပါသည်
ဘာလို့ သိလဲဆိုတော့ စပယ်ယာဘက်ခြမ်းက
ကားဘီးအကုန် ကွဲသွားလို့ပဲ ကိုရွှေဒရိုင်ဘာ
ကံကောင်းသွားတာပေါ့ ကားဘီးကွဲတဲ့ဘက်
ကို စီယာတိုင်ပါသွားတော့ အဆင်းတောင်ကပျံ
ဘက်ကို ပွတ်တိုက်ဆင်းပြီးရပ်သွားလို့  နို့ မို့ 
ဆိုရင် ဒရိုင်ဘာကြီး ကုလားသီချင်းဆိုနေရပြီ
ကားအင်ဂျင်ကိုဖွင့်ကြည့်တော့ အတော်ကိုပျက်
နေသည် (ဘားတံ ဗစ့်စတင် ဘယ်ရိမ် တို့ ဘာ
တို့ ရှင်းပြနေလဲ မသိသောစာဖတ်ပရိတ်သတ် အတွက်ပေရှည်နေလိမ့်မည်) ပျက်တဲ့ကားက
ဆယ့်နှစ်ဘီးကား ပျက်တဲ့နေရာက အရှေ့လမ်း
ကိုသွားဖူးသောကားသမားတိုင်းအကုန် သိပါ
သည် စပယ်ရှယ်တောင်အဆင်း လက်ပံကွေ့
သရဲအလွန်ခြောက်ပါသည် အလွန်ကြမ်းတဲ့နေ
ရာဖြစ်ပါတယ် အဲနေရာနှင့်ကနေဆင်းသွားရင်
သိပ်မဝေးပါ လားဟူရွာရှိပါသည် အဲ့ဂလိုနှင့်
အင်ဂျင်ဖွင့်ပြီးပြင်ရမှာဆိုတော့ ငါးရက်လောက်
ပြင်ရမည် ကားးမှာနေ ကားမှာအိပ် ပြီး ထမင်း
စားရင်တော့ လားဟူရွာမှာဆင်းပြီးစားရပါ=
တယ် အဲဂလိုနဲ့ ညဘက်ကိုရောက်ရင် ကျွန်ုပ်
ဒုက္ခစတွေ့တော့တာပါပဲ ကားရှေ့ခေါင်းခန်း
မှာ အိပ်ရင်နှစ်ယောက်ပဲအိပ်လို့ တော့ ဆရာ
သမားနှစ်ယောက်က အကြောက်ကြီးတယ်ဆို
ပြီး နှစ်ယောက်သားအဲ့မှာအိပ်တော့ ကျွန်ုပ်က
နောက်မှရောက်တဲ့လူလေ သရဲစွဲစွဲ ကျားစွဲစွဲဆို
တဲ့ပုံစံနဲ့ပြစ်ထား ကိုယ်ခြင်းစားစိတ်မရှိတဲ့သူ
တွေ ဂလိုနဲ့ ကျွန်ုပ်မှာ ညမိုးချုပ်တော့မည် ဆိုရင် မီးမွေးဖို့  ထင်းရှာရပါတယ် တစ်ညလုံး
အတွက်အလင်းရှိဖို့  လုံလောက်အောင်ရှာထား
ရပါတယ် တောကောင်ပေါတယ်ဆိုတော့ မိုးအ
လင်းမီးမွေးမှ တောကောင်တွေမလာရဲမှာလေ
ပြီးတော့အဆင်းကားတွေ မြင်အောင်M150
အချိုရည်ပုလင်း ဆယ်လုံးလောက်ကို ဒီဇယ်ကို
ထည့် မီးစာအတွက် လွယ်အိပ်ပါတော့ ချည်စ
ကိုယူပြီး ဒီဇယ်မီးခွက်လုပ် ကားပတ်ပတ်လည်
မှာထွန်းပေးထားမှ အဆင်းကားတွေအတွက် အန္တရာယ်ကင်းမည် ညညဆိုရင်ကျွန်ုပ်မှာ မီးမ
ပျက်အောင် မီးပုံထဲကို ထင်ကြီးကြီးကိုထည့်
ပြီးမှအိပ်ရဲသည် အဲ့မှာတောကောင်ကြီးတွေ
ပေါ မပေါတော့မသိဘူး ဘယ်ရွာသားမဆို လမ်းသွားရင် တူမီးသေနတ်မပါတဲ့လူမရှိသ
လောက်ပဲဗျ အဲဆိုသဘောပေါက် ကားရှေ့မှာ
ျဖျာခင်းပြီအိပ်ရတဲ့ ကျွန်ုပ် ကြောက်နေပေမဲ့ အရဲစွန့် ပြီးအိပ်ရပါတယ်စစတစ်ညအိပ်တော့
ဘာမှမဖြစ်ပါ မနက်ရောက်တော့ ရွာမှာထမင်း
ဆင်းစားတဲ့အခါမှာတော့ လာဟူသူကြီးကလာလာပြီး ကျွန်ုပ်ကိုမေးတယ်
"ဟဲ့ ကောင်လေး ညညအိပ်ရတာအဆင်ပြေ
လား တစ်ခုခုလိုရင်ပြောနော် အားမနာနဲ့'' အဲ
ဂလိုမေးတော့ ''ပြေပါတယ်''လိုပဲဖြေရတာပေါ့
ဗျာ နှစ်ရက်မြောက်လည်းအဲဒီစကားပဲလာလာ
မေးတယ် ကျွန်ပ်မသိသေးပါ တတိယံပိ ညမှာ
တော့ဇတ်လမ်းစတော့တာပဲ ခါတိုင်းညလိုပဲ
ကားရှေ့မြေကြီးပေါ် မီးဖိုဘေးမှာအိပ်တဲ့အချိန်
တိုင်း တစ်အားအေးတော့ ကျွန်ုပ်က စောင်ကို
ခေါင်းမြီးချုံပြီးအိပ်တာဗျ ညညဆို ကျွန်ုပ်အိပ်
ယာဘေးရှိ ကားလမ်းပေါ်မှာလမ်းလျှောက်ပြီး
စကားပြောသံကို ညလုံးပေါက်နီးနီးကြားရပါ
တယ် ကျွန်ုပ်က မုဆိုးတွေတောကောင်ပစ်ဖို့ 
ဖြတ်ဖြတ် သွားတာပဲထင်နေတာဗျ သရဲ
ခြောက်နေမှန်းကို မထင်တာဗျ ကျွန်ုပ်ကလဲ
စောင်ကိုခေါင်းမြီးချုံပြီးအိပ်တော့ ဘယ်သိပါ့
မလဲနော်လေ သုံးရက်မြောက်နေ့  ညတော့
သရဲတွေက သူတို့ ဒီလောက်ခြောက်နေတာ
ကို မသိပဲ ဂရုမစိုက်တဲ့ကျွန်ုပ်ကို စိတ်မရှည်တော့
လို့ လားမသိပါ ကျွန်ုပ်ခေါင်းမြီးချုံထားတဲ့
စောင်ကို လာပြီးစွဲပြေးတာဗျား ကျွန်ုပ်လဲအိပ်
အိပ်ချင်မူးတူးနဲ့ ဘယ်သိမလဲဗျ ယောင်ယမ်းပြီး
ပြန်လိုက်ဆွဲလုမိတာပေါ့ အဟိ သရဲပဲကျွန်ုပ်ကို
ပြန်ကြောက်ပြီးစောင်ကိုပြန်လွတ်ပေးတာလားတော့ မသိဘူး စောင်ပြန်ရမှ ကျွန်ုပ်လဲ
သတိပြန်ဝင်လာပြီး စောင်ကိုဆွဲလုတဲ့လူကိုရှာ
ကြည့်တော့ မတွေ့ဘူး ကြက်သီးတွေတစ်ဖြန်း
ဖြန်းထသွားတော့ ဘယ်ရလိမ့်မတုန်း ကျွန်ုပ်
ကားခေါင်းရှေ့ခန်းပေါ်ကိုဘယ်လို့ ဘယ်လို
လုပ်ပြီးရောက်မှန်းမသိတော့ပါ ကားရှေ့ခေါင်း
ခန်းပေါ်ကိုရောက်နေတာတောင် မသိတဲ့ဆရာ
သမားတွေ အိပ်နေလိုက်တာဗျား ဟောက်တောင်နေသေး လည်မြို ကိုပစ်ပစ်ပြီး
နင်းပလိုက်ချင်တာ ခွီးးးးးးးးမနည်းကိုစိတ်ထိန်း
နေရတာ မိုးလင်းတော့ဘယ်ရလိမ့်မတုန်း နာကွ ဆိုပြီးအိပ်နေတဲ့နှစ်ယောက်ကိုတောင်
မနိုးဘူး နာ့ကိုခြောက်တဲ့ သရဲ တွေ့မယ် ဆိုပြီး ရွာကိုဆင်းပြီးတော့ ရွာသူကြီးကိုတိုင်
ပြောပလိုက်တာပေါ့ အဟိ ရွာသူကြီးမျက်နှာ
ကိုကြည့်တော့ ကျွန်ုပ်ကိုကြည့်ပြီး ရယ်ချင်နေ
တဲ့ပုံဗျ စပ်ဖြီးဖြီးနဲ့ ဒီကဖြစ်သူကို အားကိုးသ
ကြီးနဲ့တိုင်လိုက်ရတာ မတာရီးကသောက်ခွက်
လာပြောင်နေတယ် အဟိ အဲ့တာနဲ့ သူကပြောတယ် ''အဲတာကြောင့် မင်းမနက်ထမင်း ဆင်းစားတဲ့အခါ ငါမေးမေးနေတာပေါ့ မင်းပဲအဆင်ပြေတယ်
ဆိုလို့ '' ဒေါင်းချားကီး ကသရဲခြောက်မှန်း ကြမ်းမှန်းမပြောဘူး နကိုကတည်းကပြောရင်
နာဘယ်အိပ်လိမ့်မတုန်းနော် အထုမှယာပြီး
ပြောတယ် အဲဂလို့ နဲ့ညမိုးချုပ်ရင် ကျွန်ုပ်ရွာထဲ
ကိုဆင်းဆင်းပြီးသူကြီးအိမ်မှာပဲအိပ်တော့
တယ် အဲတာမှသိ တာဗျ သူကြီးသမီးအရမ်း
ချောသဟ လားဟူမလေး
(ညောင်းသဟ ဇတ်သိမ်းတော့မယ်)
ကားပြင်ပြီး ကားကောင်း အဲ့ကားနဲ့ ပဲတောင်ကြီးကိုပြန်ရောက်ပါသည် နောက်
နောင်ကားလိုက်ဖို့ လာခေါ်ရင် နိုးးးးးးးးးးးးးးးးးပဲ
စာဖတ်ပရိတ်သတ်များအားလေးစားစွာဖြင့်
Pee Ta Lu
No comments:
Post a Comment