Tuesday, October 20, 2015

ကျက်​ကုန်း

ကျတ်ကုန်း

အချိန်က ည သန်ခေါင်ယံအချိန်းးး

ကိုလှဝေတစ်ယောက် လယ်တောထဲ လယ်ရေသွင်
ရန်အတွက်ပေါက်တူးတလက်ကို ပခုံးပေါ်ထမ်းပြီ
လက်ထဲမှာလည် ဓါတ်မီးတလက် တုတ်တချောင်း
ကိုကိုင်ပြီးရွာအနောက်ဘက် လယ်ကွင်းရှိရာ လှမ်းလာခဲ့လိုက်တယ်။ရွာကထွက်လို့ ရွာအပြင်
ရောက်ပြီးဆိုတာနဲ့  တိုက်ခတ်နေတဲ့ လေရဲ့ ဒဏ်
ကြောင့် ချမ်းကလည် ချမ်းပေါ့။ရွာအပြင်ထွက်
လိုက်တာနဲ့ လယ်ကွင်းတွေက အသင့်ဆီကြိုနေ
ပြီး လယ်ကန်သင်းရိုးပေါ်အတိုင် လျောက်လာခဲ့
လိုက်တယ်။အဲလို လျောက်လာနေချိန်မှာပဲရှေ့တည့်
တည့်ကနေ လယ်ကန်းသင်းရိုးပေါ်မှာအော်မြည်း
နေတဲ့ ဖားအော်သံကြောင့် ခြေတံကို ဖွဖွလျောက်
ပြီး ဖားကြီးနားရောက်တော့ လေးတောင့်ဓါတ်မီး
နဲ့ ဖားကို စိုက်ထိုးထားပြီးလက်ထဲက အသင့်ပါ
လာတဲ့တုတ်နဲ့  ရိုက်ချလိုက်ရင်ဆိုရင်ပဲ ကားခနဲ နဲ့
၃၀ကျပ်သားလောက်ရှိတဲ့ဖားကြီးလည် အသက်
ဇိဝိန်ချွေတာပါလေရော။
ဖားသေကြီးကို ကုန်းပြီးကောက်ယူ
မယ်အလုပ်မှာ နောက်ကနေ မှောမှောင်မဲမဲထဲက
နေ ဖင်ခေါင်း( တင်ပါး)ကို စောင့်တွန်းလိုက်သလို
ခံစားလိုက်ရတာကြောင့် ခေါင်းက လယ်ကန်သင်း
ပေါ်ကရွံဗွက်ထဲ ငိုက်စိုက်ကျပြီး ရွံတွေနဲ့ ပေကျံ
ကုန်ပါလေရော။ မျက်လုံးထဲလည် ရွံတွေဝင်ကုန်
တာကြောင့် ဘာမှလည်မျက်လုံးက မမြင်ရတော့
ပေ။မမြင်မစမ်းနဲ့ လယ်ကန်သင်းပေါ်ကနေ ရေရှိ
တဲ့ လယ်တောထဲဆင်းလိုက်ပြီး မျက်နှာမှာပေကျံ
နေတဲ့ ရွံတွေကိုဆေးကြောလိုက်တယ်။ မျက်လုံး
ထဲမှာဝင်နေတဲ့ ရွံတွေကိုလည် ရေနဲ့ သေချာဆေး
ကြောလိုက်တော့ ခဏအကြာမှာပဲ မျက်လုံးပြန်
မြင်လာရတယ်။ 
ဒီတော့မှ လက်နှိပ်ဓါတ်မီးနဲ့  အနီး
ပတ်ဝန်ကျင်ကို ဘယ်သူရှိလည် သူ့ တင်ပါးကို ဘယ်သူ စောင့်တွန်းတာပါလိမ့်ဆိုပြီး သိချင်တဲ့
စိတ်ကြောင့် လိုက်ရှာပေးမဲ့  အနီးအနားမှာ ဘာ
တခုမှ မတွေ့ ရတော့ပေ။ စောစောက ရိုက်လိုက်
တဲ့ ဖားကြီးကို ကြည့်လိုက်တော့လည် ဖားကြီးက
ခန္ခာကိုယ်တခုလုံးမရှိတော့ပဲ ဖားခေါင်းပြတ်ကြီး
ပဲ ကျံနေတာတွေ့ တော့မှ သူသိလိုက်ပြီ။ဒါ သူရဲ 
တစ္စေနှောင့်ယှက်တာပဲဆိုပြီး သူသိလိုက်ရတယ်။
ဘယ်ရမလဲ။နဂိုကတည်းကမှ သူရဲ တစ္စေဆို လုံးဝ
မကြောက်တဲ့ လှဝေ။ ငါလိုးမ သူရဲ တွေ ကြသေးတာပေါ့ကွာဆိုပြီး ပုဆိုးကို ကန်တောင်
မြှောင်မြှောင်ကြိုက်ပြီး ဘေးဝဲရာကို စိန်းခေါ်နေလိုက်တယ်။ ငါလိုးမ သူရဲးငါ့ကို နောက်ကနေ
မသိအောင် ဖင်ကို စောင့်ကန်တယ်းးးသတ္တိရှိ ထွက်ခဲ့စမ်းဆိုပြီး အရက်ကလည်မူးနေ နဂိုကတည်းကလည် သူရဲ ဆ်ု မကြောက်တတ်တဲ့ 
သူမို့  သူစိန်းခေါ်နေလိုက်တယ်။
သူက မူးမူးနဲ့ စိန်ခေါ်နေပေးမဲ့  ပတ်ဝန်ကျင်တခုလုံးက မှောင်မဲ တိတ်ဆိတ်နေပြီ
ပုဇဉ်ရင်ကွဲ အော်သံနဲ့  ဖားအော်သံတွေကလွဲပြီး
ဘာအသံမှ မကြားရချေ။ တချက် တချက် ကျတ်ကုန်းမြေ အနီးနားက အော်ငြီးနေတဲ့ ခွေး
လေ ခွေးလွံင့်အသံတွေကလွဲပြီးဘာအသံမှ မကြား
ရချေ။ကိုလှဝေတစ်ယောက် မိမိစိုက်ပျိုးထားတဲ့ 
လယ်ကွင်းထဲသွားပြီး လယ်ရေသွင်းဖို့ ထွက်လာ
ခဲ့ပေးမဲ့  လမ်းမှာ ဖားရိုက်ရင်းနဲ့  အမှတ်မထင်ခံ
လိုက်ရလို့  သူ ဒေါသတွေထွက်နေခဲ့တယ်။ ဒီတော့သူ သွားမဲ့ လယ်ကွင်းထဲကို မသွားတော့ပဲ
လယ်ကွင်းနဲ့ ခပ်လှမ်းလှမ်းဆီမှာရှိတဲ့ ကျတ်ကုန်း
မြေဘက်လျောက်လာခဲ့တယ်။
ကျတ်ကုန်းဆိုတဲ့အတိုင်း
ကုန်းမြေမြင်မြင့်လေးအပေါ်မှာ သစ်ပင်တွေက
အစီအရီပေါက်နေကြပြီး နွယ် မြက် သစ်ပင်တွေ
နဲ့  ဖုံးအုပ်နေတယ်။ ဒီကြတ်ကုန်းမြေပေါ်မှာပဲ 
ပျက်စီးယိုးယွင်နေတဲ့  အုတ်ဂူတစ်လုံးလည်ရှိပြီး
အဲဒီအုတ်ဂူကလည် နှစ်တွေကြာညောင်းခဲ့တော့ 
အလောင်းသွင်းပြီးပြန်ပိတ်ထားတဲ့နေရာက အခု
ဆို ပွင့်လျှက်ကြီးနဲ့ ပေါ့။ကိုလှဝေတစ်ယောက်မူးမူး
နဲ့ ကျတ်ကုန်းမြေပေါ်မှာ ရှိတဲ့သစ်ပင်တွေအနား
သွားပြီး လက်ထဲမှာ ပါလာတဲ့ ပေါက်တူးနဲ့  သစ်
ပင်တွေ တစ်ပင်ပြီးတစ်ပင် လိုက်ပေါက်ရင်းနဲ့  စိန်းခေါ်စကားဆိုနေခဲ့တယ်။
စောစောက ငါ့ဖင်ကို စောင့်တွန်း
တဲ့ သူရဲ ထွက်ခဲ့စမ်း။ မင်းကို ငါမကြောက်လို့  ဒီ
အထိလိုက်လာတာကွ။ လှဝေတဲ့ တဝေထဲရှိတယ်
သတ္တိရှိရင်ထွက်ခဲ့စမ်းဆိုပြီး စိန်ခေါ်လိုက်တယ်။
ပတ်ဝန်ကျင်တခုလုံးလည် မှောင်းမဲ တိတ်ဆိတ်နေသလို သူကစိတ်ထဲရှိရာ သစ်ပင်
တွေကို ပေါက်တူးနဲ့ လိုက်ပေါက်နေတာကြောင့်
သစ်ပင်ပေါ်မှာအိပ်တန်းဝင်နေကြတဲ့ ညည့်ငှက်
တွေလည် တဖြတ်ဖြတ်နဲ့ လန့် ဖြတ်ပြီးပြေးပါ
လေရော။ခဏကြာတော့ လှဝေတစ်ယောက် မော
လာသလို ချမ်းကလည် ချမ်းလာတာကြောင့် စော
စောက အုတ်ဂူပျက်ကြီးထဲ မရ ရအောင်တိုးဝင်
ပြီးအိပ်နေလိုက်တယ်။
အုတ်ဂူထဲမှာလည် လူအရိုး
ကလွဲပြီးကျံတာဘာတခုမှ မရှိပဲ ရှင်းလင်းပြီးလေ
လုံလို့ နွေးနေတာကြောင့် အိပ်ကောင်းကောင်နဲ့ 
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။မူးကလည်
မူးနေတော့ ဘာဆိုဘာမှ မသိတော့ပဲ အုတ်ဂူထဲမှာ
အိပ်ပျော်သွားခဲ့တယ်။ ဒီလိုနဲ့  မနက်၎ချက်တီး
တော့ သူ တရေးနိုးလာခဲ့ပြီးအမူးလည်ပြေ အပေါ့
ကလည် သွားချင်လာတာကြောင့် မျက်လုံးဖွင့်
ကြည့်လိုက်တော့ သူ့ ဘေးမှာ ဆံပင်ဖားလျားချပြီး
မျက်နှာတခုလုံး ဖြူဖွေးနေတဲ့ မိန်းမနှစ်ယောက်
ကြောင့် သူ အံသြထိတ်လန့် ခဲ့ပြီး တွန်းထုတ်ပေး
မဲ့ အနားက ခွါထုတ်လို့ မရပေ။အုတ်ဂူထဲမှာမို့ 
ထထိုင်လို့ ကလည်မရပေါ့။ဝင်အိပ်တုန်းကတော့
မူးမူးနဲံ့မို့  ဘယ်လို ဝင်သွားမှန်းမသိလိုက်ရပေး
မဲ့  အခု ပြန်ထွက်မယ်လုပ်တော့ အလွယ်တကူ
လည် ထွက်လို့ က မရဖြစ်နေတယ်။
ကိုလှဝေ တစ်ချက်ပြုံးလိုက်တယ်။ဟုတ်ပြီး ငါ့အတွက် ကံကောင်းတာ
က အခုငါ့အနားမှာရှိနေတာက သူရဲ မတွေ ဖြစ်
နေတယ်။ ဒါငါ့အတွက် ကံကောင်းတာပဲ ဆိုပြီး
ခါးမှာဝတ်ထားတဲ့ ပုဆိုးကိုလှမ်းလိုက်ပြီး ပက်
လက်အနေအထားနဲ့ ပဲ သေးပန်းထုတ်လိုက်မှ
စောစောက သူရဲမနှစ်ကောင်းလည် ပျောက်ချင်
မလှပျောက်သွားခဲ့တယ်။ ဒီတော့မှ ပုဆိုးကို အမြန်
ပြန်ဝတ်လိုက်ပြီး ပက်လက်အနေအထားနဲ့ ပဲ 
ခြေရင်းအပေါက်ဝဘက်ဆီ တရွတ်တိုက်လျောချ
ပြီးပြန်ထွက်လိုက်မှ အပြင်ကို ထွက်လို့ ရခဲ့တယ်။
အပြင်ကိုရောက်တော့မှ ပေါက်တူးကို လက်တစ်ဖက်နဲ့  ကိုင်ပြီး နီးစပ်ရာ အပင်တွေ
ကို လိုက်ပြီး ပေါက်တူးနဲ့  လိုက်ပေါက်ပြစ်တယ်။
စိတ်ရှိလက်ရှိ လုပ်ပြီးတော့မှ ပေါက်တူးကို ထမ်းပြီးရွာသို့ ပြန်လာခဲ့တော့တယ်။ ပြီးပါပြီး

No comments:

Post a Comment