1998/99လောက်တုန်းကပါ(ကျတ်ရွာ)
ငယ်စဉ်ကတည်းက ကျွန်တော်ခုထိပါပဲ တဇွတ်ထိုးလုပ်တတ်သောအကျင့် သွား
မယ်ဆိုရင် ရှေ့မှာဘာပဲဖြစ်နေနေ သွား
ပလိုက်တာပဲ ဘယ်သူတွေဘယ်လိုတား
တားမရဘူး အဲဒီအကျင့်ဆိုးကြောင့် ဒုက္ခ
လှလှကြီးရောက်ဖူးတဲ့အကြောင်းလေးပါ
ကျွန်တော်အိမ်ကို မနက်ပိုင်းစောစောအချိန်
ကျော်ရင်(သယ်ရင်း) ရောက်လာပါတယ်
"ဟယောင် ငလူး(ကျွန်တော်နာမည်ပါ အပြည့်
အစုံက ပေတလူးပါ သယ်ရင်းပေးထားတဲ့နာ
မည်ပြောင်လေးပါ ) ငါ့ အမေနဲ့ရွာမှာပဲစင်းငုံ
ပြန်စိုက်မလို့  မင်းလိုက်မလား"ဒီကောင်နဲ့ကျွန်တော်ကငယ်
ပေါင်း ဆိုးဖော်ဆိုးဖက် ကျောင်းပြေးဖော်
ပြေးဖက် (ဆက်ပြောရင် ငယ်ကျိုးငယ်နာတွေ
ပေါ်ကုန်လိမ့် အဟိ) ဒီကောင်ကဆက်ပြောတယ် "ငါ့အမေက မင်းကိုခြံလိုက်ကူလုပ်ပေးမလား နေ့ စားပေး
မယ်တဲ့""ကျွန်တော်ကစဉ်းစားနေခိုက် ဒီကောင်ဆက်ပြောလာတယ် "ရွာကဇော်တွေလှတယ်ဟ ပြန်ဖွန်ရအောင်"
ဒီ မတားယေးကငါ့ကိုမလိုက် လိုက်ချင်အောင်
လုပ်နေပြန်ပြီ အဟိ ကျွန်တော်လဲ ဘာမှမပြောမဆို နဲ့အခန်းထဲကိုဝင်တော့ ဒီကောင်က "ဟယောင် လိုက်ဘူးလားဟ"
အနောက်ကလှမ်းအော်မေး တော့ ""လိုက်မလို့ ငါအဝတ်အစား သွားထည့်အုန်းမဟ""
"ဒေါင်းချား ငါ့ကမင်းမလိုက်တော့ဘူးလားလို့ "" အဲတာနဲ့အိမ်ကအမေကို ""အမေရေ့ ကျွန်တော် ကျော်ရင် နဲ့ရွာလိုက်ပြန်မယ်နော်""
အဲတာနဲ့ မီးဖိုချောင်ကအစ်မေရဲ့စိုးရိမ်တဲ့အသံနဲ့
""ကြွဟေးးးးကြွ ကြွ"" အနော်ကိုအဲဂလိုကိုချစ်တာ အဟိ
ကျောပိုးအိပ်ကိုလွယ်ပြီဒီကောင်တို့ ရွာကိုသွားတာ ပေါ့ဗျာ ကျွန်တော်ကဒီကောင်ရဲ့ရွာကိုလိုင်းကားစီးပြီး
ပြန်ရမယ်မှတ်တာ တော်တော်ဝေးဝေးလျှောက်လာတာ ရွာမှာဖွန်
ကြောင်ရင် ပဲပြစ်မလို့ အဝတ်နင်းပိတ်ကန်ထည့်ထား တဲ့ကျောပိုးအိပ်က သွားရင်းနဲ့ကိုလေးလေးလာတော့ ကျွန်တော်
သယ်ရင်း ကို ""ဟယောင် မင်းတို့ ရွာကိုပြန်မဲ့
ကားဂိတ်ကို မရောက်သေးဘူးလား ""
""ဘယ်ကကားနဲ့ပြန်ရမတုန်းဟ ငါတို့ ရွာကိုဘယ်က ကားက အတောင်ပံတပ်ပြီးဆွဲပေးမလဲ ကားလမ်းမှမပေါက်သေးတဲ့ဟာကို"""ဟိုက်သေ
ပြီဆြာ ကျောပိုးအိပ်က ပိုပိုလေးလာတယ်
မောလည်းမောနေပြီ လိုက်မိလိုက်မှား ဒီကောင် (ကျော်ရင်)ကို စိတ်ထဲကနေ ပိုသပေးနေမိတယ် အဆဲမျိုးစုံ အဲဂလိုနဲ့
သုံးမိုင်လောက်လျှောက်လာတာ ရွာတစ်ရွာကို
လှမ်းမြင်တော့မှ သက်ပြင်းချနိုင်တော့တယ်
ရွာအဝင်က ဈေးဆိုင်အိမ်လေးထဲကို ကျော်ရင်
အမေခေါ်ဝင်ပြီး "ထမင်းစားမယ် ထိုဖူးသုတ်နှစ်
ပွဲမှာလိုက်သား ""ကျော်ရင်ကထိုဖူးသုတ်နှစ်ပွဲမှာနေချိန် ဘွားတော်ကြီးက သူ့ ပလိုင်းမှအင်ဖက်နဲ့ထမင်းထုပ်ကိုထုတ်ပြီး ထိုဖူးသုတ်ရောက်လားတော့ မောကလဲမော
ဆာကလဲဆာ နဲ့သုံးယောက်သားထိုင်တွယ်ပလိုက်တာ ထမင်းတောင်မလောက်ဘူး ဆိုင်ရှင်ကသူတို့ 
ရဲ့ထမင်းပါလာချပေးပါတယ် အဝတီးပလိုက်
တာ ဗိုက်အတော်အင့်သွားတယ် နာရီဝက်ပဲနားပြီး ကျော်ရင်အမေက
ထိုဖူးသုတ်ဖိုးရှင်းပေးရင်း""ကဲ ခရီးဆက်ကြ
ရအောင် ဟေ့"" ကျွန်တော်မျက်လုံးပြူးသွားတယ် ""မရောက်သေးဘူးလား အန်တီ ""
""မရောက်သေးဘူးကွဲ့ နောက်ထပ်၅ရွာကိုဖြတ်ပြီးရင်တော့ရောက်ပါ
ပြီကွယ်"""ဗျားးးးးးးနောက် ၅ ရွာ ငေးဗျ ''''''''
အမလေးတောင်ပြည့်စုံအောင်မတနိုင်တော့ပါ
ကျော်ရင်ကိုကြည့်တော့ သောက်ခွက်ကိုက
စပ်ဖြီးဖြီးနဲ့ နားရင်းပြေးပြေးရိုက်ပလိုက်ချင်တာ ""ဟယောင် မင်းတို့ ရွာကနွားလှည်းတောင်မရှိဘူးလားဟ""
အဲတာကိုကျော်ရင် ကဘာပြန်ပြောလဲဆိုတော့
""နွားလှည်းမပြောနဲ့ စက်ဘီးတာယာလေးပဲ
ရွာအဝင်မှာ လိမ့်ပြီးဝင်သွားကြည့် တာယာလိမ့်ဖို့ နေရာတောင် ရှိ
မှာမဟုတ်ဘူး"""
""ဘာဖြစ်လို့ လဲဟင်""
"တာယာလိမ့်ပြီးရွာထဲဝင်ရင်တစ်ရွာလုံးကမမြင်
ဖူးတော့ ဝိုင်းအုံပြီးကြည့်ကြမှာလေဟ ဝိုင်းအုံကြည့်ကြတော့စက်ဘီးတာယာကို မင်း
်လိမ့်ချိန်တောင်ရမှာမဟုတ်ဘူးဟ ဟားးးးးး"'
သူကောသူဘွားတော်ပါကျွန်တော်ကိုဝိုင်းရီကြ
တယ် ဒီကမောလွန်းလို့  ရယ်ဖို့ နေနေသာ တံ
တွေးတောင်မနဲကို မျိုနေရတာ မြို့ မှရွာကို ၂၁ မိုင်ဝေးတယ်ဗျ တစ်လမ်းလုံးအကြောင်းအ
ပြည့်အစုံသာရေးရလို့ ကတော့ အနော်လက်
တိုသွားလိမ့်မည် ••••••••••••••
အဲဂလိုနဲ့ ရွာထဲကို ညမိုးချုပ် ၉း၃၀ နာရီအချိန်
လောက်မှရောက်သဗျာ တောရွာဆိုတော့
မှောင်မဲနေတာပဲ မြို့ မှာပဲကြီးလာတဲ့ ဘယ်သူ
မဆို တောအမှောင်ထဲရောက်ရင် သွားတတ်
လာတတ်မှာ မဟုတ်ဘူး ကျွန်တော်မှာ ကျော်
ရင် ပခုံပေါ် လက်တင်ကိုင်ပြီး မျက်ကန်းသမား
တစ်ယောက်လိုပဲ သူသွားတဲ့နောက်ကိုလိုက်
ရတာဗျ မိုးတိမ်တွေထူထပ်တော့ ပိုဆိုးတယ်
ကြယ် လ အလင်းကမရှိ ရွာထဲ အိမ်ခြေတွေ
ကျဲမယ်ထင်ပါတယ် အိမ်တိုင်းကထွန်းထားတဲ့
မီးအလင်းရောင်က ဟိုတစ်ကွက် ဒီတစ်ကွက်
ကြို့တိုးကျဲတဲ ဝိုးတိုးဝါးတား လူကအတော့်
ကိုဟိုက်ပြီး ခြေပန်းလက်ပန်းကျနေပြီ တစ်ယောက်နဲ့တစ်ယောက် စကားတောင်မ
ပြောနိုင်တော့ဘူး အတော်လေးလျှောက်လာ
ပြီးမှ တောအိမ် ခြေတံရှည်အိမ်လေး ရှေ့ရပ်
ပြီးကျော်ရင် အမေကအိမ်ပေါ်ကိုလှမ်းအော်
လိုက်တယ် ``ထွန်းး ဟေးတထွန်း " (မှတ်ချက်/ပအိုဝ်းလူမျိုးတွေက တစ်ယောက်နဲ့
တစ်ယောက်ခေါ်တဲ့အခါမှာ နာမည်ရှေ့ကို
"တ"တစ်လုံးခံပြီးခေါ်တာများတယ် ဥပမာ
နာမည်က မောင်အေးဆိုရင် တမောင် သို့ 
တအေး အဲဂလိုနာမည်တစ်လုံးပဲယူပြီး ရှေ့မှာ
""တ"ကိုထည့်ခေါ်ကြတာ ယောကျာင်္းလေးပဲ
သုံးတာနော် မိန်းကလေးမပါ ) ရေးရင်းနဲ့ အဲ့
ရွာက နာမည်နဲ့ပြသာနာဖြစ်ခဲ့တဲ့ဟာသတစ်
ခုလေးပါရေးပြမယ်နော် အတော့်ကိုရီရသဟ
တစ်ကယ်ပါ အဲ့ရွာသားနာမည်ပါ အခုထိရှိပါ
သေးတယ် ""တလိုး" တဲ့ဗျ ရိုင်းတယ်မထင်စေ
လိုပါ တစ်ကယ်ကိုသူတို့ ရွာသားအများဆုံး က
စာမပြောနဲ့ မြန်မာစကားတတ်တဲ့သူ
မရှိသလောက်ပဲ် မိဘများကသူတိုသား/သမီးအမည်နာမပေးတာပအိုဝ်းလိုပေးတာ
ကို အဲ့တလိုးကို မြန်မာလို့ အဓိပ္ပယ်ယူရင် မောင်လွမ်း လို့ အဓိပ္ပယ်ရတယ်လို့ကျော်ရင်
ပြောပြလို့ ကျွန်တော်လဲသိရပါတယ်
အဲ့ဒီရွာမှာ မှတ်ပုံတင် လာလုပ်ပေးတော့
မှတ်ပုံတင်ရုံးကစာရေးမနဲ့ပြသာနာတက်တာပါ
တန်းစီပြီးနာမည်စာရင်းကောက်နေတာ အဲဒီ
ကောင်အလှည့်ရောက်တော့ ""နာမည်ပြော""
"မောင်လိုး" "ဘာ'''''''''''စာရေးမကအဲဒီကောင်
ပါးကိုရိုက်ပလိုက်တာ """အတော့်မိုက်ရိုင်းတယ်" စကားများပြီးပြသာနာတက်တော့
တာပဲ ရွာကလူကြီးတွေရောက်လာပြီးသူနာမည်အရင်းဖြစ်ကြောင်း ရှင်းပြတော့မှပြီးတော့တယ်ဗျ
အခုထိသူမှတ်ပုံတင်မှာ အဲဒီနာမည်နဲ့ပါ
အဲ့ အနော်ရေးတာဘယ်ရောက်ပြီလဲဟ
ကျော်ရင် အဖေနာမည်ကိုအော်ခေါ်နေတာ
တံခါးဖွင့်သံကြားတော့ ရေနံဆီမီးခွက်နဲ့
"နင်တို့ မိုးအတော်ချုပ်တယ်နော်""
"ကျော်ရင် သူငယ်ချင်းပါတော့ ခရီးသိပ်မတွင်
ဘူး "" ""ဘယ်သူလဲ""
""ကျွန်တော်ပါ ပေတလူးပါ ဦး""
""မောင်ပေ ပါသကိုး "" ကျော်ရင် အဖေကကျွန်တော်ကို မောင်ပေ လို့ ပဲ မြို့မှာက
တည်းကခေါ်တာပါ … အဲ့ဂလိုနဲ့ထမင်းချက် စားသောက်ပြီး ခရီးပန်း ညောင်ညာကိုက်ခဲ
နေတော့ တန်းပြီးထိုးအိပ်ပလိုက်တာပေါ့'''''''''''
မိုးလင်းတော့ အိပ်ယာကနိုးပြီ မနက်စာစားပြီး
ခြံထဲကိုဆင်းကြပါတယ် ဟိုကောင်ပြောတဲ့ကောင်မလေး ချောချောလေးတွေရှိတော့ရှိပါတယ် ဖွန်ဖို့ မ
ပြောနဲ့ ကိုယ်အလုပ်ကိုစီနဲ့ ဘယ်သူမှမအားဘူး
တာနဲ့ကျွန်တော်ခြံကူလုပ်လိုက် ပြန်လိုက် စားသောက်ပြီးအိပ်လိုက်နဲ့ ၃ရက်ပဲရှိသေးတယ် ကျွန်တော်မနေနိုင်တော့ဘူး ပြန်ချင်တာပဲသိ
တယ် အဲ့ဒီမနက်ပဲ ""ဦးလေးနဲ့အန်တီ ကျွန်တော်ပြန်တော့မယ်ဗျာ"" ကျော်ရင် ကတား
တယ် ဦးလေးနဲ့ အန်တီကနောက်ထပ် ၅ရက်
လောက်နေပါအုန်း အဲဒီကျမှပြန်ပို့ ပေးမယ်လို့ 
ပြောပြီးတားလဲ ကျွန်တော်လက်မခံဘူ အခုဆို
အခုပြန်ရမှ အခုပြန်ရင်သူတို့ မအားလို့ လိုက်
ပြီးမပို့ ပေးနိုင်ဘူးလို့ ပြောပါတယ် ကျွန်တော်
ကလဲရပါတယ် လမ်းမှတ်မိပါတယ် ပြန်မယ် ဆို
ပြီးကျောပိုးအိပ်ကိုကောက်လွယ်ပါတယ် သူတို့ လည်းတားမရတော့ပေးပြန်လိုက်ပါတယ်
ဇတ်လမ်းက ရွာအပြင်ရောက်တာနဲ့စတာပဲဗျာ
ရွာပြင်ရောက်တော့ လာတုန်းကသတိမထားမိ
လမ်းနှစ်ခွကြီးဖြစ်နေတယ် ဘယ်တစ်လမ်းမှန်း
မသိဘူးဗျ လမ်းဆုံမှာ ဘယ်လမ်းကမြို့တက်
လမ်းမှန်းမသိတော့ လူသွားလူလာတွေ့လိုတွေ့ ငြားစောင့်နေရင်းနဲ့ ဇီးဖြူသီးပင်တွေ့တော့
ကျွန်တော်မှာ လေးဂွပါမှန်းသတိရတယ် လောက်စာလုံးမပါတော့ ဇီးဖြူသီးကိုလောက်
စာလုံး လုပ်ဖို့ ခူးတာပေါ့ ကျောပိုးအိတ်ထဲက
လေးဂွနဲ့လွယ်အိတ်ကိုထုတ်ပြီး ဇီးဖြူ သီးခူးထည့်တာအလုံး၇၀ နီးနီးလောက်ရှိမယ်
လမ်းသွားလမ်းလာကိုစောင့်တာ တစ်နာရီလောက်ရှိတယ် ဘယ်သူမှမတွေ့ဘူး
ရွာပြန်ပြီးမေးရင် အဲလောက်အချိန်မကုန်မှန်းသိ
ပေမဲ့ ရွာထဲပြန်ရောက်ရင် ပေးမပြန်ပဲတားမှာ
ကိုကြောက်လို့  ကျွန်တော်ကလမ်းနှစ်လမ်းထဲ
က လားခဲ့တဲ့လမ်းလို့ ထင်တဲ့တစ်လမ်းကိုရွေး
ပြီးပြန်ပလိုက်တာပေါ့ နှစ်မိုင် သုံးမိုင်လောက်
ရောက်မှ နွားကျောင်းနေတဲ့ ကုလားတစ်
ယောက်ကိုတွေ့တယ် (မှတ်ချက်/ပအိုဝ်းရွာ ရှမ်းရွာခပ်များများ ရွာတစ်ရွာတိုင်းမှာ နွားမွေး
ကုလားတစ်အိမ်ရှိတယ် ခုထိပါပဲ ) အဲ့ကုလား
ကိုတွေ့တော့ ဝမ်းသာသွားတာပေါ့ "ဟေ့ ဒီ
လမ်းကမြို့တက်တဲ့လမ်းလား"အဲဂလိုမေးတော့
"မြို့တက်လမ်းမဟုတ်ဘူး မြို့ကိုတက်တဲ့လမ်း
ကကျန်ခဲ့ပြီ""တေပဟ နာလမ်းရွေးမှားသွာပြီ
အဲ့ကုလားကိုကျေးဇူးတင်စကားပြောပြီး နောက်ပြန်လှည့်ခဲ့တာ လမ်းဆုံပြန်ရောက်
တော့ မွန်းလွဲ ၂း၃၀ လောက်ရှိသွားပြီ ရွာ
ဘက်ကိုလဲပြန်မလှည့်ချင်တော့ပါ ဆက်သွား
ရင်ရှေ့ရွာတစ်ရွာတော့မီလောက်တယ် အဲကို
မိုးချုပ်မှရောက်မှာ ကိုသိပါတယ် မထူးဘူးဆက်
သွားမယ် အဲကိုရောက်မှ ဘုန်းကြီးကျောင်းရှိ
တာပဲ တစ်ညတော့တောင်းတည်းလို့ ရမှာပါ
ဆိုပြီးဆက်သွားတာပေါ့ မိုးချုပ်တော့ရွာအဝင်
လမ်းကိုရောက်ပါတယ် ကျွန်တော်ကဘုန်းကြီး
ကျောင်းကိုဦးတည်ပြီလျှောက်လာရာ လမ်းတစ်
လျှောက်လုံးရွာသူရွာသားတွေက ကျွန်တော်ကို
လူစိမ်းရွာထဲရောက်တော့ ကွက်ကြည့်ကွက်
ကြည့်နဲ့ပေါ့ဗျာ ဘုန်းကြီးကျောင်းထဲရောက်
တော့ ဘုန်းကြီးရှိတဲ့နေရာကို ကိုရင်လေးတွေ
မေးမြန်းပြီး(ကျွန်တော်ကပအိုဝ်လူမျိုးစစ်စစ်ပါ
တာပေမဲ့ ငယ်ငယ်ကတည်းက ဧရာဝတီတိုင်း
ပုသိမ်မြို့မှာပညာသင် ပရဟိတကျောင်း မှာ
ကြီးလာတော့ ပအိုဝ်းစကားကို လည်လည်
ဝယ်ဝယ် သိပ်မပြောတတ်တော့ ဒုက္ခရောက်
တာပေါ့ဗျာ )ဘုန်းကြီးနဲ့တွေ့တော့ "အရှင်ဘုရား တပည့်တော်မြို့ပေါ်တက်မလို့ ပါ
မိုးလည်းချုပ်နေပြီ အဲ့တာကြောင့်တပည့်တော်
ကိုဒီကျောင်းမှာ တစ်ညတည်းခိုခွင့်ပြုပါဘုရား"
ပအိုဝ်းလိုလျှောက်တာ မပီကလာပီလာနဲ့ဆို
တော့"ဘုန်းကြီးကကျွန်တော်ကို အကဲခပ်အ
ကြည့်နဲ့ကြည့်တာပေါ့ဗျာ အဲအချိန်ကRock
ခေတ်လေ မှတ်မှတ်ရရ လေးဖြူ ရဲ့ပင်လယ်အော်သံ ခွေထွက်တဲ့အချိန်လေ
ကျွန်တော်ပုံစံက ဆံပင်ရှည်ရှည် နားကွင်းနှစ်
ဖက်နဲ့ဆိုတော့ ဘုန်းကြီးမျက်စိစူးစရာဖြစ်တာ
ပေါ့ "ဒကာညအိပ်ချင်ရင် ရွာကလူကြီးအိမ်မှာ
သွားပြီးတောင်းတည်းပါ "လို့ ပဲပြောပြီးထွက်
သွားတယ် လက်မခံဘူး ကျွန်တော်လဲကိုယ်ကို
ပြန်တွေးကြည့်ပါတယ် ငါ့ပုံစံကိုက ဘယ်နေရာ
တောင်းတည်းတည်း ရမှာမဟုတ်တော့ဘူး ဆိုပြီးတော့ ဘုရားကိုဝတ်ပြု ပြီး စဉ်းစားမိပါ
တယ် "ငါပြန်ရမဲ့လမ်းကမှောင်မဲနေမှာ ဓါတ်မီး
မပါဘူး လမ်းကလဲမိုးရွာထားတော့ အတော့်
ကိုဆိုးတယ် "စဉ်းစားရင် ကျောင်းပေါ်မှာဥူ ဇင်းတစ်ပါးရှိတယ် အဲ့တာနဲ့ဥူဇင်းကို "အရှင်ဘု
ရားတပည့်တော်ကို မီးခြစ်တစ်လုံးစွန့် ပေးနိုင်
မလားဘုရား"လျှောက်ပြီးဥူ ဇင်းမစွန့် ချင်စွန့် ချင်နဲ့်စွန့် ပေးလိုက်ပါတယ် ဂဲစ့်မီးခြစ်လေးကို
တာနဲ့ဖြစ်ချင်တာဖြစ်ကွာ ဆိုပြီးဘုန်းကြီး
ကျောင်းဝင်းကထွက်လာပါတော့တယ်''''''''''''
ရွာအထွက်ရောက်တော့ မိုးကလဲဖွဲဖွဲလေးကျနေ
တယ် မှောင်သမှဘာဆိုဘာမှကိုမမြင်ရပါ ပိုးစုန်းကြူ ကောင်တွေရဲ့အလင်းလေးပဲ ဝေးဝေးတစ်ကောင်မြင်ရပါတယ် အဲတာနဲ့
ဥူ ဇင်းစွန့် ပေးသောမီခြစ်ကိုတစ်ချက်ချင်းစီ
ခြစ်ပြီးမီးခြစ်ကျောက်အလင်းရောင်နဲ့ရသ
လောက် မြင်သလောက်နဲ့စမ်းတဝါးဝါးသွားနေ
ရတာပေါ့ အတော်လေရောက်မှဗျာ မောက
မော ဗိုက်ကလဲဆာ ဆာမပေါ့ဗျ ပြန်ချင်စော
နဲ့မနက်ကထမင်းမှမစားလာရတာ ဗိုက်ကတစ်
အားဆာလာတော့ မနက်က လောက်စာလုံး
လုပ်ဖို့ ခူးထားတဲ့ဇီဖြူ သီးပဲရှိတော့ တာပဲတစ်
လုံးပြီးတစ်လုံးနိုက်နိုက်ပြီးစားပလိုက်တာ ဗိုက်
ဆာလို့ လားသိဘူး စားလို့ ကောင်းချက် အဟိ
တစ်ရွာရောက်ရင် မီးလင်းတဲ့အိမ်တစ်အိမ်ကို
တွေတိုင်းရေဝင်ပြီတောင်းသောက်လိုက်နဲ့ လျှောက်လာလိုက်တာသုံးရွာကိုတောင်ကျော်
လာပြီ (အဲဒီအချိန်က ရွာတိုင်းလိုလိုသနတ်ဖက်
လှော်ချိန်ဆိုတော့ မိုလင်းပေါက်အလှည့်ကျ
လှော်နေတော့ အကူညီရလိုရငြား ကူညီလိုကူ
ညီငြားရေဝင်တောင်းသောက်တိုင်းရေပဲတိုက်
လွတ်တာဟ ဘာမှလဲမေးဘူး ) အဲဂလိုနဲ့ပဲမီး
ခြစ်ကိုတစ်ချက်ချက်နဲ့ခြစ်ပြီးလျှောက်လာလိုက်တာ မီခြစ်ကျောက်ကကုန်သွားတယ် တစ်လမ်း
လုံးမီးခြစ်ကျောက်နဲ့ခြစ်သွားနေရတာဆိုတော့
ခင်ဗျာတို့ ပဲစဉ်းစားကြည့်ပေါ့ မီခြစ်ကျောက်မ
ရှိတော့ မီးခြစ်ကျောက်အလင်းမျက်စိကိုတစ်
လမ်းလုံးထိလာတာလေ ဘာဆိုဘာမှမမြင်ရ
တော့ဘူး လမ်းပေါ်ထိုင်ချပြီး နားရင်းနဲ့ မိုးပေါ်
ကိုလှမ်းကြည့်တော့ အဝေးကမြို့ပေါ်ဆီမှ လျှပ်
စစ်မီးအလင်းရောင်က မိုးပေါ်ကိုပါလင်းနေတာ
ကိုပဲတွေ့ရတယ် ကျွန်တော်ရောက်နေတဲ့နေ
ရာမှာ ဘယ်ကိုကြည့်ကြည့် မမြင်ရပါ ညငှက်
အော်သံတွေနဲ တောကြွက်ချုံတိုးပြေးသံ တွေ
မှောင်မှောင်မဲမဲ လမ်းလျှောက်လာတဲ့သွေးပူချိန်
ကကျကျလာတော့ အဲချိန်မှကျွန်တော်ကြောက်
စိတ်တွေပေါ်လာတယ် ကြောက်လိုက်တာမှ
ပြောမပြတတ်အောင်ကိုကြောက်တာ အဲချိန်
မှာ ကျွန်တော်နေရာမှာခင်ဗျားတို့ ဆိုဘာလုပ်
မလဲ ? ကျွန်တော်ခဏနားပြီးမျက်စိက လမ်းကို
ဝိုးတစ်ဝါးမြင်သလိုလိုရှိလာတော့ ရတလောက်
ရောက်သလောက်ကိုသွားမယ် ဆိုပြီးဆယ်
လှမ်းပဲရှောက်ရသေးတယ် တွင်းလား ချောင်း
ထဲလားမသိ ပြုတ်ကျတာ ကျွန်တော်လက်မြန်
လို့ ပေါ့ဗျာ အပင်ငယ်တစ်ပင်ကိုဆွဲမိပါတယ်
အပေါ်ပြန်ကုတ်ခြစ်တက်လာရတာပေါ့ တွင်း
နက်လားမနက်လားလည်းမသိပါ ရမ်းတန်းပြန်
လျှောက်တော့ ဗွတ်အိုင်ထဲကျပြန်တယ် ပေါင်
လောက်ကိုနစ်သွားတာ ကြောက်ကြောက်နဲ့
ပြန်ရုမ်းထွက်တာ ဘိနပ်ကပါမလားတော့ဘူး
ချွေးစိမ်းတွေပြန်နေပြီ ဘယ်လိုမှသွားလို့ လဲမရ
မြင်လဲမမြင်ရနဲ့စိတ်မောမောလူမောမောနဲ့ဖြစ်
ချင်တာဖြစ်တော့ကွာဆိုပြီ မြေကြီးပေါ်ကိုပက်
လက်လှမ်ပြီးအိပ်ချပလိုက်တယ် လူပန်းစိတ်ပန်း
လို့ လားမသိဘူး မျက်စိစုံမှိတ်အိပ်ပလိုက်တာ
တော်တော်လေးဂွတ်သဟ အိမ်လို့ တော့မရ
ဘူးပေါ့ သိပ်မကြာပါဘူးဗျာ နွားခလောက်သံ
လူသံတွေသဲသဲကြားရသလိုလိုပဲ တာနဲ့အားရှိ
သွားတာပေါ့ ထပြီဟိုကြည့်ဒီကြည့်နဲ့ရှာကြည့်
တော့ခပ်ဝေးဝေးကမီးရောင်လေးကိုမြင်ရတယ်
ဗျ မီးရောင်ရှိရာကိုရောက်အောင်ကိုသွားမယ်
ဆိုပြီး ရမ်းပြီသွားတာလမ်းမမြင်ရတော့ ချုံတွေ
တိုးပြီသွားရတာဗျ မီးအလင်းရောင်နဲ့နီးလာသ
လိုလိုနဲ့ခံစားရတော့ ကြောက်စိတ်တွေမရှိတော့ ဘူး ချုံတွေတိုးရင်တိုးရင်းနဲ့ လဲတဲ့နေရာလဲ ဆက်ပြီးသွားတာချုံတွေတစ်ဖြေးဖြေးရှင်းလာ
တော့ချုံတိုးရတာမောနေပြီ မီးအလင်းရောင်ရှိ
တဲ့နေရာပို၍မြင်ရတော့ခဏနားရင်းနဲ့အုတ်ခုံ
တစ်ခုပေါ်ထိုင်ချပြီးအမောဖြေရင်းနဲ့ဘေးပတ်
လည်ကိုကြည့်လိုက်တော့ ဖြူ ဖြူ နဲ့ဘာတွေလဲ
ဟဆိုပြီး သေသေချာချာကိုကြည့်တော့ အမငေးးးးးးးးးးးးးးသင်္ချိင်းကုန်းထဲရောက်နေ
တာဗျ ကိုယ်ထိုင်တဲ့အုတ်ခုံကိုကြည့်မိတော့ 
အုတ်ဂူကြီးဖြစ်နေတယ် ဘယ်ရမလဲ ငါ့ဟဲ့
ယောကျာင်္း ကြောက်ကြောက်နဲ့ ပြေးတာပေါ့
သရဲရှိမရှိမသိဘူး တွေ့လဲမတွေ့ဖူးဘူး ဒါပေမဲ့
ကြောက်တာကကြောက်တာပဲ ကျန်တာမသိ
ပြေးရင်းပြေးရင်းနဲ့ (အဲ ပြောရအုန်းမယ်ဗျ ပြေးသာပြေးတာ ခလုတ်လဲမတိုက်မိဘူး အမှောင်ထဲမှာမြင်ရသလိုလိုတော့ရှိလာတယ်)
မောလာသဟ မီးရောင်ရှိတဲ့နေရာကလဲပိုပြီး
နီးလာတယ် စကားပြောသံလဲပီပီပြင်ပြင်ကြား
ရတော့ကြောက်စိတ်လဲသိပ်မရှိတော့ဘူး
တာနဲဆက်ပြီးလျှောက်လာတာ မီးရောင်မြင်ရ
တဲ့အိမ်ကိုသေသေချာချာမြင်ရတော့ ကျွန်တော်အရမ်းကိုဝမ်းသာသွားပါတယ် ဘာ
ဖြစ်လို့ လဲဆိုတော့့ အပိုင်း(၂)ဇတ်သိမ်း မျှော်
Pee Ta Lu
အမှားပါရင်ပြင်ဆင်ဖတ်ပေးကြပါခင်ဗျာ
ကျေးဇူးတင်ပါတယ်
No comments:
Post a Comment