Tuesday, October 20, 2015

မိုးသဲည

မိုးသဲည

အချိန်ကည၁၂တီးချိန် နေရာကမြန်မာ
ပြည်အလယ်ပိုင်း ရွာလေးတစ်ရွာ ။လပြည့်ညမို့ 
ပတ်ဝန်ကျင်တခုလုံးလည် လမင်းကြီးက ထိန်ထိန်
သာလင်းလက်နေတယ်။အထက်အာကာတခွင်မှာ
လည်မိုးသားတိမ်လိပ်တွေနဲ့ တိမ်စိုင်းတိမ်ခဲတွေ
ကလေနှင်ရာနဲ့ အတူလွင့်ပါးနေတော့ ဒီတိမ်တွေ
ကလမင်းကြီးအပေါ်ဖုံးအုပ်သွားပြီးဆိုရင် ပတ်ဝန်
ကျင်တခုလုံးလည် အလင်းရောင်ပျောက်ပြီးတဖန်
မှောင်မဲသွားခဲ့ပြန်တယ်။နွေဦးအကုန် မိုးရာသီအ
ကူးအပြောင်းမို့ ထင်ပါရဲ့ ။
မိုးသာတိမ်လိပ်တွေကလည်မဲမှောင်
အုပ်ဆိုင်းလာတော့ လရဲ့ အလင်းရောင်ဟာလည်
လုံးဝကွယ်ပျောက်ခဲ့ရတယ်။အဲဒီလို လရဲ့ အလင်း
ရောင်ပျောက်ကွယ်သွားပြီးဆိုရင်ပဲ ခဏကြာတော့
ကောင်ကင်အထက်မှာ မီးလုံးကြီးတွေက ဖြာပန်း
ထွက်နေကြပြီးမြင့်လိုက် နိမ့်လိုက်နဲ့  အမှတ်မထင်
ကြည့်လိုက်ရင် မီးရှူ မီးပန်းတွေဖြာကျနေသလိုပါပဲ
ဒါပေးမဲ့  ဒါကမီးရှူမီးပန်းတွေတော့မဟုတ်ပါဘူး။
စုန်းပညာသည်အချင်းချင်း ပညာတွေယှဉ်ပြိုင်နေ
ကြတာပါ။အမြင့်ဆုံး ယှဉ်ပြိုင်နိုင်သူကစုန်းပညာ
အမြင့်ဆူံးပညာရှင်ဖြစ်ပြီး အနိမ့်မမြင့်လိုက် သတ်
မှတ်ကြတဲ့ သူတို့ လောကရဲ့  ပညာရပ်တွေပါပဲ။
ဒီလို စုန်းပညာတွေယှဉ်ပြိုင်နေကြတာ
ကို လယ်တောထဲမှာ တဲထိုးပြီးစိုက်ခင်းတွေကို စောင့်ကြပ်နေတဲ့ မင်းလွင်တို့ ညီအစ်ကိုနှစ်
ယောက်လည် အမှတ်မထင်တွေ့ရှိလိုက်ရတာပါပဲ။
အိပ်ယာကတရေးနိုးတော့မင်းလွင်အပေါ့သွားမယ်အလုပ်မှာ ကောင်ကင်မှာလင်းလက်နေတဲ့ မီး
လုံးကြီးတွေကြောင့် ငေးမောကြည့်ရှု့ နေခိုက်မှာပဲ
အမှတ်မထင်ရွာချလိုက်တဲ့ မိုးကြောင့် စောစောက
မီးလုံးကြီးတွေပျောက်ကွယ်သွားပြီးမင်းလွင်လည်
အပေါ့ ကဗျာကရာသွားလိုက်ရင်းနဲ့ တဲထဲ ပြန်ဝင်
ခဲ့လိုက်တယ်။
သူလည်အိပ်ယာထဲလည်အ
ရောက် အိပ်ယာဘေးမီးဖိုလေးရဲ့ ဘေးမှာ ညက
မီးကင်ထားတဲ့ ဖားကင်တွေနဲ့ ကြွက်ကင်တွေကို 
လာစားနေတဲ့ အမည်မသိ သတ္တဝါတစ်ကောင်
ကြောင့် ကြောက်လန့် တကြားမောင်းထုတ်ပေးမဲ့
ညအခါ မှောင်မဲနေတာမို ဒီသတ္တဝါးရဲ့  နီရဲနေတဲ့
မျက်လုံးပြူးထွက်ငေါ့ နေတဲ့ အစွယ်တွေကြောင့်
သရဲလား ဘာမှန်းတောင် မသိနိုင်ပဲ ကြောက်
ကြောက်နဲ့ မို့ လက်ထဲမှာရှိတဲ့ တုတ်နဲ့ လှမ်းရိုက်
လည်ပျောက်သွားလိုက် ပေါ်လာလိုက်နဲ့  ဘယ်လို
လုပ်ရမှန်းမသိ။မင်းလွင်တို့ ညီအစ်ကို ၂ယောက်
ဇောချွေးတွေကလည်ပြန်လာ ထွက်ပြေးရအောင်
ကလည်အပေါ က်တည့်တည့်မှာ ဒီကောင်ကြီးက 
ချောက်လှန့် နေတော့ ထွက်ပြေးလို့ လည်မရ။
နောက်ဆုံး အကြံကလည်အိုက်လာတော့ နှစ်
ယောက်သားပုဆိုးလှမ်းပြီးသေးနဲ့ လိုက်ပမ်းလိုက်
တော့မှ ပျောက်ကွယ်သွားခဲ့တော့တယ်။
ဒီတော့မှနှစ်ယောက်သားသက်
ပျင်းတွေချနိုင်ကြပြီး ပြန်အိပ်မယ်အလုပ်မှာ တဲ
အဝင်ဝနားကနေ " ဟီးးးးဟီးးးးးးဟီးးးးး" ဆိုတဲ့
ငြီးညူးသံကြောင့် လက်ထဲကဓါတ်မီးနဲ့ ထိုးကြည့်
တော့ ဘာမှမမြင်ရပဲ စောစောကအသံလည် ပေါ်မ
လာတော့ချေ။ အပြင်မှာလည်မိုးက သဲကြီးမဲကြီး
ရွာချနေတော့ အလင်းရောင်ကမရှိပဲ မှောင်းမဲနေ
တယ်။ လက်နှိပ်ဓါတ်မီးအလင်းရောင်ပျောက်သွား
ပြီးဆိုတာနဲ့ စောစောက အသံကြီးက ပြန်လည်
ကြားလာရပြီးကြောက်စရာလည်ကောင်းလွန်းလှ
တာကြောင့် ဘယ်လိုမှ ဆက်ပြီးတဲထဲမှာမနေဝံ့
တော့ပဲ တဲအပြင်ဘက်ပြေးထွက်လာခဲ့ကြပြီး
ရွာသို့ အပြေးပြန်လာခဲ့ကြတယ်။မိုးကလည်ရွာ
ချော်တာကလည်ချော်နေတာကြောင့် ခဏခဏ
ချော်လဲကြပြီး တဗိုင်းဗိုင်းနဲ့  မြေကြီးပေါ်ပြစ်လဲ
ကျပေးမဲလည် ရွာသို့ ပြန်ရောက်အောင် အားယူထ
ပြီးအပြေးပြန်ခဲ့ကြတယ်။ ရွာလည်ရောက်ရော
ကြောက်စိတ်ကောင့် မင်းလွင် အပြင်းဖျားပါလေ
ရော။နောက်နေ့ မနက်စောရောက်တော့မှ တောစာ
ကျွေးလိုက်မှ အဖျားလည် ချက်ချင်းပြန်ကျခဲ့ရတယ်
ဒီလိုဖြစ်တာက အမှန်က မင်းလွင်တစ်ယောက်
ညအချိန်မတော် နာနာဘာဝတွေနေတဲ့ သစ်ပင်အနားမှာ ခွင့်မတောင်းပဲ မစင်းစွန့် လိုက်
တဲ့ ဖြစ်လာတဲ့အကျိုးပါပဲ ။ချက်ချင်းဆိုသလိုပဲ 
အမျိုးမျိုးခြောက်လှန့် ကြပြီးဒုက္ခပေးကြတယ်။
သူတို့ ကိုယ်တောစာကျွေးပြီပြန်တောင်းပန်လိုက်မှ
မင်းလွင်လည် ပြန်ကောင်းလာခဲ့လေသတည်း။

No comments:

Post a Comment