Sunday, October 18, 2015

ဆရာနှင့်​အတူပထမဆုံးပ​ရောဂကုခြင်း

ယခုကျွန်တော်တင်သောစာသည်ကျွန်တော်၏

စိတ်ကူးယာဉ်မူတခုမပါ…လှည့်ဖျားမူတခုမပါ

ရွှေရင်မော်မှဆရာတဦးဖြစ်သူကိုသတိုး၏

ခွင့်ပြုချက်ဖြင့်စာဖက်သူများအတွေးအမြင်

ဗဟုသုတတိုးပွားစေရန်နှင့်၇ရက်သားသမီး

များအားကယ်တင်နေသောပညာရပ်များအား

မကွယ်ပျောက်မတိမ်ကောစေရန်ကြံဆောင်၍

ယခုစာကိုတင်ရခြင်းဖြစ်ပါသည်။

ဂိုဏ်းဂဏများစွာကွဲပြားနေကာမူယခုစာကို

စာဖက်သူတဦးအနေဖြင့်သာရှု့မြင်၍

ငြင်းခုံခြင်းမပြုလုပ်ကြပါရန်ပန်ကြားအပ်ပါသု

စာဖက်သူများအားလေးစားလျက်

ချစ်သူ(ခွန်း)
ဆရာနှင့်အတူ ပထမဆုံး ပယောဂကုခြင်း
~~~~~~~~~~~~~~~~~~~~~
ကျနော့်အသက် ၂၃ မှာ ပညာယူပြီး ဆရာနဲ့အတူ ပထမဆုံးလူနာတစ်ယောက်ကို ကုသပေးတဲ့ပွဲအတွေ့အကြုံလေးပါ။ တစ်နေ့မှာ ဆရာ့ဆီက ဖုန်းဝင်လာပါတယ်။ " သားရေ လူနာတစ်ယောက် ကုမလို့ကွယ် ပွဲပြင် စမစီဖို့ လူလိုတယ်ကွ မင်းလိုက်မလား သားရေ လိုက်ချင်လိုက်လာခဲ့ အတွေ့အကြုံယူပေါ့ကွ ငါတော့လူနာအိမ် ပိန်းဂရက်ရွာ ရောက်နေပြီ သားလိုက်လာမယ်ဆို အဘစောင့်နေမယ် " အဲဒီ့စကားလည်း ကြားရော အမလေး ပျော်လိုက်တဲ့ဖြစ်ခြင်း " ဟုတ်ကဲ့ သားလိုက်မယ် အဘ ခဏစောင့်ပေး " အမေ့ကို ဆီစာရင်းကူညီဖွင့်ပေးနေရင်းက ဒီတိုင်းထားခဲ့ပြီး ဆိုင်ကယ်ပေါ်တက် ခပ်ပြင်းပြင်းလေး ဆေးကုမဲ့ရွာကို မောင်းလိုက်သွားတယ်။ ဟိုရောက်တော့ အဘကိုပွဲကူပြင်ပေးပြီး တစ်အိမ်သားလုံးကို ပယောဂစစ်ပါတယ်။ ပြီးတော့ပွဲလှူပြီး အပိုင်ထိုင်မထားတဲ့စက်တွေကို ဖြတ်ချလိုက်ပြီး အပိုင်စက်အတွင်းစက်မိနေတဲ့ စနေသမီးတစ်ယောက်ကို အဘက ခေါ်သွင်းလိုက်ပါတယ်။ စက်ပိုင်ရှင် အောက်လမ်းက ဝင်ရောက်လာတော့ မေးသမျှဘာမှမပြောပဲတင်းခံနေတယ်။ ဆရာက ကျနော့်ကို တစ်ချက်ကြည့်တယ်။ ကျနော်ဘယ်သဘောပေါက်ပါ့မလည်း ခုမှစကုဘူးတာကိုး။ အမှန်က အဘက ထရိုက်ခိုင်းတာ သူထရိုက်ရမှာ မကောင်းလို့လေ။ အဘက ရေစင်နဲ့ပေါက်တယ် ဒါလည်းမပြောဘူး။ဖြတ်ရိုက်လိုက်တာလည်း တုံးကနဲလဲတယ် ဒါလည်းမပြောဘူး။ အမှန်က ခံရတဲ့ စနေသမီးနဲ့ဒီအောက်လမ်းဆရာက အိမ်ခြင်းသိပ်မဝေးဘူး ဒါ့ကြောင့်သူပြောလိုက်ရင် အသံကိုမှတ်မိသွားမှာစိုးတဲ့အတွက် မပြောတာပါ။ ကြာလာတော့ ဆရာလည်း ဒေါကန်လာပါတယ်။ " ကဲနောက်ဆုံးပြောမယ် မင်း ဒီစနေသမီးကိုလှူမယ်ဆို ဘုရားဦးတိုက် ငါပြန်လွှတ်မယ် " ဒါလည်းဘုရားဦးမတိုက်ပါဘူး။ ဒါနဲ့ဆရာလည်း အဖဆရာတော်တွေပွဲဦးတိုက်ပြီး " အဘပွင့်ဘုရား စက်ပိုင်ရှင်ဟာ သားတော်ဆုံးမတာကို မနာခံပါဘူးဘုရား အဖပွင့်ကိုယ်တိုင်ကြွရောက် ဆုံးမပေးတော်မူပါ ဘုရား " အဲလိုလျှောက်တင်ပြီး ပြန်ထိုင်အချမှာ ဆရာ့မျက်နှာဟာ ပြောင်းသွားပါတယ်။ မျက်နှာက ရှေးအဘိုးကြီးတွေရုပ်လို ပြောင်းသွားတယ်။ ကိုယ်ကလည်း ဆရာ့အရိပ်အခြေကြည့်နေတာကိုး။ ဆရာထိုင်ချတာ ပျဉ်ပေါ်မထိုင်မိခင်မှာပဲ အသက် ၇၀ ကျော်နေပြီး ခန္ဓာကိုယ်ဝတဲ့ ဆရာဟာဝုန်းကနဲ ခုန်ထ အသံသြကြီးနဲ့ " ဘုရား ဦးမတိုက်ရအောင် မင်းဘာကောင်လည်းကွ မင်းဘာအဆင့်ရှိလည်းကွ ဘုရားဦးမတိုက်တတ်ရင် သင်ပေးမယ် " ပြောလည်းပြော ရှေ့ကအောက်လမ်းကောင် ခေါ်သွင်းထားတဲ့ မိန်းကလေးကို နားရွက် ၂ ဖက်ကကိုင် ပျဉ်နဲ့နဖူး ဒိုင်းကနဲနေအောင် ၂ ချက်ဆွဲတိုက်လိုက်ပြီး ခေါင်းကို တက်နင်းပစ်ပါတယ်။ လည်ပင်းကို နင်းထားလိုက်ပြီး " မင်းတို့ အောက်လမ်းတစ်ဖွဲ့လုံး မင်းဆရာရော မင်းတို့ရော တစ်ကျင်းထဲ ပေါင်းမြှတ်ပစ်မယ် " အဲလိုကြိမ်းဝါးတော့တယ်။

ဟုတ်ကဲ့ တပည့်ဖြစ်သူ ကျနော်ဘာလုပ်နေတယ် ထင်ပါသနည်း? တစ်အိမ်သားလုံး တစ်ရွာလုံးလိုလို ဆေးကုတဲ့ အိမ်ပေါ်ရှိနေတာဗျာ။ အမျိုးတွေချည်းပဲ တစ်စိမ်းဆိုလို့ဆရာနဲ့ကျနော် ၂ ယောက်ထဲ တံခါးမကြီးနဲ့က ၁၄ တောင်နီးပါးဝေးတယ် ပြဿနာဖြစ်ရင် ထိုင်နေတဲ့ လူအုပ်ကိုဖြတ်ပြီးမှ တံခါးမကြီးဆီရောက်မယ်။ ဘေးပြတင်းပေါက်တွေကလည်း ပိတ်ထားတယ်။ ခေါ်သွင်းထားတဲ့ အောက်လမ်းကောင်က စကားတစ်ခွန်းမှမပြောတော့ ဝင်ပူးမှန်းမပူးမှန်း ကိုယ်ကလည်းမသိ တော်ကြာ အိမ်သားတွေကသူတို့သမီးကို နှိပ်စက်ပါတယ်ဆိုပြီး ပြဿနာတက်ရင် ဆရာတပည့် ၂ ယောက် ပြေးပေါက်မှားမယ်ဆိုပြီး ကြောက်ကြောက်နဲ့ ကျနော့်ဘေးက ခန်းစီးကာထားတဲ့ ကန့်လန့်ကာထဲ ကိုယ်လုံးတစ်ပိုင်းကျော်ကျော် ဝင်တိုးပြီးပုန်းတာဗျ ဟီးးးဟီးးး။ ပိုဆိုးတာက အဲဒီ့မိန်းကလေးကသူ့ယောင်္ကျားထိုင်နေတာကို လှမ်းကြည့်ပြီး " ငါဘာမှမဖြစ်ပဲ လုပ်နေတယ် " အဲဒီ့လိုလှမ်းပြောတာဗျားးး။ ဟားးး ကျနော့်မယ် နေစရာမရှိအောင်ကို ကြောက်တာကလား။ ဒါဟာ ဆရာတွေ သတိထားရမဲ့ အချက် ပယောဂက ဆရာနဲ့ အိမ်သားကို လှည့်တိုက်ပေးတာလေ။

ဆရာက သူ့အမျိုးသားကိုမေးတယ် " ဟေ့ကောင် အခုမင်းမိန်းမပြောတာ မင်းဘယ်လိုသဘောရလည်း ? " သူ့အမျိုးသားက ရယ်နေပြီး " ဆရာကလည်း ကျနော်တို့က ရိုးနေပြီ ဆရာ့သဘော " အဲဒီလိုလည်းပြောရော ဆရာက " ကဲ ခွေးလောက်မှ အကျင့်မကောင်းတဲ့ကောင် မင်းတို့တစ်အုပ်စုလုံး သရဏဂုံတင်ပေတော့ " လို့ ပြောပြီး ဓါးဆွဲပွဲလည်းကိုင်ရော ~~~

ချက်ခြင်းကြီးဗျာ ~~~
" ဆရာရယ် မလုပ်ပါနဲ့ မသတ်ပါနဲ့တောင်းပန်ပါတယ်။ ဆရာက အထက်သမားလေ ကျနော်တို့နဲ့ပြိုင်မိုက်မလို့လား? ကျနော်တို့ အရှုံးပေးပါပြီ ဆရာကျေနပ်ပေးပါ တောင်းပန်ပါတယ် " ဆိုပြီး ငိုတာဗျာ။ အော် မိစ္ဆာများလည်တယ်နော်။ ဆရာလည်း စိတ်ဆိုးက မပြေသေးဘူး။ အိမ်သားတွေဆီက ကျောက်ပျဉ်တောင်းပြီး ကျောက်ပျဉ်ပေါ် အင်းစမ တစ်ချပ်ချလိုက်ပြီး " ကဲ မင်းအပြစ်မင်းသိရင် အချက် ၃၀ ဆောင့် " အဲဒီလိုလည်းပြောရော ဆောင့်လိုက်တာ ၁၀ ချက်ကျော်ကျော်လောက်မှာ ပုံရက်သားလဲကျသွားတယ်။ ကျနော်လည်း နဖူးသွားစမ်းကြည့်တာ နဖူးက ပျော့စိနေပြီ။ ပြဿနာတော့ ဒီတစ်ခါမှတစ်ကယ်တက်ပြီထင်တယ်လို့ တွေးမိတယ်။ အဲဒီ့အချိန်မှာပဲ ဆရာက သနားပြီး " စက်ပိုင်ရှင် အသက်မပြတ်စေနဲ့ "
အမိန့်ပြန်လိုက်တော့ တုန်တုန်ချိချိနဲ့ ထထိုင်ပါတယ်။ ပြီးတော့ ဆရာက သစ္စာရေတိုက် သူလုပ်ထားတဲ့အစာအပင်းတွေ အကုန်လုံးပြန်သပ်ချယူသွားခိုင်းပြီး ပြန်လွှတ်လိုက်ပါတယ်။ ဆရာက သစ္စာဆိုရာမှာ သတိထားမိတာ တစ်ခုက " ဆရာတို့ ဆုံးမထားတဲ့ ဒဏ်တွေကို ကျနော်စက်ပိုင်ရှင် အကုန်ယူဆောင်ပါ့မယ် ကာယကံရှင်ဆီလုံးဝ မကျန်စေရပါ လိမ်ညာခဲ့သော်~~~ " အဲဒီ့လိုထည့်ဆိုခိုင်းတာပဲ။ အောက်လမ်းကောင်ကို ပြန်လွှတ်လိုက်တော့ မိန်းကလေးက သတိရလာတယ် နဖူးမှာတော့ ရဲနေတုန်းပဲ။ နာတော့မနာဘူး ကျိန်းနေတယ်လို့ပြောလို့ ကျနော်စမ်းကြည့်တော့ ခုနကလို ပျော့မနေပဲသူလိုကိုယ်လို နဖူးပါပဲ။ ခဏနေတော့ ဆရာက စမ တစ်ချပ်ပြာချတိုက်ပြီး စက်ဖြတ်လိုက်ပါတယ်။ မိန်းကလေးဗိုက်ထဲက မကုခင် သူ့အမေကိုယ်တိုင် စမ်းသပ်ကြည့်တဲ့ အပင်းလုံးကတော့ ဘယ်မှကို ရှာမရတော့ပါဘူး။ ဒါဟာ ဒီလောကထဲကို ဝင်ရောက်ချိန်မှာ ဆရာပေါက်စတစ်ယောက်ရဲ့ ကကျိုးကကြောင် အတွေ့အကြုံလေးပါ။ အခုကိုယ်တွေ့အဖြစ်အပျက်လေးကနေ တစ်စုံတစ်ခု နောက်ဆုံး ( ရယ်မောရတယ်ဆိုရင်တောင် ) မိတ်ဆွေတွေ ရလိုက်တယ် ဆိုရင်ဖြင့်ကျနော် လက်ညောင်းခံရကျိုးလေးနပ်ပါတယ်။ မိတ်ဆွေ ညီအကို မောင်နှမများ ကိုယ်စိတ် ၂ ပါး ချမ်းမြေ့ကြပါစေ။ မေတ္တာဖြင့် ~~~~

" ရွှေရင်မော် "
ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်းတော်ကြီး
သာသနာပြု

Credit=ကိုသတိုး

No comments:

Post a Comment