Thursday, October 22, 2015

သရဲနှင့်​နပန်းလုံးသူ


သရဲနဲ့နပန်းလုံးသူ
********************
သူနာမည်ကခွန်းရွာမှာဆိုကြက်တိုက်လည်းသူ
ပါ……ဖဲရိုက်လည်းသူပါ……ထန်းတောကရန်ပွဲ
လည်းသူပါ……မပါမပြီးမတီးမမြည်ဆိုတဲ့ဘွဲ့ကိုရရှိထားသူပေါ့……နေညို၍လေပြိုချိန်ညနေ
စောင်းနေဝင်ချိန်လေးတွင်……သူကြီး၏ခိုင်း
ဖက်ငသောင်းတယောက်အူယားဖားယားဖြင့်
သူကြီးရေ……သူကြီး……
"ဟဲ့ကောင်"ငသောင်းငါမသေသေးဘူးဖင်
ကုန်းအော်မနေနဲ့"
"အွင့်"ငသောင်းတယောက်အလုံးလိုက်တစ်
နေလေသည်။
ပြောဟေ့ကောင်"နင့်ဂျီးဒေါ်ဒွေးမြလင်နောက်
လိုက်သွားလို့လား"
"အာ"သူကြီးရာလိုက်စရာလား……မသိဘူးလေ
မင်းကအူယားဖားယားပြေးလာတော့……ငါ
လည်းထင်ချင်ရာထင်တာပေါ့……
"အဲလိုပြောင်တဲ့သူကြီးပါဆိုမျက်နာပြောပါ
တယ်……သူကြီးထင်ချင်ရာထင်နေတာဟိုမှာ
ဖြစ်နေတာကရန်ပွဲဗျရန်ပွဲ………ဟိုကောင်ငခွန်း
မှပါရဲ့လားမပါမပြီးမတီးမမြည်ဆိုတဲ့ကောင်
သူကြီးကလည်းသူမပါတဲ့ရန်ပွဲဘယ်နှစ်ခါများ
စည်ကားဖူးလို့လဲ……
"တယ်ခွေးမသား"ရန်ပွဲတောင်ဒင်းကဆိုင်းနဲ့
ဗုံနဲ့ကြည့်ချင်နေသေးတယ်……ငါလုပ်လိုက်ရ
ဆိုပြီးပုဆိုးထဖြည်လေတော့………ငသောင်း
ခင်မျာ…မျက်နာဇီးရွတ်နဲ့……သူကြီးအချင်းချင်း
တွေလေဗျာ…တယ်ခွေးမသားနဲ့ငါ့ဟာငါ
ဆေးလိပ်မီးကျလို့ပုဆိုးထခါတာ……ဆောင့်
ကန်လိုက်ရလေ……ခိုင်းစရာတပည့်မရှိဖြစ်
တော့မည်……ဟုတ်တယ်လေသူကြီးကလူပျို
ကြီးဆိုတော့တပည့်အားကိုးနေရတာ။
………………………………………………………
ထန်းတောထဲတွင်တော့တဖက်ရွာကထွန်းလှ
တို့အဖွဲ့ငခွန်းစော်ထားတာ……ခွေးပြေး
ဝက်ပြေး…ပြေးနေလေပြီသူကြီးကတကားကား
နှင့်(နှစ်လုံးပြူးပြောပါတယ်)ရောက်လာချိန်
တွင်တော့……ထန်းတောကသူမဟုတ်သလို
တချို့ကလည်းကွတ်ကြည့်ကြည့်နေလေသည်
"ဟျောင့်ခွန်း"
"ဗျာ"ကျွန်တော့်ကိုခေါ်လား……သြော်ဟုတ်ကဲ့
ကိုဖိုးအေးရေသူကြီးအတွက်……တအိုးလောက်
ချဗျာ…အမြည်းကတော့ရိုးရာမပျက်အောင်
ပဲလှော်လေးပေါ့ဗျာ……
"ငါထန်းရည်လာသောက်တာမဟုတ်ဘူးကွ
မင်းကိုထိပ်တုံးခက်ဖို့လာခေါ်တာ……
မင်းခုနကရန်ဖြစ်လို့ဆိုဟုတ်လားငခွန်း……
"အာ"အလကားပါသူကြီးရယ်……အပျင်းပြေ
လေးပါ……သြော်အပျင်းပြေဟုတ်လား
ရတယ်လေမင်းအပျင်းပြေအောင်ထိပ်တုံးနဲ့
ချုပ်ထားရတာပေါ့ကွာ……"ငသောင်း"'
ဟိုကောင်ငခွန်းကိုဆွဲခေါ်လာခဲ့……မှတ်
လောက်းသားလောက်အောင်ချုပ်ထားရမယ်။
……………………………………………………………………
ရွာမှာကလည်းငခွန်းဆိုတာက…မပါမပြီးမတီမ
မြည်ဘွဲ့ယူထားပေမဲ့…တရွာလုံးကချစ်ကြသု
ရွာမှာကာလသားခေါင်းမဟုတ်ပေမဲ့……ရွာကကာလသားခေါင်းထက်……ပိုပြီးစကားရောက်သ်ုရွာ၏သာရေးနာရေးဆို…ကာလသားခေါင်း
ထက်……ရှေ့ကနေသည်။
ကာလသားငယ်များကိုနှစ်ခါမပြောရ……
ထို့ကြောင့်မို့လည်းကာလသားခေါင်းကအား
ကိုးသည်။
ထိုကြောင့်မို့လည်းမပါမပြီးမတီးမမြည်ဘွဲ့ကို
ပိုင်ဆိုင်ထားသူလေ……။
…………………………………………………………………
ငခွန်း၏တိုက်ခိုက်မူကိုခံထားရသောထွန်းလှ
တို့အဖွဲ့သည်……ငခွန်းကိုအစာမကြေလက်ရုံး
ရည်ချင်းယှဉ်တိုက်သောခါ…အရေးနိမ့်ခဲ့ရသု
ငခွန်းဆိုသည်ကလည်းငယ်စဉ်ရွယ်ထဲက
ဦးလေးဖြစ်သူ၏……သင်ကြားမူအောက်တွင်
ဗန်တို/ဗန်ရှည်/ဓါးကွတ်/လှံစက်များကိုအကျွမ်း
တဝင်ရှိခဲ့သည်။
ထို့ကြောင့်လည်းငခွန်းရွာကိုတခြားရွာများ…
မဆော်ကားရဲ…ရွာသူကြီး၏နှစ်လုံးပြူးထက်
ငခွန်း၏ခြေမြန်လက်မြန်ကိုကြောက်ကြသု
…………………………………………………………………
တနေ့ငခွန်းတယောက်သူကြီးနှင့်မြို့လိုက်ရန်
အကြောင်းဖန်လာသည်……
သူကြီးမြို့တက်အစည်းဝေးသွားရန်အတွက်
ငခွန်းကိုလိုက်ပို့ရန်အဖော်ဖြစ်ခေါ်သွားလေသု
ရွာ၏ဘွဲ့ထူးနာမထူးနှင့်နေသည့်လူကို…အ
ဖော်ခေါ်သွားရသည်ကလညိးအကြောင်းရှိသု
သူကြီးသွားမည့်ခရီးသည်ထန်းသုံးပင်င်္သချိုင်းကိုဖြတ်ရပေမညိဖြစ်သည်…………။
ဤင်္သချိုင်းကလွန်စွာမှနာမည်ကြီးသည်နေ့
ခင်းအခါတွင်ပင်လျှင်နာရေးကိစွရှိလျှင်မြန်စွာ
ပြုလုပ်ကာပြန်ကြတက်လေသည်………င်္သချိုင်း
ဘေးတွင်ပေါက်ရောက်နေသော……ထန်းပင်
သုံးပင်သည်……ဖိုခနောက်ဆိုင်ပေါက်ရောက်
နေသည်ထို့ကြောင့်လည်း……ထန်းသုံးပင်
င်္သချိုင်းဟုခေါ်တွင်ကြသည်။
…………………………………………………………………
င်္သချိုင်းများကြားတွင်ဆော့လှပါသည်ဆိုသော
နွားကျောင်းသားမျာသည်ပင်လျှင်ဤနေသို့
ဝေးစွာရှောင်ကြလေသည်……ခြောက်လှန့်မူကလည်းကြမ်းတမ်းသည်။
ဖိုခနောက်စိုင်ပေါက်နေသည့်……အပင်မှနေ၍
ဇောက်ထိုးဆင်းကာလိုက်တက်လေသု။
ပြေးနိုင်လျှင်ပြေးတချို့ဆိုချေးသေးထွက်ကျ၍
ဆရာနှင့်ကုသရသည့်အထိဖြစ်သည်။
အမျှအတန်းများပေးဝေသော်လည်း……အနှီ
ပုဂ္ဂိုလ်သည်မည်သည့်အရာကိုစွဲလမ်းနေသ
နည်း……သို့မဟုတ်သာဓုခေါ်ရန်မရလောက်
အောင်အကုသိုလ်ကြီးမားလေသားမပြော
နိုင်အောင်ဖြစ်ရသည်……ထို့ကြောင့်လည်း
နောက်ဆုံးတွင်နာရေးမှလွဲ၍မည်သူမျှအနား
မကပ်ဝံ့ကျချေ……ဤမျှထိခြောက်လှန့်မူက
ကြီးသည်။
………………………………………………………………
ယခုတွင်လည်းသူကြီးမတက်၍မဖြစ်သည့်
အစည်းဝေးမို့ရွာကနေလှည်းဖြင့်နေမမြင့်ခင်
ထွက်ခဲ့ကြလေသည်……အစည်းအဝေးသည်
တနေကုန်နီးပါးမျှကြာမြင့်နေလေသည်။
အစည်းဝေးပြီးဆုံးသောအခါငခွန်းမှာ၂ရေးမျှ
ပင်ရလေပြီ……တရေးနိုးသော်မပြီးသေးသော
ကြောင့်ပြန်အိပ်ရာ၂ရေးနိုးမှအစည်းဝေး
ပြီးလေသည်။
ပြန်ဖို့ရာပြင်ဆင်ပြီးသော်ညနေပင်စောင်းနေ
ချေပြီ……။မပြန်လို့ကမဖြစ်သူကြီးကပ်စေးနှဲ၏
ငွေအိတ်သည်ကျောက်ခဲရေညှစ်မှထွက်ဦးမည်
သူကြီးငွေအိတ်ကငွေကျဖို့မဖြစ်နိုင်…………။
ထိုကြောင့်မြို့တွင်တည်းဖို့မစဉ်းစားလေနှင့်…
နွားနှင်တံမြှောက်ကာတဟဲ့ဟဲ့နှင့်မောင်းလာ
ရာ……ထန်းသုံးပင်သို့ပင်ရောက်ရှိလာချိန်တွင်
နွားညီနောင်မှာ……လှည်းမဆွဲတော့ဘဲ……တရှုးရှုးဖြင့်နှာမှုတ်ကာ……ခွာယက်နေသည်။
ခက်တော့ခက်နေချေပြီ……

(ကျန်ရှိနေသောအပိုင်းအားဆက်တင်ပေးပါ
မည်)်

Wednesday, October 21, 2015

အ​ခေါင်းထမ်းလာ​သောလူ​လေး​ယောက်


အရှင်နန္ဒသာရ > ‎နာနာဘာဝပရလောကသားများနှင့်သရဲ၊ဖုတ်၊ပြိတ္တာ၊စုန်း၊ဝိညာဉ်လောကမှဖြစ်ရပ်ဆန်းများ

အခေါင်းထမ်းလာသောလူလေးယောက်
***************************
ဦဇင်းက မြို့စာသင်တိုက်မှာ စာဝါလိုက်ရင်း သီတင်းသုံးပါတယ်။သင်္ကြန်မတိုင်ခင် စာမေးပွဲပြီးလို့ရှိရင် ရွာကျောင်းကို ပြန်ဖြစ်ပါတယ်။ သိတဲ့အတိုင်းပဲလေ ရွာမှာဆိုရင် လျပ်စစ်မီးကမရှိ၊ ဖုန်းလိုင်းကမမိမနေတတ်ရင်တော့ ပျင်းစရာခြောက်ကပ်ကပ်ကြီး။ မပြန်ရင်လည်း ဇာတိမြေမလို့။ မိဘဆွေမျိုးတွေကို သတိရတာ။ တစ်နှစ်မှ တစ်ခါဆိုတော့။

ဒါကြောင့် နေ့ဆွမ်းစားပြီးရင် ဘာမှလည်းလုပ်စရာကလည်းမရှိ၊ စာလည်းကျက်စရာမလိုဆိုတော့ ရွာထဲကိုပဲ သွားလည်ရပါတယ်။ သင်္ကြန်တွင်းဆိုတော့ လူတွေ အလုပ်နားကြပါတယ်။ ဦးဇင်းမို့လို့လားမသိဘူး လူငယ်တွေနဲ့ စကားဝိုင်းသိပ်မဖြစ်ဘူး။ မေးတစ်ခွန်း ပြောတစ်ခွန်းပါပဲ။ ချစ်ကြောင်းကြိုက်ကြောင်း မပြောလို့ထင်တယ်။ လူကြီးတွေနဲ့ပဲ အပြောများတယ်။ ပြောကြတာကတော့ တရားအကြောင်း၊ ပရလောကအကြောင်း စသဖြင့်ပေါ့။ သူတစ်လည့် ကိုယ်တစ်လည့်ပါပဲ။ ဒါကြောင့်ဒကာတစ်ယောက်က သူကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခုကိုပြောပြလာပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်၃၀ကျော်က လို့ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်၃၀ကဆိုရင်ဦဇင်းတို့ရွာနားဆို တာအရမ်းထူပါတယ်။ ကျားဝက်ဝံသမင်ဆတ်ချေစတဲ့ သားကောင်ဆိုပေါမှပေါ။ ခုဆို တောကောင်ကြီးတွေမရှိတော့ဘူး ချေလောက်ပဲကျန်ပါတယ်။ တောဆိုတောင်ယာတွေ ဖြစ်ကုန်ပါတယ်။ တောထဲမှာ သစ်စိမ့်ပင်ဆိုတာရှိတယ်။ သစ်စိမ့်သီးဆိုရင် သမင်၊ချေ၊ဆတ်တွေအရမ်းကြိုက်ကြပါတယ်။ အပင်တိုင်းတော့ မဟုတ်ဘူးပေါ့။ အချို့သစ်စိမ့်ဆို ချိုလို့လားမသိဘူး အရမ်းကြိုက်ကြပါတယ်။ ကြွေကြတိုင်းအသီးကို စားတာ။ အချို့အပင်ကိုတော့ လုံးလုံးကိုမစားဘူး။ ရွာနီးနားပင်ဆိုရင်တော့ နေ့အခါ လာမစားကြပါဘူး။ ညအခါလူခြေတိပ်ခ်ျိန်မှာပဲ လာစားကြပါတယ်။ ဒါကြောင့် သမင်တွေစားတဲ့ သစ်စိမ့်ပင်နားဆိုရင် အခြားအပင်ပေါ်မှာလေကွယ်ရာအရပ် ဆိုပါတော့။ လင့်စင်ထို့ပြီးသေနပ်နဲ့ စောင့်ပစ်ကြပါတယ်။

သနပ်ဆိုတာက တူမီးသနပ်ပါ။ သံရေပိုက်နဲ့ ပန်းပဲဖိုမှာလုပ်ထားတဲ့ သနပ်ဆိုပါတော့။ ဟိုးအရင်တုန်းက နှစ်လုံးပြူးဆိုရင် လိုင်စင်နဲ့ကိုင်လို့ ရတယ်လေ။ သူကြီးဆိုလည်း ကိုင်ရပါတယ်။ နောက်ကျမှအစိုးရက ပြန်သိမ်းသွားတာ။ တူမီးကတော့ ခုချိန်ရွာသားတွေ ကိုင်ပါသေးတယ်။ အမဲလိုက်ဝါသနာပါတဲ့သူတွေပေါ့။

တစ်ညမှာ ခုနကပြောတဲ့ဒကာက သားကောင်ပစ်ဖို့ညစာ အစောစားပြီး ညမိုးချုပ်ခါနီးမှာ တောထဲကိုသွားပါတယ်။ လုပ်ထားတဲ့ လင့်စင်ဆီကိုပေါ့။ ရွာနဲ့လင့်စင်ဆို ၅မိုင်လောက်တော့ ဝေးပါတယ်။ တောထဲရောက်တော့ နေဝင်ပြီဖြစ်တာကြောင့် လင့်စင်ပေါ်ကိုပဲ တန်းတက်ပါတယ်။ ခါတိုင်းလည်း စောင့်နေကျဆိုတော့ ကြောက်လည်းမကြောက် အဖော်မခေါ်ပဲ တစ်ယောက်တည်းပဲ ဖြစ်ပါတယ်။ လင့်စင်ပေါ်ရောက်တော့ သေနပ်ပြောင်းကိုသစ်စိမ့်ပင်ရှိတဲ့ဖတ် ချိန်ထားရင်း စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်တယ်။

၈နာရီ၉နာရီ၁၀နာရီ ဘာကောင်မှ မလာသေးဘူး။ ခါတိုင်းဆို ၈နာရီနဲ့၉နာရီခွဲကြားမှာ လာပြီ အကောင်တစ်ကောင်ကောင်။ ဒီတစ်ညတော့ မလာဘူး။ ဒါကြောင့် ဆုံးဖြက်လိုက်တယ် ၁၁နာရီထိုးလို့ မလာဘူးဆိုရင် ပြန်မယ်လို့။ ဒီလိုနဲ့ လာနိုးနိုးလာနိုနိုးနဲ့ စောင့်ရင်း၁၂နာရီ ထိုးခါနီးသွာတယ်။

ဟော!..လာပြီ သားကောင်မဟုတ်ဘူး။ အခေါင်းထမ်းလာတဲ့ လူလေးယောက်။ အခေါင်းမှာ ရွှေစက္ကူကပ်ထားပြီး ကနုတ်ပန်းနဲ့ အကွက်ဖော်ထားပါတယ်။ တစ်တောလုံကို ဝင်းထိန်လင်းလို့။ လူလေးယောက် အင်္ကျင်္ီဘောင်းဘီ အနီတောက်တောက်ဝတ်ထားတယ်။ အဝေးကနေလာကတည်းက မြင်ရပါတယ်။ ကြောက်လည်းကြောက်ခြေဖဝါးလက်ဖဝါးတွေ အေးလို့။ ဝေးတုန်းက လင့်စင်ပေါ်က ဆင်ပြေးရမှန်းမသိဘူး။ နီးလာမှသတိရတယ်။ ဒါပေမဲ့ မမှီတော့ဘူး။ အခေါင်းထမ်းလာတဲ့ လူလေးယောက်ဟာ သစ်စိမ့်ပင်နား ရောက်လာပါတယ်။

နောက်ဆုံးတော့ ဖြစ်ချင်ဖြစ်ဆိုပြီး သေနပ်နဲ့ သေချာချိန်ပြီး ပစ်ချလိုက်ပါတယ်။ ပစ်ပြီးတဲ့အခါ ယမ်းငွေ့ပြယ်လို့ ကြည့်လိုက်တဲ့အခါ လူလေးယောက်ဟာ ပျောက်သွားပါတယ်။ အခေါင်းတော့မပျောက်ဘူး။ တောင်စောင်းအတိုင်း လျောဆင်းသွားပြီး ဝါးရုံကြားမှာ သွားခံနေတယ်။ တစ်တောလုံးကို လင်းထိန်နေတာပဲ။

တူမီးသေနပ်ဆိုတာက တစ်ချက်ပဲပစ်လို့ရပါတယ်။ တစ်ချက်ပစ်ပြီးရင် ယမ်းပြန်ထောင်း ခဲသီးထဲ့ပြီး ခဲသီးထွက်မကျအောင် သေနပ်ပြောင်းထဲမှာ အဝတ်စနဲ့ပြန်စို့ထားတာပါ။ ၁၀မိနစ်လောကြာပါတယ်။

ဒါနဲ့ သေနပ်ထဲယမ်းပြန်ထောင်းထဲ့ပြီး လင့်စင်ပေါ်ပြန်ဆင်း ဘေးဘီဝဲယာကြည့်ရင်းနဲ့ လာလမ်းအတိုင်းပြန်ပဲ ပြန်လာပါတယ်။ အိပ်ရောက်တော့မိန်းမကို နိုးအိမ်ဧည့်ခန်းမှာ မီးဖိုထည့်မိန်းမကို ဖြစ်ကြောင်းကုန်စင်ပြောပြရင်း တစ်ညလုံးမီးထိုင်လုံး နေပါတော့တယ်။ ကြောက်လန့်လိုက်ရတဲ့ည။

မနက်ရောက်တော့ သူကြီးနဲတကွရွာသားတို့ကို အကြောင်းပြောပြပြီး ဘာဖြစ်တာလဲ့လို့ စူးစမ်းချင်တာကြောင့် တုတ်ဓားသေနပ်အပြည့်စုံယူပြီး ရွာသားနဲ့အတူ ပြန်သွာကြည့်ပါတယ်။ ဘာမှထူးထူးခြားမတွေ့ပါဘူး ဝါးရုံကြားမှာ သေနေတဲ့သမင်ကိုပဲ တွေ့ပါတယ်။ ခဲသီးတော့ခေါင်းကို တည့်တည့်မှန်ထားပါတယ်။ ပိဿာချိန်၄၀လောက်ရှိပါတယ်။ ဒါကြောင့်ရွားသားနဲ့အတူ အသားဖျက်ပြီးပြန်လာကြပါတယ်။

အဲ့ဒီကတည်းက အမဲ့လိုက်ဝါသနာ ပျောက်သွားပါတော့တယ်။ အဒီဒကာကပဲ အဲ့ဖြစ်ရပ်မတိုင်ခင် သေနပ်ပစ် လက်အရမ်းဖြောင့်တယ် လို့ဆိုပါသေးတယ်။
ကျန်းမာချမ်းသာကြပါစေ..

အစိမ်း​သေတယ့်​​ဒေါ်လုံး

အစိမ်းသေတဲ့ ဒေါ်လုံးးးးးးးး

အချိန်ကညနေစောင်း နွားတွေစား
ကျက်ကအပြန် ပတ်ဝန်ကျင်တခုလုံးလည် ဖှုံ
လုံးကြီးတွေ ထနေပြီး ခြောက်သွေ့ လှတဲ့ နွေ
ဦးရာသီကြောင့်မို့ လည် အခုလို နွားအုပ်ကြီး
တွေ စားကျက်မြေကနေ ရွာဆီပြန်လာတော့ 
ဖှုံးလုံးကြီးတွေက ထနေတော့ ပတ်ဝန်ကျင်ကို
လည်သဲကွဲစွာမမြင်ရတော့ပေ။အဲဒီအချိန်ဆို 
ရွာရှိလူအများစုက မိမိတို့ အိမ်ပေါ်မှာပဲ အနေ
များကြပြီး မြဝတီကလာတဲ့ ကိုရီးယားကား
တွေအပေါ်မှာပဲ အာရုံတွေက ရောက်နေခဲ့ကြ
တယ်။
အဲဒီအချိန်မှာပဲ နွားအုပ်ကြီးရွာ
ထဲဝင်လာတော့ မြေမှုံ တွေက အနီးပတ်ဝန်
ကျင်ကို လွင့်စင်သွားပြီး အနီးအနားမှာရှိတဲ့ 
လူတွေရဲ့ မျက်စ်နဲ့ နှခေါင်းတွေထဲ ဝင်လာကြ
တော့ တချို့ လည် တကိုယ်လုံးပုဆိုးခြုံ လိုက်
ကြပြီ နွားအုပ်ကြီးအနားကထွက်ခွါသွားတော့
မှ ပုဆိုးမှာပေကျံနေတဲ့ ဖှုံ မှုံ တွေကို ခါထုတ်
ပြစ်လိုက်ကြတယ်။တောဓလေ့မို့ ပုဆိုးခြုံတဲ့
အကျင့်က ချမ်းလည်ခြုံ တတ်ကြသလို သူတ်ု့ 
အတွက်လည် အဆန်းတကျယ် မဟုတ်လှပေ။
ယောက်ကျားသားတွေအတွက် ပုဆိုးခြုံတာက အဆန်းတကျယ်မဟုတ်လှပေး
မဲ့ မိန်းမသားတွေအတွက်ကတော့ လုံခြည်ခြုံ
ကြတာက အမြင်ဆန်းလှပါတယ်။အခုလည်
ကြည့်းးးး နွားအုပ်ကြီးအနီးအနားကဖြတ်
သန်းသွားတော့ ဒေါ်လုံးတစ်ယောက် မျက်စိ
နား နှာခေါင်ထဲ မြေမှုံ တွေ မဝင်စေရန်အ
တွက်ခါးမှာစည်းထားတဲ့ ထမီကိုကောက်ခြုံ
ပစ်လိုက်တယ်။သူ့ အနားမှာလည် အရက်သ
မားတဏှာရူးသာအေးက ရှိနေတယ်။ဒါကို 
ဒေါ်လုံးက မမြင်။ မြေမှုံ တွေကြောင့် ဘယ်သူ
မှ မမြင်နိုင်ဘူးထင်ပြီး ထမီကို အထက်ပင့်ပြီ
ကောက်ခြုံလိုက်တာကြောင့် မမြင်သင့်တဲ့နေ
ရာတွေပေါ်သွားခဲ့ပြီး အနီးနားမှာရှိတဲ့ တဏှာရူးသာအေးက ပုဆိုးခေါင်းမြီခြုံထဲက
အသာအယာခိုးကြည့်နေလိုက်တယ်။သာအေးစိတ်ထဲမှာလည် မမြင်ဘူးတဲ့ အရာတွေ
ကြောင့် ကြက်သီးတဖြန်းဖြန်းထလာပြီး " 
ဒါကြီးဘာကြီးလည်းနောက်ဟိုဟာကြီးက
ဘောကြီးလည်မသိဘူးဆိုပြီ" ကြည့်ကောင်း
ကောင်းနဲ့ ကြည့်နေလိုက်တာ သူ့ နှာခေါင်းထဲ
နားတွေထဲ ပါးစပ်တွေထဲ မြေမှုံ တွေက ဘယ်လောက်ဝင်သွားမှန်းလည် သူမသိတော့
ကြုံတောင့်ကြုံခဲ လေးမို့  ရလိုက်တဲ့အခွင့်အ
ရေးလေးပေါ်မှာ သူမျက်တောင်မခတ်တမ်း
ငမ်းကြောထနေမိခဲ့တယ်။
တကယ်တော့ ဒေါ်လုံးက 
အိမ်ထောင်မရှိ တကိုယ်တည်းအပျိုကြီးဖြစ်
ပြီးအရပ်ကလည် ထောင်ထောင်မောင်းမောင်း
ဘော်ဒီတောင့်တောင့်နဲ့ မို့ လမ်းလျောက်တိုင်း
လည် သူ့ ရဲ့ နိမ့်လိုက်မြင့်လိုက် တင်ပါးစုံတွေ
ကြောင့် ပုရိသ ယောက်ကျားတွေက ငမ်း
ကြောထကြတာ အဆန်းတော့မဟုတ်လှပေ။
အညှီရှိလို့ ယင်ရှိတာ မဟုတ်ပါ့လား။ဒေါ်လုံး
မှာက မွေးရာပါ အတက်ရောဂါရှိပြီး သူစိတ်
ဖေါက်ပြန်လာပြီးဆိုရင် သူ့ ကို ထိန်းချုပ်ဖို့ မ
လွယ်ကူလှပေ။တော်ရုံယောက်ကျား၃ယောက်လောက်ကို အသာလေးကိုင်ပေါက်ပြစ်နိုင်
တာကြောင့်လည် သူ ရောဂါဖေါက်လာရင်သူ့ 
အနားမကပ်ဝံကြချေ။ သူ့ ကို နိုင်တဲ့သူ တစ်
ယောက်တော့ရှိပါတယ်။ သူ့ လိုပဲ ခန္ခာကိုယ်
ကြံ့ခိုင်းဖွံ့ထွားတဲ့ သူ့ အစ်ကိုပါပဲ။ ဒီနေ့ တော့
သူ့ အစ်ကိုလည် မြို့ ပေါ်တက်ပြီး ခြံထွက်သီး
နှံတွေရောင်းနေတာကြောင့် အခုအချိန်အထိ
ပြန်မရောက်လာသေးပေ။
ဒီအချိန်မှာပဲ သူ့ ရောဂါက
ဖေါက်လာပြီး ရွာထဲမှာရှိသမျှ ပစ္စည်းတွေကို
ရိုက်ခွဲ ဖျက်ဆီးပြစ်နေတာကြောင့် သူ့ အနား
ဘယ်သူမှ မကပ်ဝံကြပဲ ကြောက်လန့် တ
ကြားထွက်ပြေးသူက ထွက်ပြေး ။ပုန်းတဲ့သူ
ကပုန်းကြပေါ့။ သူ အားရအောင် ရိုက်ခွဲပြီး
တော့့မှ ရွာအနောက်ဘက်မှာရှိတဲ့ သင်္ချိုင်း
ဘက်ထွက်ခွါသွားခဲ့တယ်။ဒီတော့မှ ပုန်းနေ
သူတွေလည် ပြန်ထွက်လာရဲကြပြီ ရိုကါခွဲ
ထားတဲ့ ပစ္စည်းတွေကို လိုက်ကောက်ပြီးသန့် 
ရှင်းရေးလုပ်ကြပေါ့။ ဒေါ်လုံးကတော့ ခါတိုင်
နဲ့ မတူပဲ ဒီနေ့ သူ့ အစ်ကိုမရှိတဲ့ အချိန်မှာမှ
ရွာအပြင် သင်္ချိုင်းဘက်ထွက်သွားခဲ့ပြီး သင်္ချိုင်
ရောက်တော့ မြေပုံအမှတ်အသားလုပ်ထားတဲ့
တိုင်တွေကို လိုက်ပြီးရိုက်ချိုးဖျက်ဆီးပစ်ခဲ့
တယ်။
ခဏကြာတော့ သူလည်မော
သွားတယ်ထင်ပါရဲ့ ။သင်္ချိုင်းအနားမှာရှိတဲ့
ရေတွင်းပျက်ထဲ ရေဆင်းသောက်တာကနေ 
ရေနစ်ပြီးသေသွားခဲ့တယ်။အနားမှာလည်
ဘယ်သူမှမရှိကြတော့ ကူညီမဲ့သူ မဲ့ပြီးအ
သက်ဆုံးပါးခဲ့ရသလို အနားမှာ ကူညီမဲ့လူ
တွေရှိ ရင်လည် တော်ရုံလူက ကူညီရဲကြမှာ
မဟုတ်ပေ။အချိန်ကလည် ညနေ နေဝင်ချန်
ရောက်နေတော့ အမှောင်ရိပ်က သန်းလာပြီး
သူအခုလို အသက်ဆုံးပါးသွားကြတာလည်
ဘယ်သူကမှ မသိလိုက်ကြပေ။ညရောက်လာ
တော့ ရွာရှိလူတွေက တချို့ လည်အိပ်မောကျ
နေချိန် တချို့ လည် ဆေးပေါလိပ်လေးဖွား
ရေနွေးကြမ်းလေးသောက်ပြီး စကားလက်ဆုံ
ကြနေအခိုက် သင်္ချိုင်းဆီကနေ ရွာဘက်ကို 
လျောက်လှမ်းလာနေတဲ့ မဲမဲ သတ္တာဝါ မျက်လုံးနီနီ ရဲရဲ ကြီးတွေကြောင့် မြင်ရသူ
တွေလန့် ဖျတ်သွားသလို အနားရောက်လာလို့ လောင်လေးဂွတွေနဲ့ ချောက်လှန့် ပြစ်လည် 
ဘာမှထူးမလာပဲ အနီးအနားရှိ တုတ်တွေ ဓါး
တွေနဲ့ ချောက်လှန့် မောင်းထုတ်လည် ပေါ်လာ
လိုက် ပျောက်သွားလိုက်ဖြစ်နေတာကြောင့် 
လူတွေလည် ဘာလုပ်ရမှန်းမသိတော့ပေ။
ဇောချွေးတွေပြန်လာပြီး အားလုံးလည် ကြောက်လန့် နေကြချိန် ရှေးမှီ နောက်မှီလူကြီ
တစ်ယောက်က မီးဖိုထဲအမြန်ပြေးသွားပြီး ဖွဲ
ပြာတွေကို လက်နဲ့ ရသလောက်စုပ်ကိုင်လိုက်
ပြီးပြီးမှ ဖွဲပြာတွေကို သေးနဲ့ ပန်းလိုက်တယ်။
စိုရွဲ သွားတဲ့ ဖွဲပြာတွေကို လက်ထဲစုပ်ကိုင်
လိုက်ပြီး စောစောက မဲမဲသတ္တဝါ မကောင်း
ဆိုးဝါးကြီးအပေါ် ပက်ဖြန်းပစ်ပေါက်လိုက်
တော့မှ ပျောက်ကွယ်သွားခဲ့တော့တယ်။
အဲဒီညက အဖျက်အပျက်က မနက်မိုးလင်း
တော့ သိခဲ့ရတာပါပဲ။ ဒေါ်လုံးတစ်ယောက်
ရေတွင်းပျက်ကြီးထဲမှာ မျက်လုံးကြီးတွေ
လျှာကြီးတွေ ပြူးထွက်နေပြီးသေးဆူံးနေတာ
ကြောင့် ညကလာချောက်လှန့် တဲ့သူဟာလည်
ဒေါ်လုံးဆိုတာ သိလိုက်ရတော့တယ်။

Tuesday, October 20, 2015

ကိုယ်​​ပျောက်​တ​စ္ဆေ

ကဲတင်Pနော်.......မကောင်းလဲသည်းခံဖတ်ပေးကြပါ ပထမဆုံးဆိုတော့..နောက်တော့ကိုယ်တွေ့လေးတွေလဲတင်မယ် ပတ်ဝန်းကျင်ကအဖြစ်ပျက်လေးတွေလဲတင်မယ်နော်............
ကျွန်တော့နာမည်ကဘခက်ပါ အတိကျဆိုဒေါက်တာဘခက်ပေါ့ အသက်က၃၂ရှိပြီ 
ကျွန်တော့မိန်းမက ၂၈ပဲရှိသေးတာ မလေးနွယ်တဲ့
ပတ်ဝန်းကျင်ကတော့ မနွယ်လို့ပဲ 
ခေါ်ကြတယ်
ကျွန်တော့ကိုတော့ဆရာလေးတဲ့ (သီလရှင်တော့မဟုတ်ဘူးနော်) မိတ်ဆက်တာများပြီ 
ကျွန်တော်ကနယ်ကပါ မြို့ပေါ်ကျောင်းလာ တက်ရင်းမြို့သူနဲ့ညားပြီး မြို့သားဖြစ်လာတာပေါ့ ကျွန်တော့မိန်းမက မြို့သူပီပီ လည်တယ် ဆက်ဆံရေးလဲကောင်းတယ် တွေ့သူသိသူအကုန်လုံးက နေနဲ့လရွှေနဲ့မြလို့ပြောကြတယ် ဒါပေမဲ့ဗျာ ကိုယ့်ဝမ်းနာ ကိုယ်သာသိတာပေါ့လေ သူဌေးသမီးယူပြီး သူဌေးသမက်ဖြစ်လာတဲ့ကျွန်တော် အားလုံးကကျွန်တော့်ဘဝကို အားကျနေကြတယ် ကျွန်တော်တော့ တော်တော်နောင်တရမိပါရဲ့ အရာရာ သူ့သဘောတိုင်း လက်ခံ ခေါင်းညိမ့် အရာရာနွယ့်သဘောလုပ်နေရတော့မုန်းလာတယ် ဆက်မပေါင်းချင်တော့ဘူး နာကျင်မှုများလာတော့နာကျည်းလာတယ်လေ တော်ရုံဆိုကိုယ်ပေါင်းနေတဲ့မိန်းမကို ဘယ်ရက်စက်ပါ့မလဲ ခုကယူထားတဲ့မိန်းမအပြင် မိန်းမရဲ့တစ်မျိုးလုံး တစ်ဆွေလုံးရဲ့ ခိုင်းနွားကြီးကိုဖြစ်ရောအဲ့ဒါနဲ့အစဖျောက်ဖို့ စဉ်းစားလိုက်တယ်ကျွန်တော်က ဆရာဝန်တယောက်လေ လူ့အသက်ကိုကယ်တင်နေတာပဲ လူ့အသက်တစ်ချောင်းကိုဖျက်ဆီးဖို့က လွယ်လွယ်လေးပေါ့ အဲ့ဒါနဲ့ပဲ ဆန္ဒကို အကောင်ထည်ဖော်တော့တာပေါ့  ကျွန်တော်ဆိုတာကလဲ ဆရာဝန်ဆိုတော့လဲ လူရည်သန့်လေး ဘယ်သူမှတောင်ထင်မှာမဟုတ်ဘူး အဲ့ဒီတော့ သူ့ကိုမသတ်ခင် ၁၀ရက်လောက်ကတည်းက ကျွန်တော်ကအလုပ်ကိစ္စနဲ့ခရီးထွက်စရာရှိတယ်လို့သတင်းလွှင့်ထားလိုက်တယ် ပြီးတော့ ရှိရှိသမျှ ပတ်ဝန်းကျင်က ကလေးအစ ခွေးအဆုံး မျက်စိနောက်လောက်အောင် တွဲသွားတွဲလာပြလိုက်တယ်လေ ................
ကဲ...တကယ်သတ်မဲ့နေ့ရောက်လာပြီလေ သိပ်မခက်ပါဘူး သူသောက်မဲ့နွားနို့ထဲ အိပ်ဆေးများများခပ် သူအိပ်မောကျမှလုပ်ငန်းစလိုက်တာပေါ့ လည်မျိုကနေစပြီး ခန္ဓာကိုယ်အပိုင်းပိုင်းဖြတ် ကလီစာမကျန်နုတ်နုတ်စင်း မကျေနပ်ခဲ့သမျှ စုပြီးတော့ပေါ့ အပိုင်းပိုင်းအတစ်တစ်ဖြစ်တော့မှ ဘွိုင်လာအိုးထဲထည့် နောက်နေ့ဆို အရိုးတောင်မကျန်ဘူး ပျာဖြစ်သွားပြီလေ ကိုယ့်အတွေးနဲ့ကိုယ်ဟုတ်နေတာပဲ ကိစ္စလဲပြီးရော သွေးစသွေးနတောင်မကျန်အောင် သုတ်သင်သိမ်းဆည်း ပြီးတော့ ဟန်မပျက်ပဲ မနက်ဖြန်ကခရီးထွက်ရမှာကိုးး နောက်နေ့မနက်ရောက်တော့ ထုပ်ပိုးထားတဲ့ အထုပ်ပိုးလေးကိုင်ပြီးထွက်လာတယ် အိမ်တံခါးတောင်သော့မခတ်ဘူး ကျွန်တော့မိန်းမရှိနေတဲ့ ပုံစံပေါ့လေ တစ်ပတ်လောက် ခရီးထွက်မယ် ပြန်လာမှ မိန်းမကမရှိတော့ဘူး နောက်လင်နောက်ပဲလိုက်ပြေးသလိုလို ငိုပြလိုက်ရင် ပတ်ဝန်းကျင်ကတောင် သနားနေကြအုံးမှာလေ ကဲစထွက်ပါပြီ........
လမ်းထိပ်လဲရောက်ရော သောက်နေကြစီးကရက်ကုန်နေလို့ အန်တီဝေတို့ကုန်စုံဆိုင်မှာ စီးကရက်ဝင်ဝယ်လိုက်မိပါတယ် ပြဿ နာကအဲ့မှာ စတာပါပဲ .. ကျွန်တော့ကိုဆရာလေးခရီးသွားမို့လားလို့မေးပြီး မျက်လုံးကဆိုင်တံခါးအဝနားရောက်သွားပြီး အော်မနွယ်လဲပါတာပဲ လို့ပြောတော့ ဟာဘယ့်နှယ်ဘယ်ကမနွယ်လဲပေါ့ အော်ဆရာကလဲ ဆရာ့အမျိုးသမီးလေတဲ့ ဒုက္ခပါပဲ သူ့မိန်းမကဖြင့်ခုချိန်မှာ ပျာတောင်ဖြစ်နေပြီလေ ဒါကိုတွေ့တယ်ဆိုတော့ အေးလေ လူကြီးပဲ မျက်စိမှားတာနေမှာပါဆိုပြီး ထွက်လာတယ် ရုတ်တရက်ဆိုတော့လမ်းကွေ့ကထွက်လာတဲ့ ဒေါ်တုတ်ကြီးကိုမမြင်မိပဲဝင်တိုးမိပါလေရော ဒေါ်တုတ်ကြီးက ဆရာလေး လောကြီးနေတယ်ထင်တယ်တဲ့ပြီးမှမျက်လုံးက ကျွန်တော့နောက်ကိုကျော်ကြည့်ပြီးမှ မနွယ်ရေအမြန်သာလိုက် ဆရာလေးကဘာတွေလောကြီးနေလဲမသိဘူးတဲ့ ဒုက္ခော စဉ်းစားစရာပဲ ဘယ်မှာလဲကျွန်တော့မိန်းမကလို့မေးတော့ ဆရာရဲ့ အနောက်နားမှာလေတဲ့ စိတ်ရှုပ်လာပြီ အဲ့ဒါနဲ့လှည့်ထွက်ခဲ့ရော ဒေါ်တုတ်ကြီးကလှမ်းအော်တယ် မနွယ် ဆရာနဲ့ရန်ဖြစ်ထားတာလား ဆရာလေးကမစောင့်ဘူး အမှီလိုက်တော့တဲ့ ကျွန်တော်လဲ ဘူတာကိုခပ်သုတ်သုတ်လှမ်းလာမိတယ် ပြီးတော့လက်မှတ်ဖြတ်တယ်လေ တခုံဘယ်လောက်လဲဆိုတော့ ၂၀၀ တဲ့(အရင်တုန်းကပေါ့)ကောင်းပါပြီဆိုပြီး ၁၀၀၀တန်ထုတ်ပေးလိုက်တယ် ၆၀၀ ပဲပြန်အမ်းတယ် ဟာဘာလို့၆၀၀ပဲပြန်အမ်းသလဲဆိုတော့ ဆရာ့မိန်းမကောလေတဲ့ အဲ့တာကြောင့်၂ခုံစာပါတဲ့ ဘာမှမပြောတော့ဘူး ရထားစီးလာတယ် ကျွန်တော်ဆင်းမဲ့မြို့ရောက်ပါပြီ ဗိုက်ဆာလာတာနဲ့ ထမင်းဆိုင်မှာ ထမင်းစားဖို့မှာလိုက်တယ် စားပွဲထိုးလေးကကျွန်တော့ကိုကျော်ကာ အမကရောတဲ့ ပြီးတော့ ထမင်းတွေရောက်လာတော့ စစားတယ် တော်တော်လေးတော့ စဉ်းစားနေရပြီလေ ဘာလို့ကျွန်တော့်မိန်းမကိုမြင်နေကြတာလဲ ကြောက်လာပါတယ် ကျွန်တော်သေချာစဉ်းစားနေရပြီ ရထားလက်မှတ်လဲနှစ်ယောက်စာ ဘာစားစား ဘာဝယ်ဝယ် နှစ်ယောက်စာရှင်းနေရတယ် အဲ့ဒါနဲ့နီးတဲ့ရဲစခန်းဝင်ပြေးပြီး အပြစ်တွေတိုင်ကာ ဖမ်းဖို့ပြောလိုက်တယ် မဟုတ်ရင်ရူးတော့မယ်လေ အဲ့ဒီမှာရဲမှူးက တံခါးပေါက်ဆီလှမ်းကြည့်ပြီး အစ်မလေးလာပါ ဘာအလိုရှိ ပါသလဲတဲ့
ပြီးတော့ကျွန်တော့်ကိုကြည့်ပြီး အော်ဒါက အစ်မအမျိုးသားလားတဲ့ ပြီးတော့ အစ်ကို ခင်ဗျားပြောတော့ ခင်ဗျားမိန်းမကိုသတ်ခဲ့တယ်ဆို ခုဒီ မိန်းကလေးကခင်များ မိန်းမတဲ့ ကျွန်တော်လဲ သွေးရူးသွေးတန်းနဲ့အော်ပစ်လိုက်တယ် ရဲမှူးကြီးကပြောတယ် ကျွန်တော်တို့တွေက အပြစ်မရှိတဲ့လူတစ်ယောက်ကို အလကားသက်သက်ဖမ်းမရဘူးတဲ့လေ အဲ့ဒါနဲ့ ဘာပဲဖြစ်ဖြစ်ကျွန်တော့ကိုဖမ်းချုပ်ထားပေးပါ ဆိုတော့ ခနတော့ချုပ်ထားပေးပါ့မယ်ဆိုပြီး ရဲမှူးကြီးက အချုပ်ထဲဖမ်းထညိ့ထားပေးတယ်လေ ပြီးတော့ ကျွန်တော့အိမ်ကို စုံစမ်းခိုင်းပါတယ် သွားစုံစမ်းတဲ့ ရဲသားပြန်ရောက်လာတော့ ကျွန်တော်...................
ရဲမှူးကြီးက အစ်ကိုတဲ့ ခင်ဗျားမိန်းမက မသေဘူးတဲ့ ခရီးထွက်သွားတာနေမှာလို့ပတ်ဝန်းကျင်ကပြောတယ်တဲ့ အစ်ကိုကလဲ အစ်ကို့မိန်းမကိုသိပ်ချစ်တာမို့ ဒါမျိုးတော့မလုပ်ဘူးလို့ပြောကြတယ်တဲ့ ဒါကြောင့်အပြစ်မရှိတဲ့ လူကိုကျွန်တော်တို့ဖမ်းပိုင်ခွင့် မရှိပါဘူး ဆန္ဒရှိရာသွားနိုင်ပါတယ်ခင်ဗျာတဲ့လေ
ကဲ ကျွန်တော်ဘာလုပ်ရမလဲ ဘယ်ချိန်ဘယ်နေရာမှာမဆို သူ့ရဲ့အရိပ်ကြီးကဖုံးလွှမ်းနေတာ ကျွန်တော်ကမမြင်ရပဲ သူများတွေကပဲမြင်ရတာ ကျွန်တော်အိပ်မက်ထဲမှာ ညတိုင်းငိုပြီး နှောင့်ယှက်နေတာလေ ကျွန်တော် ဒီဒုက္ခက လွတ်အောင်မကူညီနိုင်တော့ဘူးလားဗျာ စားလဲဒီစိတ်သွားလဲဒီစိတ်ဆိုတော့ ကျွန်တော်မရူးခံနိုင်မလားဗျာ အကုသိုလ်ကအကျိုးပေးတာပေါ့ ဒါပေမဲ့ ခုချိန်ထိ ကျွန်တော့် မိန်းမကိုကျွန်တော်သတ်တယ်ဆိုတာ ဘယ်သူမှ မယုံကြသလို သူကလဲကျွန်တော့်ကို အမြဲတမ်းခြောက်လှန့်ဆဲပါပဲဗျာ ....................ကျွန်တော်သေရင်တော်လွတ်နိုင်ပါ့မလားးး...................

ပြီးပါပြီ
ပြီးဆုံးတဲ့ထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်
ပညာရှင်မဟုတ်ပါ ဝါသနာရှင်အဆင့်သာဖြစ်ပါတယ် ခုမှပထမဆုံးစာစရေးတာဆိုတော့ အမှားပါရင်ခွင့်လွှတ်ကြပါလို့.. 
frတွေ အားပေးရင် နောက်လဲဆက်ရေးပါမည်
ကျေးဇူးတင်ပါသည်။။ ။။
Vampire treasure