အရှင်နန္ဒသာရ > နာနာဘာဝပရလောကသားများနှင့်သရဲ၊ဖုတ်၊ပြိတ္တာ၊စုန်း၊ဝိညာဉ်လောကမှဖြစ်ရပ်ဆန်းများ
အခေါင်းထမ်းလာသောလူလေးယောက်
***************************
ဦဇင်းက မြို့စာသင်တိုက်မှာ စာဝါလိုက်ရင်း သီတင်းသုံးပါတယ်။သင်္ကြန်မတိုင်ခင် စာမေးပွဲပြီးလို့ရှိရင် ရွာကျောင်းကို ပြန်ဖြစ်ပါတယ်။ သိတဲ့အတိုင်းပဲလေ ရွာမှာဆိုရင် လျပ်စစ်မီးကမရှိ၊ ဖုန်းလိုင်းကမမိမနေတတ်ရင်တော့ ပျင်းစရာခြောက်ကပ်ကပ်ကြီး။ မပြန်ရင်လည်း ဇာတိမြေမလို့။ မိဘဆွေမျိုးတွေကို သတိရတာ။ တစ်နှစ်မှ တစ်ခါဆိုတော့။
ဒါကြောင့် နေ့ဆွမ်းစားပြီးရင် ဘာမှလည်းလုပ်စရာကလည်းမရှိ၊ စာလည်းကျက်စရာမလိုဆိုတော့ ရွာထဲကိုပဲ သွားလည်ရပါတယ်။ သင်္ကြန်တွင်းဆိုတော့ လူတွေ အလုပ်နားကြပါတယ်။ ဦးဇင်းမို့လို့လားမသိဘူး လူငယ်တွေနဲ့ စကားဝိုင်းသိပ်မဖြစ်ဘူး။ မေးတစ်ခွန်း ပြောတစ်ခွန်းပါပဲ။ ချစ်ကြောင်းကြိုက်ကြောင်း မပြောလို့ထင်တယ်။ လူကြီးတွေနဲ့ပဲ အပြောများတယ်။ ပြောကြတာကတော့ တရားအကြောင်း၊ ပရလောကအကြောင်း စသဖြင့်ပေါ့။ သူတစ်လည့် ကိုယ်တစ်လည့်ပါပဲ။ ဒါကြောင့်ဒကာတစ်ယောက်က သူကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခုကိုပြောပြလာပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်၃၀ကျော်က လို့ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်၃၀ကဆိုရင်ဦဇင်းတို့ရွာနားဆို တာအရမ်းထူပါတယ်။ ကျားဝက်ဝံသမင်ဆတ်ချေစတဲ့ သားကောင်ဆိုပေါမှပေါ။ ခုဆို တောကောင်ကြီးတွေမရှိတော့ဘူး ချေလောက်ပဲကျန်ပါတယ်။ တောဆိုတောင်ယာတွေ ဖြစ်ကုန်ပါတယ်။ တောထဲမှာ သစ်စိမ့်ပင်ဆိုတာရှိတယ်။ သစ်စိမ့်သီးဆိုရင် သမင်၊ချေ၊ဆတ်တွေအရမ်းကြိုက်ကြပါတယ်။ အပင်တိုင်းတော့ မဟုတ်ဘူးပေါ့။ အချို့သစ်စိမ့်ဆို ချိုလို့လားမသိဘူး အရမ်းကြိုက်ကြပါတယ်။ ကြွေကြတိုင်းအသီးကို စားတာ။ အချို့အပင်ကိုတော့ လုံးလုံးကိုမစားဘူး။ ရွာနီးနားပင်ဆိုရင်တော့ နေ့အခါ လာမစားကြပါဘူး။ ညအခါလူခြေတိပ်ခ်ျိန်မှာပဲ လာစားကြပါတယ်။ ဒါကြောင့် သမင်တွေစားတဲ့ သစ်စိမ့်ပင်နားဆိုရင် အခြားအပင်ပေါ်မှာလေကွယ်ရာအရပ် ဆိုပါတော့။ လင့်စင်ထို့ပြီးသေနပ်နဲ့ စောင့်ပစ်ကြပါတယ်။
သနပ်ဆိုတာက တူမီးသနပ်ပါ။ သံရေပိုက်နဲ့ ပန်းပဲဖိုမှာလုပ်ထားတဲ့ သနပ်ဆိုပါတော့။ ဟိုးအရင်တုန်းက နှစ်လုံးပြူးဆိုရင် လိုင်စင်နဲ့ကိုင်လို့ ရတယ်လေ။ သူကြီးဆိုလည်း ကိုင်ရပါတယ်။ နောက်ကျမှအစိုးရက ပြန်သိမ်းသွားတာ။ တူမီးကတော့ ခုချိန်ရွာသားတွေ ကိုင်ပါသေးတယ်။ အမဲလိုက်ဝါသနာပါတဲ့သူတွေပေါ့။
တစ်ညမှာ ခုနကပြောတဲ့ဒကာက သားကောင်ပစ်ဖို့ညစာ အစောစားပြီး ညမိုးချုပ်ခါနီးမှာ တောထဲကိုသွားပါတယ်။ လုပ်ထားတဲ့ လင့်စင်ဆီကိုပေါ့။ ရွာနဲ့လင့်စင်ဆို ၅မိုင်လောက်တော့ ဝေးပါတယ်။ တောထဲရောက်တော့ နေဝင်ပြီဖြစ်တာကြောင့် လင့်စင်ပေါ်ကိုပဲ တန်းတက်ပါတယ်။ ခါတိုင်းလည်း စောင့်နေကျဆိုတော့ ကြောက်လည်းမကြောက် အဖော်မခေါ်ပဲ တစ်ယောက်တည်းပဲ ဖြစ်ပါတယ်။ လင့်စင်ပေါ်ရောက်တော့ သေနပ်ပြောင်းကိုသစ်စိမ့်ပင်ရှိတဲ့ဖတ် ချိန်ထားရင်း စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်တယ်။
၈နာရီ၉နာရီ၁၀နာရီ ဘာကောင်မှ မလာသေးဘူး။ ခါတိုင်းဆို ၈နာရီနဲ့၉နာရီခွဲကြားမှာ လာပြီ အကောင်တစ်ကောင်ကောင်။ ဒီတစ်ညတော့ မလာဘူး။ ဒါကြောင့် ဆုံးဖြက်လိုက်တယ် ၁၁နာရီထိုးလို့ မလာဘူးဆိုရင် ပြန်မယ်လို့။ ဒီလိုနဲ့ လာနိုးနိုးလာနိုနိုးနဲ့ စောင့်ရင်း၁၂နာရီ ထိုးခါနီးသွာတယ်။
ဟော!..လာပြီ သားကောင်မဟုတ်ဘူး။ အခေါင်းထမ်းလာတဲ့ လူလေးယောက်။ အခေါင်းမှာ ရွှေစက္ကူကပ်ထားပြီး ကနုတ်ပန်းနဲ့ အကွက်ဖော်ထားပါတယ်။ တစ်တောလုံကို ဝင်းထိန်လင်းလို့။ လူလေးယောက် အင်္ကျင်္ီဘောင်းဘီ အနီတောက်တောက်ဝတ်ထားတယ်။ အဝေးကနေလာကတည်းက မြင်ရပါတယ်။ ကြောက်လည်းကြောက်ခြေဖဝါးလက်ဖဝါးတွေ အေးလို့။ ဝေးတုန်းက လင့်စင်ပေါ်က ဆင်ပြေးရမှန်းမသိဘူး။ နီးလာမှသတိရတယ်။ ဒါပေမဲ့ မမှီတော့ဘူး။ အခေါင်းထမ်းလာတဲ့ လူလေးယောက်ဟာ သစ်စိမ့်ပင်နား ရောက်လာပါတယ်။
နောက်ဆုံးတော့ ဖြစ်ချင်ဖြစ်ဆိုပြီး သေနပ်နဲ့ သေချာချိန်ပြီး ပစ်ချလိုက်ပါတယ်။ ပစ်ပြီးတဲ့အခါ ယမ်းငွေ့ပြယ်လို့ ကြည့်လိုက်တဲ့အခါ လူလေးယောက်ဟာ ပျောက်သွားပါတယ်။ အခေါင်းတော့မပျောက်ဘူး။ တောင်စောင်းအတိုင်း လျောဆင်းသွားပြီး ဝါးရုံကြားမှာ သွားခံနေတယ်။ တစ်တောလုံးကို လင်းထိန်နေတာပဲ။
တူမီးသေနပ်ဆိုတာက တစ်ချက်ပဲပစ်လို့ရပါတယ်။ တစ်ချက်ပစ်ပြီးရင် ယမ်းပြန်ထောင်း ခဲသီးထဲ့ပြီး ခဲသီးထွက်မကျအောင် သေနပ်ပြောင်းထဲမှာ အဝတ်စနဲ့ပြန်စို့ထားတာပါ။ ၁၀မိနစ်လောကြာပါတယ်။
ဒါနဲ့ သေနပ်ထဲယမ်းပြန်ထောင်းထဲ့ပြီး လင့်စင်ပေါ်ပြန်ဆင်း ဘေးဘီဝဲယာကြည့်ရင်းနဲ့ လာလမ်းအတိုင်းပြန်ပဲ ပြန်လာပါတယ်။ အိပ်ရောက်တော့မိန်းမကို နိုးအိမ်ဧည့်ခန်းမှာ မီးဖိုထည့်မိန်းမကို ဖြစ်ကြောင်းကုန်စင်ပြောပြရင်း တစ်ညလုံးမီးထိုင်လုံး နေပါတော့တယ်။ ကြောက်လန့်လိုက်ရတဲ့ည။
မနက်ရောက်တော့ သူကြီးနဲတကွရွာသားတို့ကို အကြောင်းပြောပြပြီး ဘာဖြစ်တာလဲ့လို့ စူးစမ်းချင်တာကြောင့် တုတ်ဓားသေနပ်အပြည့်စုံယူပြီး ရွာသားနဲ့အတူ ပြန်သွာကြည့်ပါတယ်။ ဘာမှထူးထူးခြားမတွေ့ပါဘူး ဝါးရုံကြားမှာ သေနေတဲ့သမင်ကိုပဲ တွေ့ပါတယ်။ ခဲသီးတော့ခေါင်းကို တည့်တည့်မှန်ထားပါတယ်။ ပိဿာချိန်၄၀လောက်ရှိပါတယ်။ ဒါကြောင့်ရွားသားနဲ့အတူ အသားဖျက်ပြီးပြန်လာကြပါတယ်။
အဲ့ဒီကတည်းက အမဲ့လိုက်ဝါသနာ ပျောက်သွားပါတော့တယ်။ အဒီဒကာကပဲ အဲ့ဖြစ်ရပ်မတိုင်ခင် သေနပ်ပစ် လက်အရမ်းဖြောင့်တယ် လို့ဆိုပါသေးတယ်။
ကျန်းမာချမ်းသာကြပါစေ..
No comments:
Post a Comment