Sunday, October 18, 2015

ကိုယ့် ဆေးရုံတက်တုန်းက အဖြစ်အပျက်လေးပေါ့ အရေးပေါ် ခွဲစိတ်ခန်းဝင်ထားရတဲ့ အတွတ် ညဘက်မှာစောင့်ရှောက်ဖို့ နပ်ငှားရတယ်လေ နပ်က အထက်တန်းတက်ဖော်သူငယ်ချင်းပေါ့ ခွဲစိတ်ခန်းဝင်တုန်းက ထုံဆေးနဲ့ဆိုတော့ ဆေးအရှိန်မပျယ်မခြင်း လှုပ်ရှားလို့မရဘူးရယ်။ သူငယ်ချင်းက ညကိုးနာရီမှ ဂျူတင်ဝင်ပြီး လာစောင့်မှာ ဆေးရုံကြောက်တဲ့ နာ့ သူငယ်ချင်းအလာကို မျှော်ရင်း ဆေးအရှိန်နဲ့ အိပ်ပျော်သွားတယ် နိုးလာတော့ ညလယ်တစ်နာရီရှိပြီး မေမေက ဘေးကကုတင် အလွတ်မှာ အိပ်ပျော်နေပြီ။ ရေသောက်ချင်ပေမယ် ခွဲထားတဲ့နေရာက နာတော့မလှုပ်ရဲဘူး မေမေကို လှမ်းနိုးမလို့ လုပ်နေတုန်း သူငယ်ချင်းဝင်လာတယ် ရေသောက်ချင်တယ်ပြောတော့ နားကြပ်လေးနဲ့တစ်စက်ချင်းတိုက်တယ် အများကြီးသောက်လို့မရဘူးလို့ပြောတယ် အစာလည်းစားခွင့်မရှိဘူးနော်တဲ့ ရေတိုက်ပြီးတော့ ဆေးပုလင်းကုန်တာကို အသစ်လဲပြီး လက်ပြောင်းချိတ်ပေးတယ် အဲလိုချိတ်တော့ သူ့လက်တွေက အေးနေတာပဲ ဟာ နင်လက်တွေ အေးလှချည်းလား မြမြဝေရ လို့ပြောတော့ အပြင်ကနေလာလို့အေးတာပါ ဆိုပြီးပြောတယ် သူအသံကလည်း တစ်မျိုးကြီးရယ် အအေးမိနေသလိုဘာလိုလိုနဲ့ ဆေးပုလင်းချိတ်ပြီးတော့ သူက ဘေးကခုံလေးမှာ ထိုင်နေတယ် နာ့လည်းပြန်အိပ်လိုက်တာပေါ့ အိပ်ပျော်လုလုမှာ နပ်မကြီးတစ်ယောက်ဝင်လာရော ဆေးပုလင်းပြောင်းချိတ်ထားတာတွေ့တော့ ဇဝေဇဝပုံနဲ့ ကြည့်တယ် နိုးလာတဲ့မေမေကို ဘယ်သူလာလဲသွားတာလည်း မေးလို့ နာ့က မြမြဝေလာချိတ်ပေးတယ်ပြောတာပေါ့ ။ နပ်မကြီးနဲ့အမေက ကိုယ့်ကို တွေပြီးကြည့်တယ်ဘာမှတော့ပြောဘူး ကိုယ်လည်းပြန်အိပ်လိုက်တာပေါ့ မနက်ရောက်တော့ နာကို အခန်းပြောင်းတော့တာပဲ ဆရာဝန်တွေကလည်း ခနခနလာကြည့်တယ် ဘာဖြစ်တာလည်းတော့မသိဘူး။ မြမြဝေကို မတွေ့လို့မေးကြည့်တော့ ညဂျူတီပြီးလို့ပြန်သွားပြီး ညမှလာမှာတဲ့။ ညကျတော့ နပ်ကသူမဟုတ်ပြန်ဘူး အစားမစားရပဲ ဆေးပုလင်းတွေချည်းချိတ်နေတော့ လူကစိတ်တိုနေပြီ သူငယ်ချင်းကိုလည်း မတွေ့ရတော့ လူကဂျီကျချင်လာပြီ မေမေက မျက်နှာပျက်နေပြီ နေမကောင်းလို့မလာတာပါဆိုပြီးချော့တယ် ကြာလာတော့ ဆေးကြောင့် အိပ်ပျော်သွားရော တရေးနိုးတော့ တစ်ချက်တီး ဘေးခုံမှာ မြမြဝေက ထိုင်နေတယ် ဟာ သူငယ်ချင်း နင်မလာဘူးဆိုလို့ ငါစိတ်ဆင်းရဲနေတာ နင်နေကောင်းပြီးလားဆိုတော့ ငါနေကောင်းပါတယ်နင့်ကိုငါစောင့်ပေးမှာပါ စိတ်မပူနဲ့နော်တဲ့ ။ မအိပ်သေးပဲ သူနဲ့ ကျောင်းတုန်းက အကြောင်းတွေပြောကြတာပေါ့။ မေမေရယ် နပ်မအသစ်လေးရယ်ကအိပ်နေတာသိုးလို့။ နှစ်နာရီထိုးတော့ ဆေးပုလင်းပြောင်းချိတ်တယ် ဆေးချိတ်ရင်း ဆေးနံ့အပြင် သွေးနံ့လိုလို ရတယ် ချုပ်ရိုးက သွေးစိမ့်တာလည်းမဟုတ်။ ဟေ့ မြမြဝေ သွေးနံ့မရဘူးလား ။ သူမျက်နှာနည်းနည်း ပျက်သွားတယ် ။ မရပါဘူးဟာ။ တဲ့ သူကို သေချာကြည့်တော့ သူအင်္ကျပခုံးမှာ သွေးစက်တွေလိုလိုမြင်ရတယ် ။ နင့် အင်္ကျမှာ သွေးတွေပေနေသလားလို့ဆိုတော့ ဟုတ်လား ခွဲခန်းကူတုန်းက ပေသွားလားမသိဘူးနင်ဆီလာချင်ဇောနဲ့ လာတော့ မသိလိုက်ဘူး ။ ဒါဆို အင်္ကျသွားလဲလိုက် ။ လို့ပြောတော့ အေးအေး ဆိုပြီးသူထွတ်သွားတယ်။ သူထွတ်သွားပြီး မကြာပါဘူး နပ်မလေးနိုးလာရော နာရီကြည့်ပြီး ဆေးပူလင်း ပြောင်းချိတ်ဖို့ ပြေးလာတယ် ချိတ်ပြီးပြီးပြောတော့ ဘယ်သူချိတ်တာလည်းတဲ့ မြမြဝေလေဆိုတော့ မျက်လုံးပြူုးပြီးကြည့်တယ်။ ခု အင်္ကျသွားလဲတယ် ခနနေပြန်လာမယ်လည်းဆိုရော အမလေးဆိုပြီး အော်တော့တာပဲ မေမေလည်းနိုးလာတယ် ဆရာဝန် နှစ်ယောက် နဲ့နပ်မကြီးတစ်ယောက်လည်း ရောက်လာတယ် နပ်မလေးက သတိလစ်တော့မလို ဖြစ်နေလို့ နပ်မကြီးက ခေါ်သွားတယ် ဘာတေဖြစ်မှန်းကို မသိဘူး ။ ဆရာဝန်က ကိုယ့်အခြေအနေကို စစ်ဆေးပြီးတော့ မေမေနဲ့ စကားပြောတယ် ကိုယ့်ကတော့ ပြန်အိပ်ပျော်သွားတာပေါ့။ မနက်ကြတော့ အခန်းပြောင်းပြန်ရော ။ မပြောင်းခြင်ပါဘူးဆိုလည်းမရ လမ်းက လျှောက်လို့မရတော့ ကုတင်ကိုရွေ့သွားကြတာ။ စိတ်တေကိုရှုပ်လို့ ဆေးရုံမှာ နောက်နှစ်ရက်နေရအုံးမှာ နေ့တိုင်းပြောင်းရင် မလွယ်ဘူးနော့ ပြောတော့ မေမေနဲ့ ယောင်းမက မျက်စောင်းထိုးတယ် ဒါတွေအားလုံး ညဉ်းကြောင့်လေတဲ့ သမီးနဲ့ဘာဆိုင်တုန်း သမီးက ပြောင်းချင်တယ်ပြောပါဘူး ဆိုတော့ ဘာမှမကြောကြတော့ဘူး။ ညနေရောက်တော့ သူငယ်ချင်းတွေလာရော တယောက်တစ်ပေါက်ပြောကြရင်း မြမြဝေ ဆေးရုံမှာ နပ်လုပ်နေတယ် လို့ပြောလိုက်တော့
သူငယ်ချင်းတစ်ယောက်က မြမြဝေလား သူသနားပါတယ်နော်တနေ့ကပဲဆိုင်ကယ် မတော်တဆဖြစ်ပြီးဆုံးသွားပြီး နင်မသိဘူးလားတဲ့ မဖြစ်နိုင်တာ ညကပဲ ငါကို လာကြည်သေးတယ် ဆိုတော့ အားလုံးကအံ့သြသလိုကြည့်တယ် မျက်ပြူးမြမြဝေကိုပြောတာနော့်လို့  ကိုယ်ထက်ပြောတော့ အေးဟုတ်တယ် သူပဲလေ ဆုံးပြီးဟ နင်ခွဲခန်းဝင်တဲ့ နေ့ပဲလေတဲ့ မေမေဝင်လာလို့ မေမေ မြမြဝေ ဆုံးတာ တစ်ကယ်လား ညကတင်သူလာသေးတယ်လေ မေမေက သူငယ်ချင်းတေကို ဝေ့ကြည့်ရင်း ဟုတ်တယ် သမီး သူဆုံးပြီးတဲ့ ကိုယ့်အရမ်းအံ့သြသွားတယ် နှစ်ညလုံး ကိုယ့်ကို အဖော်လာပြုပေးတာ ဘယ်သူလည်း လာအားပေးတာဘယ်သူလည်း အပြုံးမျက်နှာနွမ်းနွမ်းလေးနဲ့ သူငယ်ချင်းလေး သူကဆုံးပြီးတဲ့။ညကြတော့ သူလာအုံးမလား မျှော်မိပေမယ့် မလာတော့ဘူး သူဆုံးသွားတာ ကိုယ်သိသွားပြီးမလို့မလာတာများလား။ တမလွန်ရောက်တာတောင် ကိုယ်ကို စိတ်ပူရှာ အားပေးရှာတဲ့ သူငယ်ချင်းကို ကိုယ်လေတကယ်ပဲ ကျေးဇူးလည်းတင် စိတ်လည်းမကောင်းခဲ့ဘူး။ ဆေးရုံဆင်းတော့ အိမ်မှာ သူအတွတ် ဘုန်းကြီးငါးပါးပင့်ပြီး ဆွမ်းကပ် အမျှဝေပေးခဲ့တယ် သူရပါစေ ။
သူငယ်ချင်းမြမြဝေရေ အမျှ အမျှ အမျှ ။
Thandar
်

No comments:

Post a Comment