အစွဲအလမ်းကြီးသူ
*****************
ကျွန်မကကြောက်သာကြောက်တတ်
တာ..အသုဘတို့ သရဲကြောင်းတို့ လာ
ထား ရှေ့ဆုံးကပဲ..ဟဲဟဲ...
ကျွန်မကျောင်းကပြန်လာပြီး အလုပ်ထဲပြန်မ၀င်ခင်ကပေါ့..ကျွန်မတို့အိမ်
မျက်စောင်းထိုးက အမျိုးသမီးတစ်ယောက်.ကလေးငယ်ငယ်လေးနဲ့
မီးယပ်ဝမ်းလိုက်ပြီး သေသွားခဲ့ပါတယ်
ကျွန်မလည်းအလုပ်တွေ ထားခဲ့ပြီး
အဲ့သေတဲ့အိမ်ကိုသွားကြည့်တာပေါ့
အမျိုးသမီးအမည်က ''မခင်စန်း''တဲ့
သူတို့အိမ်လှေကားထစ်အပေါ်ဆုံး
လည်းရောက်ရော ခြေလှမ်းတွေတန့်
သွားတယ်..မတန့်ပဲနေမလား...
ုမြင်ရတဲ့မြင်ကွင်းက ချောက်ချားစရာပါ
ည သာဆို သွေးပျက်လောက်တယ်..
သူ့ယောက်ျားက ခေါင်းရင်းကနေ..
အီး..အိ..အိ နဲ့ငိုနေတယ်...
မခင်စန်းက နဂိုတည်းကသွားကမသိ
မသာ ခေါ်နေပါတယ်..ဆုံးလည်းဆုံး
တော့ အရိုးပေါ်အရေတင်..နေမကောင်းလို့ခေါင်တုံး တုံးထားတော့.
ခေါင်းတုံးဆံပင်ပေါက်နဲ့..
မျက်ကွင်းတွေ ပါးတွေက အထဲကို
တော်တော်ချိုင့်ဝင်နေတာပေါ့..
အဲ့ဒါနဲ့ကျွန်မ ရှေ့ဆက်မတက်ရဲပဲ ခဏ
ရပ်ကြည့်ပြီး ပြန်ဆင်းလာတာပေါ့...
ဆင်းရဲလိုက်တာလည်း ပြောမနေပါနဲ့
အိပ်မှာ ကြမ်းကအပြည့်မရှိဘူး..
တစ်နေ့လုပ်မှ တစ်နေ့စားပေါ့...
သဂြိုဟ်ဖို့တောင်မရှိလို့ ရပ်ကွက်ထဲ
လိုက်အလှူခံရပါတယ်...
အဲ့မခင်စန်းမှာ သားသမီး ၄ ယောက်
ရှိပါတယ်..အငယ်ဆုံးကလေးက သုံးလ အရွယ်ပဲရှိသေးပါတယ်...
နေ့ ၁ နာရီ လောက်သဂြိုဟ်ဖို့လုပ်တော့ အဲ့ကလေးကို လိပ်ပြာခွဲတာပေါ့
ကျွန်မကရှေ့ဆုံးကလေ...
ဘယ်သူ့မှမပေးဘူးဆရာ.ခေါင်းမာ
ချက်..ကြာတော့လိပ်ပြာခွဲပေးတဲ့ဦးလေးကြီးက စိတ်တိုလာတာပေါ့..
ဘေးက တဖက်ကတုတ်ကြီး ကိုင်ပြီး
မာန်ပြီး.နင် ခုမပေးဘူးလား ပေးမှာ
လား..ငါ မရိုက်ချင်ဘူးနော်..တဲ့..
ဆိုပြီး သုံးလေးခါလောက်မာန်တော့မှ
သူ့လင်ညီအစ်မ(သူ့ယောက်ျားအစ်ကို
မိန်းမ)က ကလေးမရှိဘူးလေ..သူ့ကို
ပေးလိုက်တယ်..
အဲ့အစ်မက သူ့သားသမီးတွေကို အ
ရမ်းချစ်တာလေ..
အဲ့လိုနဲ့ သဂြိုဟ်ပြီးသွားရော...
ညကျတော့ ခွေးကအူလိုက်တာ ကမ္ဘာ
ပျက်မတတ်ပဲ..ကလေးခေါ်တဲ့အစ်မ
က ကျွန်မတို့နောက်ဖေးလမ်းထဲကပါ
မနက်ကျ အဲ့အစ်မကပြောပြပါလေရော..
ညကမခင်စန်း သူ့တို့အိမ်ကိုလာတယ်တဲ့ သူ့ကလေးကိုစိတ်မချတာတဲ့..
ငါတို့ ကပြောပါတယ်..နင်သားကိုစိတ်ချပါ သားအရင်းလေးလို စောင့်ရှောက် မှာပါလို့..ပြောလည်းမရဘူးတဲ့..
ခြင်ထောင်ထဲကိုဝင်လာတာလဲ သိ
တယ်တဲ့ ကလေးကိုမြူလို့ ကလေးက
ရယ်နေတယ်တဲ့..
အမလေး..ကျွန်မသာဆို အသက်ထွက်ပြီပဲ..ကလေးကလည်း ခေါ်လာ
တည်းကနေမကောင်း..ဟိုပြ ဒီပြ ဆေးတွေလည်းစုံလို့ပဲ..
အဲ့အစ်မက ငိုသံပါကြီးနဲ့ မခင်စန်းရယ်
နင့်သားလေးကို မခေါ်သွားပါနဲ့ဟယ်
လို့..ပြောလည်း ကလေးက မိခင် ဆုံး
ပြီး သုံးရက်ပဲခံပါတယ်..
ကလေးလည်းသေသွားတယ်...
သူများတွေပြောတာတော့ သူ့သားကို
စိတ်မချလို့ ခေါ်တာတဲ့...
ဘာပဲဖြစ်ဖြစ် မိခင်စိတ်ပေါ့နော်...
အားလုံးကိုကျေးဇူးတင်ပါတယ်....
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ......
မင်းသွေးစံ
No comments:
Post a Comment