ငယ်တုန်းကကြုံ တွေ့ခဲ့ရတဲ့ အဖြစ်ပျက် လေးပါ ။
ဥပုသ်နေ့ ဆို အိမ်က အမေ တို့ အဖွား တို့နဲ့ ဥပုသ်စောင့် အမြဲလိုက်တယ်
မုန့်တွေအများကြီး စားရလို့ လေ ။
သူငယ်ချင်း တွေလည်း လာကြတော့ အရမ်း ပျော်စရာ ကောင်းတယ် ။
ဘုန်းကြီးကျောင်း နဲ့ ဘုရားက အနီးလေးပါပဲ
အနားပတ်ဝန်းကျင်မှာလည်း ဘုရားတွေ ရှိတယ်။
သူငယ်ချင်းတွေနဲ့ ဆော့ရင် အဝေးက ဘုရား နားမှာသွားဆော့ရတယ် ။
ဆူညံနေရင် လူကြီးတွေက အဆူခံရလို့ ။
နေ့လည် ၁၁ နာရီလောက်ဆို ထမင်းစားကြပြီး လူစုကြတယ် ။
ဘယ် ဘုရားနား သွားဆော့မယ် ဆိုတာ တိုက်ပင်ကြတာပေါ့ ။
စားစရာ သောက်စရာ တွေလည်း ယူသွားကြတာ ။
ညနေပြန်ချိန် လောက်မှ ဘုန်းကြီးကျောင်း ကိုပြန်လာကြတာ ။
အဲ နေ့က လည်း သွားဆော့ကြတာ ပေါ့ ။
အကုန် လုံး ၇ ယောက် ။
စပြီးခေါ်တဲ့ သူက ကုလား ။
ကုလား ဆိုတာက သူက အသားမဲမဲ ဆံပင် ကောက်ကောက် နဲ့ မို့ ကုလား လို့ခေါ်ကြတာ
သူက စပြီး နေရာ ရွေးတာ ။
" ဟေ့ ငါ တို့ ဒီနေ့ မွန်းတည့် ဂူထဲ သွားဆော့ရအောင် "
"ဟယ် မှောင် တယ် ဟ "
" မှောင် တော့ ဘာဖြစ်လည်း ဟ
ငါ တို့ လူများ သားပဲ ဘာကြောက်စရာ ရှိလည်း "
" အေး ဟေ့ သွား ကြ မယ် "
အကုန်လုံးက သဘောတူလိုက် ကြတယ် ။
မွန်းတည့် ဂူ ဆိုတာက ဘုရားနဲ့ ခပ် လှမ်းလှမ်း ပေါ့ ။
မှောင်မည်း နေတာ ။
မွန်းတည့်ချိန် ၁၂ နာရီ တိတိ ဆို ဂူအပေါ်က အပေါက်နဲ့ နေက အတည့်ပဲ ။
အဲချိန်ပဲ အလင်းရောင် ရှိ တယ်။
ကျန်တဲ့ အချိန်မှာ အမြဲ မှောင်နေတာ ။
စ,ဝင် တဲ့ ဂူလှိုင်ခေါင်း ကကျယ်ပေမဲ့ တဖြည်းဖြည်းချင်း ကျင်းသွားတယ် ။
အရမ်း အေးဆက် နေတတ်တယ် ။
မှောင်တယ် ဆိုရာမှာ ညအချိန် မီးပျက်လို့ မှောင်တဲ့ အမှောင်မျိုး မဟုတ်ဘူး ။
ဘာမှကို မမြင်ရအောင် မည်းမည်း မှောင် နေတာမျိုး ။
တဖက်မြေအောက်က ဂူထဲဝင်လာပြီး ဂူထဲကနေ အပေါ်ပြန်တက် ရတာ။
( တခြားဖြတ်လမ်းကနေလည်း ဂူအပေါ် သွားလို့ ရပါတယ် )
ဂူထဲက အပေါ်တက်တဲ့ လှေကားလမ်းက နှစ်ယောက် ယှဉ်သွားလို့ မရဘူး ။
အရမ်း ကျင်းတယ် ။ မမြင် မစမ်းနဲ့ နံရံ ကို လက်ထောက်ပြီး တက်ရတာ ။
လူကြီးတွေက အဲ ဂူထဲ သွားဆော့တာ မကြိုက်ဘူး ။ အကြာကြီး လည်း မနေနိုင်ဘူး
အသက်ရှူ ကျပ် တယ် ။ ကလေးဘဝ တုန်းကတော့ ခဏခဏ သွားဆော့ဖြစ် တယ်
ဒီလိုနဲ့ မွန်းတည့် ဂူထဲ ဝင်လာခဲ့ ကြတယ် ။
ဂူအဝင်နားကတော့ အလင်းရောင် ရှိတယ် ။
စားစရာတွေကို အဲ နားမှာပဲ ထားလိုက်ကြတယ် ။
သူငယ်ချင်း ၇ ယောက် ဆူညံနေအောင် ဆော့ကြတာပေါ့ ။
ကုလားနဲ့ ထွန်းထွန်း က ဂူထဲဝင်ပြီး အပေါ်တက် ကြ ။
ပြန်ဆင်းရင် လျှောတိုက် ဆင်းနဲ့ ဆော့နေကြတယ် ။
ကျန်တဲ့သူတွေကတော့ ဂူအတွင်းထဲ မဝင်ကြဘူး ။
မကြာပါဘူး ကုလားနဲ့ထွန်းထွန်း ပြန်ထွက်လာတယ်။
ထွန်းထွန်း က ကုလား ဘာဖြစ်မှန်းမသိဘူး တဲ့
ဒါနဲ့ ကုလား ကို လှည့်ကြည့်တော့ ကြောင်တောင်တောင်နဲ့ မတ်မတ်ကြီး ရပ်နေတယ် ။
ပြီးတော့ ထမင်းချို င့် ကို ကြည့်နေတယ် ။
" ဟဲ့ ကုလား ဘာဖြစ်နေတာ လဲ "
" ဗိုက် စာ လို့ "
တိုတိုပြတ်ပြတ် အသံနဲ့ တင်းမာနေတဲ့ မျက်နှာကြီး ။
သူငယ်ချင်း တွေလည်း နည်းနည်းတော့ လန့်သွားကြတယ် ။
ထွန်းထွန်း ကို လှမ်းကြည့်ပြီး မျက်စ ပစ်ကြတာပေါ့ ။
ထွန်းထွန်း က…
" ငါ နဲ့ဆော့နေတာပဲ
ဂူ ပေါ်ကပြန်ဆင်းတော့ ကုလား က ဘယ်လို ဆင်းသွားမှန်းတောင် မသိလိုက်ဘူး …
ငါ နောက်ကလိုက်ဆင်းတော့ သူက အောက်မှာ တောင့်တောင့် ကြီး ရပ်နေတာ
အဲဒါနဲ့ ပြန်ထွက်ရအောင် ပြောပြီး ခေါ်လာတာ "
" ဗိုက် စာ တယ် "
ထပ်ပြောလာတဲ့ ကုလား အသံက ကြောက်စရာကြီး ။အဲဒါနဲ့ အေး အေး ဆိုပြီး
ရှိတဲ့ ထမင်းချိုင့်ကို ကျွေး လိုက်တယ် ။
" ငါ မ ဝ ဘူး "
ဟယ်… ရော့ မုန့်တွေ စား
" မ စား ဘူး "
" ဟဲ့ ကုလား နင် ဘာဖြစ်နေတာ လဲ "
" ငါ ကုလား မဟုတ်ဘူး "
"အ မလေး "
ငါ ကုလားမဟုတ်ဘူး လို့လည်း ပြောပြီးရော
မျက်လုံးကြီးက ရဲရဲ တောက်လာတယ် ။
အကုန်လုံးလည်း ကြောက်တာနဲ့ ထွက်ပြေးခဲ့ ကြတယ် ။
ဆူ ညံ အော်ဟစ် ပြီး ပြေးလာကြတော့ လူကြီးတွေလည်း လန့်ကုန်တာပေါ့။
ဘာဖြစ်လာကြတာလည်း ဝိုင်းမေးကြတော့မှ
ပြောပြကြတာပေါ့ ။
လူကြီးတွေလည်း ဆရာတော်ကို လျှောက်ကြတယ် ။
ဆရာတော်က ဂူ ရှိတဲ့စီ ကြွလာပါတယ် ။
ဂူ နားရောက်တော့ ကုလား ကိုလှမ်းကြည့်တော့
ဂူ ထဲမှာ ငုတ်တုတ် ကြီး ထိုင်နေတယ် ။
ဆရာတော် က …
"ဟဲ့ နင် ဘယ်သူတုန်းး
ဘာလို့ ကလေး တွေကို နှောက်ယှက်တာ တုန်း "
" ဗိုက် စာ လို့ "
" နင် က ဒီ ဂူ ထဲ နေတာ လား"
" မဟုတ် ဘူးး ဂူ ပေါ်က အပင်မှာ "
ဆရာတော် မေးတာကို ဖြေပေမယ့် အသံက ခပ်ပြတ်ပြတ် ။
" နင် ကလေးတွေကို မနှောက်ယှက် နဲ့ ပြန်တော့ "
" ဗိုက် စာ တယ် "
" အေး…နင် စား ချင်တာ ကျွေးမယ် ဒါပေမယ့်
နောက် ကို ဒါမျိုး မလုပ်နဲ့ ကြား လားးး"
ဆရာတော် ကို မျက်လုံးကြီး ပြူး ကြည့်နေတယ် ။
ဆရာတော်က ကျောင်းမှာရှိတဲ့ ထမင်းနဲ့ ဟင်းကို ကျွေး လိုက်ပါတယ် ။
စားတာမှ အား ရ ပါး ရ
ဘုန်းကြီးကျောင်း ဆိုတော့ ဟင်းကအစုံ
ကန်တော့ပွဲ ပြင်တဲ့ ဇလုံကြီးထဲမှာ အပြည့်
မကြာလိုက်ပါဘူး အကုန် ကုန်ရော
ဆရာတော် က …
" နင် စားပြီး ရင် ပြန်တော့ ကလေးကိုလည်း မလန့်စေနဲ့ နောက်လည်း ဒီလိုမလုပ်နဲ့
ထပ်လုပ်ရင် နင့် ကိုနှင်ထုတ်ပစ်မယ် ကြား လားးး "
ဒီတစ်ခါတော့ ဗိုက်ပြည့်သွားလို့ ထင်တယ်
ခေါင်းကိုသွက်သွက် ညိမ့်ပြတယ် ။
ခဏနေတော့ ထိုင်နေရာ ကနေ လဲကျသွားတယ် ။
ဆရာတော် က ပြန်ထွက်သွားပြီ ကလေးကို ခေါ်ခဲ့ကြ ဆိုမှ ကုလား ကို ချီ ခေါ်လာကြတယ် ။
ကျောင်းရောက်မှ ပရိတ်ရေ နဲ့ ပက်ဖျန်း ။
ဆရာတော် က မေတ္တာ ပို့ နေတယ် ။
ခဏနေ ကုလား သတိရလာတယ် ။
သူ ဘာမှ မသိဘူး ။
သူ မှတ်မိတာက ဂူထဲကနေ လျှောတိုက် ဆင်းလာတော့ သူ့ကို တစ်ယောက်ယောက်က လှမ်းဆွဲလိုက် သလို ပဲတဲ့ ။ အဲ နောက် သူ ဘာမှ မမှတ်မိတော့ဘူး ။
လူကြီး တွေလည်း ခုမှ ဆူဖို့ သတိရသွားတော့တယ်။
အဲ ချိန်က စပြီး အဲဒီ ဂူထဲ မသွားကြတော့ပါ ။
ဘုရား နာမည် မပြောပြ တာကို နားလည်ပေး စေလိုပါသည် ။
ခုချိန်ခါ မှာ တော့ အဲဒီ မွန်းတည့် ဂူအား ပိတ်ထားလိုက်ပါပြီ ။
ကျေးဇူးတင်ပါသည်
ပျား ဘုရင်မ
Tuesday, October 20, 2015
ပျားဘုရင်မရဲ့ဝတ္ထုလေးပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment