Pee Ta Lu > နာနာဘာဝပရလောကသားများနှင့်သရဲ၊ဖုတ်၊ပြိတ္တာ၊စုန်း၊ဝိညာဉ်လောကမှဖြစ်ရပ်ဆန်းများ
(အဖေရဲ့မေတ္တာ )ဖြစ်ရပ်မှန်
''အဖေ သမီးစာအုပ်ကုန်နေပြီ ''
အကြီးမ ပြောပြီး လို့  ဦးရေချမ်းသက်ပြင်းလေ
ပူ မှုတ်ထုတ်မလို့ လုပ်နေတုန်း ''အဖေ သားရဲ့-
ကျူ ရှင်လခ ကိုပေးပါအုန်းအဖေ သူများတွေအ
ကုန်ပေးပြီးပြီ သားပဲကျန်တော့တယ်''
''အေးပါ သားနဲ့သမီးတို့ ရယ် မပူပါနဲ့ အဖေရှာ
ပေးပါ့မယ်ကွ''ဦးရေချမ်း မှာသားနဲ့သမီးတို့ ရဲ့
ရှေ့တွင်ရင်ကိုကော့ပြီးလက်မကိုထောင်ကာ
သား/သမီးများ အားမငယ်အောင် ပြုံးပြုံးကြီး
နှင့်သာပြောလိုက်ပေမဲ့ သူ၏ ရင်ထဲတွင်းမှာက
နေဆယ်စင်း ထွက်နေတာကို သားနှင့်သမီးကို
မသိစေချင်ပေမဲ့ အိမ်နောက်ဖေး မီးဖိုဆောင်
က သူ၏ချစ်ဇနီး ဒေါ်ယဉ်ယဉ် ကသိနေပါသည်
ဒီနှစ်သမီးကြီးက ၁၀ တန်း သားငယ်က၈တန်း
နှင့်ဦးရေချမ်း မှာနေဘက်တွင် ပန်းရံလုပ်ပြီးည
ပိုင်းမှာ ကားကြီးကွင်းရဲ့ညစောင့် ကိုပါလုပ်-
နေတာတောင် သား/သမီးရဲ့ကျောင်းစရိတ့်
ပင် အနိုင်နိုင်ရယ်ပါ အိမ်စားစရိတ်ကတော့ သူ
၏ဇနီးဒေါ်ယဉ်ယဉ် ကခဝါသည် လျှော်ဖွတ်ခိုင်း
မဲ့လူမရှိတဲ့နေ့ဆိုရင် ငတ်ပြီသာမှတ် တာပေမဲ့သူ
တို့ နှစ်ယောက်ပဲအငတ်ခံတာ သားနှင့်သမီးအ
တွက်တော့ဖြစ်အောင် ဖန်တီးချက်ပြုတ်ကျွေးပါ
တယ်။သား/သမီးအတန်းကြီးလာကတည်းက
ဦးရေချမ်း တို့ နှစ်ယောက် သား ထမင်းကိုတစ်
ရက်လုံးမှ နှစ်နပ်ကနေ အခု သမီကြီးက ဆယ်
တန်း သားငယ်က ၈ တန်းဆိုတော့ ထမင်းနှပ်
မ မှန်တော့ပါ ဒေါ်ယဉ်ယဉ်အဝတ်လျှော်ဖွတ် ရ
တဲ့နေ့ဆိုရင်တောင်မှဝဝလင်လင် မစားရတာကို
ကြာလှပေါ့ သားနှင့်သမီးရဲ့ပညာရေးအတွက်
အသိမခံပါ နှစ်ယောက်သားကြိတ်မှိတ်ခံစားရ
တာကြာလာတော့ ကျန်းမာရေးလည်းထိခိုက်
လာပြီပေါ့ဗျာ ဦးရေချမ်းကပိုဆိုးတာပေါ့ ည
ညတိုင်း ညစောင့်လုပ် နေ့ ဘက်ပန်းရံဆင်းနဲ့
သူ့ အတွက် အိပ်ချိန်ဆို အလွန်ဆုံးရှိမှ ညစောင့်
မှာ ခိုးခိုးပြီးငိုက်တာပါမှ ၄ နာရီပင်ပြည့်မည်မ
ထင်ပါ သူ၏သားနှင့်သမီးကိုလဲ ၂၄နာရီမှ နာရီ
ဝက် မပြောနှင့် ၁၅ မိနစ်လောက်သာသာ တွေ့
ရတာဆိုတော့ ကလေးတွေကလဲ သူကျောင်းနဲ့
သူ့ စာ ကိုရှုပ်နေ၍ ကျန်တာကို ဘာမှ မသိပါဘူး
ဦးရေချမ်း သူသားနှင့်သမီးကို ပညာတတ်ကြီး
ဖြစ်စေချင်ပါသည် သားနှင့်သမီးကလဲ တော်ပါ
တယ် တစ်နှစ်တစ်တန်းအောင်နေတာကိုပဲ ဦး-
ရေချမ်း အတွက် လုပ်ဖော်ကိုင်ဖက်များကိုကြွား
လို့ မဆုံး ပြောလို့ မကုန်အောင်ကို ဂုဏ်ယူနေ
ရတာပါ ပင်ပန်းတယ် မောတယ်ဆိုတဲ့ စိတ်ခန္တာ
ကိုယ် ကိုပီတိလေးကိုစားသုံးပြီး ခိုင်းစေ ခဲ့တဲ့
မိဘမေတ္တာ တစ်နေကုန် အုပ်သယ် သယ်အိတ်
ထမ်း ကုန်းရုန်း ပြီးလုပ်ခဲ့တော့ ညောင်းညာ
ကိုက်ခဲနေတာကို သား/သမီးတွေရဲ့မျက်နှာ
လေးကို မြင်ရရုံနဲ့ ဆေးသောက်စရာ မလိုပဲ
ယူပြစ်သလို ပျောက်သွားတယ်ဆိုတဲ့ ဦးရေချမ်း
ရဲစကား ကိုနားထဲက အခုထိတိုင် မထွက်သေး
ပါဘူးဗျာ သား/သမီးရဲ့တောင်းဆိုမှု့ ဒါနောက်
ဆုံးပဲဆိုတာကို ကြိုတင်သာသိခွင့်လေး ရခဲ့ရင်
သားရဲ့ကျူ ရှင်လခ သမီးကြီးရဲ့စာအုပ်ဖိုး ကို
ဘယ်လို ကြံဖန်ပေးရမလဲဆိုတဲ့ အတွေးနဲ့ပဲ
ဦးရေချမ်း အိမ်ကစထွက်ကတည်းက စိတ်ထဲမှာ
ဒါပဲရှိနေသည် ''အဖေ သမီးစာအုပ်ကုန်နေပြီ''
အဖေ သားရဲ့ကျူ ရှင်လခ'' ဆိုတဲ့ သမီးကြီးနှင့်
သားငယ်လေးရဲ့အသံတွေ သူ၏နားထဲတွင် ပဲ့
တင်သံများ ရိုက်ခတ်နေဆဲပါ ''အင်းးးးးညနေ
ပန်းရံအလုပ်သိမ်းရင် ဂျာကြီး(မန်နေဂျာ)ဆီကို
ကြို ငွေထုတ်ဖို့ ပြောကြည့်ရမှာပဲ''ဟုတွေးရင်း
အလုပ်ကိုပင်ဖြောင့်ဖြောင့်မလုပ်နိုင်တော့ပါ-
ဘာဖြစ်လို့ လဲဆိုတော့အလုပ်မသိမ်းခင် မန်နေ
ဂျာ အရင်ပြန်သွားမှာစိုးလို့ ပါ အလုပ်သာလုပ်
နေတာ မျက်စိက မန်နေဂျာကို အလွတ်မပေးပါ
အဲ့လိုနဲ့ညပိုင်း ၅ နာရီမှအလုပ်သိမ်းနေကျအချိန်
ကို မစောင့်နိုင်တော့ပဲ နာရီဝက်အလိုမှာပင် မန်
နေဂျာကြီးထံသို့ သွားပြီး ''ဂျ--ဂျာ ဂျီး'' စကား
ပင်မပီတော့''အေး ပြောဦးရေချမ်း''
'' ကျွ့ ကျွန်တော် ကြိုငွေများ ထုတ်ပေးလို့ ရ
မလားဗျာ''
''အလုပ်သမားခရှင်းပေးတာ နှစ်ရက်
ပဲရှိသေးတယ်လေ ဘာကိစ္စရှိလို့ ကြိုငွေယူမလို့
လဲဆိုတဲ့ အကြောင်းပြချက်'''
'' ဒီလိုပါ ဂျာကြီးးးးးးးးးးးးးး'''
ဦးရေချမ်း အကြောင်းစုံကိုပြောပြတော့ မန်နေ
ဂျာက လူငယ်လေးပါ သဘောလည်းကောင်းပါ
တယ် ဦးရေချမ်းအတွက် ကြိုငွေကို နှစ်ပတ်စာ
တောင် ထုတ်ပေးလိုက်ပါတယ် နှစ်ပတ်စာကြို
ငွေရတော့ ဦးရေချမ်းအတိုင်းမသိဝမ်းသာ သွား
တာပေါ့ဗျာ အိမ်အပြန်မှာ သူ့ ရဲ့ခြေလှမ်းတွေ
ကမြေပေါ်ကိုပင် နင်းမိတယ်လို့ ပင်မထင်တော့
သည့်ပုံ နှစ်ပတ်စာကြို ငွေရတော့ ဒီညမိသားစု
တွေ မစားရတာကြာပြီ ဖြစ်တဲ့ခေါက်ဆွဲကြော်
လေးပွဲကို ပါဆယ်ဆွဲခဲ့ရင်း ဒီညမိသားစုတွေနဲ့
ခေါက်ဆွဲကြော်စားပြီး သူရဲ့သားနဲ့သမီးလိုတဲ့
စာအုပ်ဖိုး ကြူ ခြင်လခကိုပေးရင်းနဲ့ မျက်နှာစုံ
ညီ ခေါက်ဆွဲကြော်စားရင်းနဲ့ဆိုပြီးအတွေးတွေ
နဲ့ ကားလမ်းကိုအကူးးးးးးးးကျွီးးးးဝုန်းးးးးးးးးးး
''ဟေ့ ယဉ် ရေ့''
''ဘာတုန်း ကိုရေချမ်း''
''သမီးကြီးနဲ့သားငယ်ရော''
'' ရှိပါ့တော် ရေချိုးနေကြတယ်''
''မြန်မြန်ချိုးလို့ ပြောလိုက်ကွာ ဒီမှာခေါက်ဆွဲ
ကြော်ဝယ်လာတယ်ဟ အတူတူစားကြရ
အောင်ဟေ့ ပန်းကန်တွေယူလာခဲ့ ''
အေးပါတော်ရေ့ ဒီနေ့တော် အဆင်ပြေ
လာတာပေါ့ဟုတ်လား''
ဒေါ်ယဉ်ယဉ် ခေါက်ဆွဲကြော်ထည့်ဖို့ ပန်း
ကန်ယူရင်းနဲ့ အိမ်နောက်ဖေးကမီးဖိုဆောင်မှာ
ချက်ပြုတ်ဖို့ လုပ်နေတာကို သူလင်ကိုရေချမ်း
ခေါက်ဆွဲကြော်ဝယ်လာတယ်ဆိုတော့ ဟင်း
ချက်စရာမလိုတော့ဘူးပေါ့ ဆိုပြီး သားနဲ့သမီး
ကိုမအော်ခေါ်ခင် ''သြော် ကိုရေချမ်း သမီးစာ
အုပ်ဖိုးနဲ့သားလေးကျူ့ '''
ဒေါ်ယဉ်ယဉ်စကားပင်မဆုံးပါ
''ဟ မပူနဲ့အကုန်ပါတယ်ဟေ့ ပါတယ်ဟ'''
''ဟွန့့် တစ်ကယ့်ထဲ အော်လိုက်တာ သမီးနဲ့
သားတို့ ရေ မြန်မြန်ချိုးကြ ဒီမှာ ညည်းတို့ 
အဖေပြန်လာပြီ'' ကလေးတွေကိုအော်ခေါ်ရင်း
မီးဖိုဆောင်ကပန်းကန်း ဇွန်းတို့ ကိုယူပြီး အိမ်
ရှေ့ခန်းကိုရောက်တော့ ''ဟင့့်  ဒီလူကြီးနယ်
ခုလေးတင်ပြောနေတာကို ဘယ်များ ထွက်
သွားပါလိမ့်'' ဒေါ်ယဉ်ယဉ် ညီးညူ ရင်းနဲ့ အ
ကြည့်က အိမ်ရှေ့စားပွဲခုံပေါ်ကို
'''ဒီလူကြီးကတော့ ခေါက်ဆွဲကြော်ထုပ်နဲ့
ပိုက်ဆံတွေကို အဲတိုင်းပဲတင်ထားရဲတယ်နော်
ဟွန့့်  နမော်နမဲ့ကို နိုင်လွန်းတယ်''
အဲဒီအချိန်ကသူရဲ့သားနဲ့သမီးရောက်လာပါ
တယ် ''ပာာ အမေ အဖေရောဟင်''
''သိပါဘူးတော် ညီးအဖေက ခေါက်ဆွဲကြော်
ထုပ်နဲ့ပိုက်ဆံကို ခုံပေါ်ကို အဲတိုင်းတင်ထားပြီး
ဘယ်ကိုသွားနေလည်းမသိပါဘူးအေ့''
''အဖေကလဲဗျာ သားတို့ ကိုခေါ်ပြီတော့'''
အဲဒီလိုပြောကြရင်းနဲ့ ပိုက်ဆံကိုမြင်တော့
အမေ သားကိုကျူ ရှင်လခပေးတော့'''
''သမီးကိုလဲ စာအုပ်ဖိုးပေး''
နှစ်ယောက်သားဝိုင်းတောင်းတော့ ဒေါ်ယဉ်
ယဉ်က ပိုက်ဆံကိုတွက်ပြီးပေးမလို့ လုပ်နေချိန်
''ဒေါ်ယဉ်ယဉ် ဒေါ်ယဉ်ယဉ် ရှိပါသလား?''
''ရှိပါတယ်ရှင့် ဘာကိစ္စများလဲရှင့်''
''ဒါ ဦးရေချမ်းအိမ်ပါနော်'''
''ဟုတ်ပါတယ်ရှင့် အိမ်ပေါ်ကိုကြွကြပါအုန်းရှင့်''
''မတက်တော့ပါဘူး ဟို ဟို ဦးရေ ချမ်းးးးး
ဟို က ကားတိုက်ခံရပြီးးးးးး'''
''ရှင့့် ဗျားးးးးအို့  ဟာမဖြစ်နိုင်ပါဘူးရှင်
နာမည်မှား အိမ်မှားနေတာပါ ခုလေမှ ကျမတို့ 
နဲ့စကားပြောနေတာပါ''
ဒေါ်ယဉ်ယဉ်က အဲဒီလိုပြန်ပြောတော့ ရပ်
ကွက်လူကြီးကပါ ''ဟုတ်ပါတယ် ဒေါ်ယဉ်ယဉ်
ကျွန်တော်တို့ ကိုတိုင် အလောင်းကိုသေချာစစ်
ဆေးပြီးပါပြီ ဦးရေချမ်း ပါ ဗျာ''
ဒေါ်ယဉ်ယဉ်ကဆက်ပြီးမေးပါတယ်
''ဘယ်အချိန်ကလဲ''
''ညနေခင်းပိုင်း ၅ နာရီကျော်လောက်မှာ''
''ဟာ ပိုပြီးတောင်မဖြစ်နိုင်ဘူးရှင့် ခုနလေး
တင်ပဲ ခေါက်ဆွဲကြော်ဝယ်လာပြီးဒီမှာ့  '''
ဆိုပြီးခုလေးတင် သူဆုပ်ကိုင်ထားသောပိုက်
ဆံတွေကိုပြမလို့ ကြည့်တော့ လက်ပေါ်ကပိုက်
ဆံမတွေ့တော့ ''သားလေး စားပွဲခုံပေါ်မှာ
ပိုက်ဆံကျန်ခဲ့တယ် သွားယူပေးစမ်းးး''
''ဟုတ်'' လို့ ပြောပြီးအိမ်ပေါ်ကိုပြေးတက်ပြီး အ
တော်ကြာတော့ ''မတွေ့ဘူးအမေ''
'''ထားလိုက်တော့ နိအဖေဝယ်ခဲ့တဲ့ခေါက်
ဆွဲကြော်ပဲယူလာပြလိုက် ပိုက်ဆံကအမေအ
ထားမှားလို့ နေမယ်''
'''ဟာ ဟာာ အအအအမေမေ ခေါက်ဆွဲ
ကြော်ထုပ်လဲမရှိတော့ဘူး''လို့ ပြောပြီး အငယ်
ကောင်အိမ်ရှေ့ကိုပြေးထွက်လာပါတယ်
ဒီလိုနှင့်ဆေးရုံကိုမိသားစုတွေလိုက်သွားကြည့်
တော့မှ ဦးရေချမ်း မှာ မျက်စိအဖွင့်လိုက်နှင့် သူ
သား/သမီးကို စိတ်မချသည့် အကြည့်နှင့်ကြည့်
နေသယောင်ယောင် ဒေါ်ယဉ်ယဉ်လည်းကြုံ
တွေခဲ့ရသောအဖြစ်နှင့်ယုံချင် မယုံချင်နှင့်စိတ်
မနိုင်တော့ရူးသွားပါသည် သားဖြစ်သူမှာစစ်
တပ်ထဲဝင်သွားတယ်လို့ ကြားပါတယ်
သူအစ်မကတော့ အခုလက်ရှိဒေါက်တာ ဒေါ်----------ဖြစ်ပါတယ်ခင်ဗျား//////////
ကျွန်တော်အသိ ဦးလေးကြီးတစ်ယောက်ရဲ့အ
ဖြစ်ကို ပြန်လည်ခံစားပြီး စိတ်ကူးပုံဖော် ရေး
ဖွဲ့ထားပါသည် အမှားများပါက ခွင့်လွတ်ပါ
Pee Ta Lu
No comments:
Post a Comment