Thursday, November 5, 2015

ဝိညာဉ်​​ခြွေတယ့်​ည

Mingalar Par > ‎နာနာဘာဝပရလောကသားများနှင့်သရဲ၊ဖုတ်၊ပြိတ္တာ၊စုန်း၊ဝိညာဉ်လောကမှဖြစ်ရပ်ဆန်းများ

ဝိညာဉ်ခြွေတဲ့ ည ဖြစ်ရပ်မှန် ( အစအဆုံး)

အချိန် ၁၉၈၀ ဝန်ကျင်
နေရာ မြန်မာပြည်အလယ်ပိုင်းရဲ့ မြို့ ပျက်တနေရားးးးးးးးးးး

" ညီလေးစိုးပေးးးထတော့ကွားးးအခုည
၂နာရီထိုးပြီးပြီ။ထင်းခုတ်သွားရတော့မယ်
ညီလေးရေးးးထတော့နော်" ဆိုပြီးအစ်ကို
ဖြစ်သူရဲ့ လှုပ်နှိုးမှုကြောင့် စိုးပေတစ်ယောက်
ကဗျာကယာပဲ အိပ်ယာထဲကနေ ထလိုက်
တယ်။အိပ်ယာက ထပြီးရေစင်ရှိရာနားသွား
ပြီးဖွဲပြာတဆုပ်နဲ့ ပလုတ်ကျင်း မျက်နှာသစ်
ဆေးကြောလိုက်ပြီး ခါးမှာဝတ်ထားတဲ့ ပုဆိုး
နဲ့ ပဲ မျက်နှာကိုယ်သုတ်လိုက်တော့တယ်။
အိပ်ယာကနိုးတော့ တကိုယ်ရေးသန့် ရှင်းရေးလုပ်ပြီး ထင်းခုတ်မသွားခင် အိမ်က
ဘုရားစင်မှာပဲ ဖယောင်တိုင် ဆီမီး ရေချမ်းတို့ ကိုကပ်လှူလိုက်ပြီးညီအစ်ကိုနှစ်ယောက်ဘုရားမှာဆုတောင်းလိုက်ကြတယ်။လမ်းခရီး
သာယာဖြောင့်ဖြူးဖို့ နဲ့ အန္တရယ်အနှောင့်အယှ
က်မတွေ့ ရလေအောင် ဆုတောင်းကြတာပါ။
အဲဒီလိုဆုတောင်းနေချိန်မှာပဲ ညီဖြစ်သူ စိုးပေ
တစ်ယောက် မိုက်ခနဲ ဖြစ်သွားပြီးသူ့ စိတ်တွေ
လေးလံလာခဲ့တယ်။
ခါတိုင်ဆို ညီအစ်ကိုနှစ်ယောက် အခုလိုထင်းခုတ်သွာတိုင် တက်တက်ကြွကြွ
ရွှင်ရွှင်လန်းလန်းရှိခဲ့ကြပေးမဲ့ ဒီနေ့ တော့
စိုးပေရဲ့ ရင်ထဲဘာတွေဖြစ်နေသည့်မသိ။မရွှင်
မပြနဲ့ ဖြစ်နေလေတော့ သူ့ အစ်ကိုက" ညီလေး မင်းဒီမနက်စော ဘာဖြစ်နေတာလည်
ကွားးထင်ခွေသွားခါနီးမင်းကြည့်ရတာ တမျိုးကြီးပဲညီလေးရာ" ဆိုပြီးပြောတော့ စိုးပေက
" ဘာမှမဖြစ်ပါဘူးအစ်ကိုးးးညကအိပ်ယာ
ဝင်နောက်ကျပြီးအခုအစောကြီးထရတော့ အိပ်ရေးမဝလို့ ထင်ပါတယ်" ဆိုပြီးပြောလိုက်
တော့ သူ့ အစ်ကိုလည်ဘာမှပြန်မပြောတော့
ပဲ အိမ်အောက်မှာရှိတဲ့ နွားလှည်းနဲ့ နွားတွေ
ကို လှည်းမှကောက်တတ်လိုက်ပြီး နွားလှည်း
ပေါ်ကပဲ ညီဖြစ်သူကို စောင့်နေလိုက်တယ်။
ခဏကြာတော့ စိုးပေလည် အိမ်ပေါ်ကနေဆင်းလာပြီးလှည်းပေါ်တက်ပြီ
ညီအစ်ကိုနှစ်ယောက် နွားလှည်နဲ့ ရွာအပြင်
တောနက်ထဲ ထွက်လာခဲ့တော့တယ်။သူတို့ နေတဲ့ရွာနဲ့  ထင်ခုတ်သွားမဲ့နေရာက ၄နာရီလောက်မောင်းရမှာမို့  မနက်အစောနေ
ထွက်တာနဲ့ အဆင်သင့်ရောက်နှင့်နေအောင်
အခုလို အစောကြီးကြိုထွက်လာရတာပါ။အစ်
ကိုဖြစ်သူက ရှေ့ ကနေ စောင်လေးပတ်ပြီး
လှည်းမောင်းနေသလို ညီဖြစ်သူ စိုးပေးက
လည် နောက်ကနေစောင်လေးပတ်ပြီး လှည်း
ပေါ်မှာအိပ်လိုက်လာတာပါ။
ဆောင်းဦးရာသီပြာသိုလ်လမို့ ထင်ပါရဲ့ ။ ဆောင်းနှင်းလေးတွေက အဆက်မ
ပြတ်ကျနေသလို ပတ်ဝန်ကျင်တခုလုံးမှာ
လည်မှောင်မဲနေတာကြောင့် ဘာဆိုဘာမှ
သဲသဲကွဲကွဲ မမြင်ရပဲ စမ်းတဝါးဝါးနဲ့ ပဲ
လှည်းလမ်းအဟောင်းလေးအတိုင် မောင်း
လာခဲ့လိုက်တယ်။အစ်ကိုဖြစ်သူက လမ်းမ
မှားရလေအောင် ရှေ့ တည်တည့်ကို သေချာ
စူးစိုက်ကြည့်ပြီးနွားလှည်းကို မောင်းလာခဲ့
ပေမဲ့ ညီဖြစ်သူကတော့ လှည်ပေါ်မှာအိပ်
လိုက်လာပြီးဘာဆို ဘာမှ မသိပေ။အချိန်က
လည် အိပ်ကောင်းတဲ့အချိန်မို့ လှည်းပေါ်မှာပဲ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီ စိုးပေတစ်
ယောက် အိမ်မက်လိုလို အပြင်မှာလိုလို ဇဝေ
ဇဝါဖြစ်ပြီး သူ့ ကို လှမ်းခေါ်နေတဲ့ လူအုပ်ကြီး
ကြောင့် သူ ဇဝေဇဝါဖြစ်သွားတယ်။
သူတို့ ညီအစ်ကိုနှစ်ယောက်
နေက်ထဲသွားပြီးထင်းခုတ်ဖို့ အသွားမှာ လမ်း
ဘေးကနေ စိုးပေကို လက်ယပ်ခေါ်နေတဲ့ အရွယ်စုံ လူအုပ်ကြီးကြောင့် စိုပေအံသြသွား
ခဲ့တယ်။ဒီလူအုပ်ထဲမှာလည် သူနဲ့ သိနေသလို
လို ခင်မင်ရင်းနှီးကျွမ်းဝင်သလိုရှိနေတာ
ကြောင့် စိုပေးတစ်ယောက် လှည်းပေါ်ကနေ
ဒီလူအုပ်ကြီးကို ငေးမောကြည့်နေလိုက်တယ်
အစ်ကိုဖြစ်သူကတော့ ဒါကို ဘာမှ မသိပဲ ရှေ့ 
ကိုယ်တာ နွားလှည်ကို မနက်မိုးမလင်းခင်အ
မြန်ရောက်ဖို့ နွားတွေကို ရိုက်နှက်ပြီးမောင်း
နေခဲ့တယ်။
နွားလှည်းကလည် ရှေ့ ကို 
သွားနေသလို လူအုပ်ကြီးကလည် အသံမျိုး
စုံ ပေးပြီး စိုးပေလှည်အနောက်က ကပ်ပြီး
လိုက်ပါခဲ့ကြတယ်။ စိုးပေလှည်းအနားရောက်
တော့ " စိုးပေလစိုပေး လှည်ပေါ်ကဆင်းခဲ့
လေကွာ " ဆိုပြီးပြောနေတဲ့ အသံကို စိုးပေ
တစ်ယောက်ပဲ ကြားပြီးအစ်ကိုဖြစ်သူက မကြားခဲ့ပေ။ အဲဒီအချိန် အိပ်နေရာကနေ စိုးပေက " အစ်ကို့  အကို" လှည်းခဏ ရပ်ပေး
ဆိုပြီးပြောလိုက်တော့ အစ်ကိုဖြစ်သူလည်
ညီဖြစ်သူ အပေါ့ အပါးသွားချင်လို့ လှည်းကို
ရပ်ခိုင်းတာပဲ နေမှာဆိုပြီး လှည်းကို အသာ
ရပ်ပေးလိုက်တယ်။
အဲဒီလို လှည်းလည်ရပ်
သွားရော စိုးပေက လှည်းပေါ်ကခုန်းချလိုက်
ပြီးလှည်းလမ်းနံဘေးတောနက်ထဲ ဆင်းပြေး
သွားခဲ့တယ်။အစ်ကိုဖြစ်သူကတော့ ညအခါ
အမှောင်ထဲမို့  သူ့ ညီစိုးပေတစ်ယောက် အပေါ့
အပါးသွားတာပဲနေမှာပါဆိုပြီ လှည်းပေါ်ကနေ အောက်ကိုမဆင်းပဲအသာအယာပဲ စိတ်အေးလက်အေးလှည်းပေါ်ကနေ စောင့်နေလိုက်တယ်။ ညအခါ တိတ်ဆိတ်ငြိမ်
သက်နေတာမို့ တောနက်ထဲမှာ ဘာအသံမှ
မကြားရသလို တခါတလေ တောခွေးအတွေ
ရဲ့ စိတ်ပျက်စရာညည်းငြူးသံတွေပဲကြားနေခဲ့
ရတယ်။
ခဏကြာတော့ စိုးပေသွား
တဲ့ဘက်ဆီက " အင့်းးးအင့်းးအွန့် " ဆိုတဲ့
မသဲကွဲ တဲ့အသံတချက်ကိုကြားလိုက်ရတော့
အစ်ကိုဖြစ်သူရဲ့ ရင်ထဲမှာ " အော် ဒီကောင့် 
အပေါ့ သွားတာမဟုတ်ဘူး မစင်းစွန့် နေတာ
ပဲဆိုပြီး သူတွေးထင်လိုက်တော့တယ်။သူ အဲ
လိုတွေးနေချိန်မှာပဲ စိုးပေတစ်ယောက် လှည်း
ပေါ်ပြန်တက်လာပြီး အလာတုန်းကလိုပ
လှည်ပေါ်မှာအိပ်လိုက်လာခဲ့တယ်။ အစ်ကို
ဖြစ်သူကလည် မစင်းစွန့် တာ ခွင့်တောင်း
သေးလား ဆိုပြီးမေးပေးမဲ့လည် စိုးပေဆီက
ဘာအသံမှထွက်မလာခဲ့တော့ပေ။
အစ်ကိုဖြစ်သူလည် အစ
တော့မေးပါသေးတယ်။နောက်တော့မေးလို့ မရတော့ဆက်မမေးတော့ပဲ ဒီကောင်အတော်
အိပ်ချင်နေတာပဲဆိုပြီ ဆက်မမေးရက်တော့ပဲ 
လှည်းကိုးဆက်မောင်းလာခဲ့တော့တယ်။ မနက်မိုးလင်းခါနီအချိန်မှာပဲ သူတို့ ထင်းခုတ်
မဲ့နေရာကို ရောက်တော့ အစ်ကိုဖြစ်သူက လှည်းကနေ နွားတွေကိုဖြုတ်ပြီး နွားတွေကို
စားကျက်မြေမှာ ချည်ထားလိုက်တယ်။သူ
လည်အနီးအနားမှာပဲ တောတောင်စောင့်
နတ်တွေကို ခွင့်တောင်းပြီး အပေါ့ စွန့် လိုက်
တော့တယ်။ထင်းလည်ခုတ်ချိန်ရောက်ပြီး
မို့ ညီဖြစ်သူစိုးပေကို လှုပ်နှိုးလိုက်တော့ သူ့
့ခန္ခာကိုယ်တခုလုံး တောင့်တင်းအေးဆက်နေ
သလို မျက်လုံးကြီးတွေပြူးးထွက်နေပြီးလျှာ
ကြီးကပါ ရှေ့ သို့ ထိုးထွက်နေတာကြောင့်
အစ်ကိုဖြစ်သူ အမှတ်မထင်လန့် ဖြတ်သွား
ခဲ့ပြီ ပါးစပ်ကနေ " အမလေး" ဆိုပြီးရောင်း
ရမ်းပြီးအော်လိုက်သလိုလှည်းပေါ်ကနေ 
နောက်ကိုပါ လန်ကျသွားခဲ့တယ်။
နောက်သို့ လန်ကျတဲ့အရှိန်
ကြောင့် သူပါ သတိလစ်သွားခဲ့ပြီး သူ့ ဝိညာဉ်
က စိုးပေးဝိညာဉ်နဲ့  သွားတွေ့ တယ်။ အဲဒီ
တော့မှ စိုးပေရဲ့ အဖြစ်ဆိုးကို အစ်ကိုဖြစ်သူ
ကသိရှိခဲ့ပြီး အစ်ကို ဖြစ်သူငိုကြွေးဝမ်းနည်း
ခဲ့ရတယ်။ ညီဖြစ်သူ အပေါ့ သွားမယ်ထင်
ပြီးလမ်းမှာ လှည်းရပ်ပေးခဲ့ပေးမဲ့  စိုးပေက
အပေါ့ သွားဖို့ လှည်းပေါ်ကဆင်းတာမဟုတ်
ပဲ သူ့ ကိုခေါ်နေတဲ့  လူအုပ်ကြီးရဲ့  ခေါ်ရာ
နောက်လိုက်ရာကနေ သူ့ ခြေထောက်ကို 
မြွေးကိုက်ခဲ့ပြီး သူ လှည်းပေါ်အရောက်ပြန်
တက်လာနိုင်ခဲ့ပေးမဲ့  စကားမပြောနိုင်တော့ပဲ 
လှည်းပေါ်မှာပဲ အသက်ထွက်ခဲ့ရတာတွေ 
အသက်မထွက်ခင် အစ်ကို ကြီးကို ခေါ်ပေးမဲ့
သူ့ ပါးစပ်က ဘာအသံမှ ထွက်မလာတော့ပဲ 
နာကျင်ဝမ်းနည်းစွာနဲ့ ဝေဒနာကို ခံစားကြိတ်
မှိတ်ရင် လှည်းပေါ်မှာပဲ အသက်ထွက်သွား
တဲ့အကြောင်းအစ်ကိုဖြစ်သူရဲ့ဝိညဉ်ကိုပြော
ပြခဲ့တယ်။
အဲဒီနေရာမှာ ဘယ်လောက်
ကြာသွားအောင် အစ်ကိုဖြစ်သူ သတိလစ်
ပြီးဝိညဥ့် လွင့်နေခဲ့လည်မသိ။ လူသံတချို့ 
ကြောင့် သူ သတိပြန်လည်လာတော့မှ သူ့ 
အဖြစ်ကို သူ သေချာပြန်သတိရခဲ့တယ်။
သူ သတိလစ်မေ့မျှောပြီး ဝိညဉ်နဲ့ ကင်းလွတ်
သွားတဲ့အချိန်မှာ သူ့ ညီဖြစ်သူ စိုးပေရဲ့ဝိညဥ့်
ကအခုလို ပြောပြတော့ ညီဖြစ်သူရဲ့ အဖြစ်ဆိုး
နဲ့ သေရတာကိုယ်လည် သူ ရင်ထုမနာ ဝမ်း
နည်းပက်လက်ဖြစ်ခဲ့ရတယ်။ အခုတော့လည်
ညီဖြစ်သူက သူ့ ဘဝ သူ့ ကမ္ဘာထဲက အပြီးပိုင်
ထွက်ခွါသွားခဲ့ပြီးမို့  ဖြည့်မဆီးနိုင်တဲ့ သောက
နာကျင်ဝမ်းနည်းမှု တွေက သူ့ ရင်မှာ ရင်နှင့်
မမျှအောင် ပါပဲ။ ဘေးနားမှာ သူတို့ လိုပဲ ထင်း
လာခုတ်တဲ့ဘဝတူလူတွေအချိန်မှီ တွေ့ သွား
လို့တာ မိမိလည် အခုလို သတိပြန်ရခဲ့တာပါ
လားဆိုပြီး မိမိစိတ်ကို မိမိဖြေသိမ့်နှစ်သိမ့် ခဲ့
ရတယ်။အခုတော့လည် ထင်းသယ်မဲ့ လှည်း
က လူသေအလောင်းပြနါသယ်ခဲ့ရပြီးပေါ့ ။
ရွာအပြင်မှာအလောင်းကိုထားပြီးကံဆိုးခဲ့တဲ့
စိုးပေရဲ့ ဘဝဟာ ရင်နင့်စရာအဖြစ်အပျက်
တခုပါပဲ။
အားလုံးရွှင်လန်းဝမ်းမြောက်ကြပါစေ့

No comments:

Post a Comment