Thursday, November 5, 2015

နှုတ်​ဆက်​ခဲ့သူ


Mîñ Mýâț Țĥŭ > ‎နာနာဘာဝပရလောကသားများနှင့်သရဲ၊ဖုတ်၊ပြိတ္တာ၊စုန်း၊ဝိညာဉ်လောကမှဖြစ်ရပ်ဆန်းများ

နုတ်ဆက်ခဲ့သူ
==========

ညမိုက်နေသော်လည်း ကြယ်ရောင်လေး ဖြိုးဖျောက်စွာ
တည်ရှိနေ၍ ပတ်ဝန်ကျင်ကို အနည်းငယ်မျှ မြင်သာလှပေသည်။
ရွာလေး၏ အစွန် ဆုံးရှိ အိမ်တစ်အိမ်မှ အသံတစ်သံထွက်လာ
ခဲ့သည်
''ဟဲ့လုပ်ကြပါဦး နွယ်နွယ် ကလေး မမွေးနိုင်လို့တဲ့''
ရွာထဲရှိလူ များလူပ်လူပ်ရှားရှားနှင့်စီညံသွားလေသည်။
''ဘယ်လိုဖြစ်တာလည်း အရီးမြ''
အရီးမြ ဆိုသူက ရွာ၏ လက်သယ် တစ်ဦးဖြစ်သည်
''ဟဲ့ကလေး ကန့်လန့်ဖြစ်နေတာ ကလေး အဆုံးခံရမယ်
ထင်တယ် ''
''လုပ်စရာရှိ အမြန်လုပ်လေ အချိန်လွန်နေဦးမယ်''
အရီမြကြိုးစားသော်လည်း မိခင်နှင့် ကလေးက 
အသက်မရှင်နိုင်တော့ ဤသ်ု့ ဆေးဝါကိရိယာ ရှားပါးလှသော
တောရွာတွင် မွေးဖွားပေးခဲ့သော မိခင်များသည် အသက်ပင်
မမျှော်လင့်ပဲ တစ်ခါတစ်ရံ့ဆုံးပါခဲ့ရသည်။
မြို့ပြများတွင် အကောင်းဆုံးပစ္စည်ကိရိယာများနှင့်မွေးဖွား
သည့်အခါတွင်လည်း ထိုသို့ဖြစ်တက်သောကြောင့်
လူတစ်ယောက်၏ ကံစီမံရာပင် သတ်မှတ်ရတော့သည်။
တစ်ချို့က မြို့သို့ တက်ပြီးမွေးဖွားကြသော်လည်း
နွယ်နွယ်တို့မိသားစုမှာ မပြေလည်လှပေ ယခုမူ
လင်ယောကျာ်ပင် အနားမှာမရှိ သူမအသုဘကို ဖျာလိပ်ပတ်
သဂြိုဟ်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရတော့သည်။

--*-----*-----*-----*-----*-----*-----*-----*-----*--

''မေ့မရနိုင်အောင်ရစ်တွယ် ဖျတ်တောက်
ဖို့လည်း ခတ်လှတယ် အချိန်ရှိတိုင်း တမ်းတမိခဲ့တယ်ဲ
ဒီနှောင်ကြိုးရယ်''
မင်းလူစာသား တစ်ခုကို အသံမြင့်၍ ရွတ်ဆိုပြီး သက်ပြင်းရှည်
တစ်ချက်ချလိုက်လေသည်။
''ကဲငါ့တူ မင်းလူး မင်းနှယ် တောကလာတာ လပိုင်ပဲ့
ရှိသေးတယ် မယားပဲတနေတော့တာပဲ''
''မဟုတ်ပါဘူး ဦးသုခ ရယ် အခုလောက်ဆို ကျွန်တော်မိန်းမ
ကလေး၃လလောက်ရှိပြီး''
မင်းလူက တောမှာမွေးတောမှာ ကြီးခဲ့သော်လည်း
အကြွေးများ ရှိနေသောကြောင့် မြို့သို့ အလုပ်ထွက်လုပ်
ခဲ့ခြင်းဖြစ်ဖြစ်သည် ပျော်ရာမှာ မနေတော်ရာမှာ နေပြီး
ဇနီးသည် ကိုယ်ဝန်နှင့်ထားခဲ့ရသည့် မင်းလူ၏ စိတ်မှာ 
လွန်စွာ ပူပန်နေခဲ့သည်။
သူတို့ရွာနှင့်မြိုမှာလည်း တော်ရုံနှင့်ပြန်၍ မရ ရေတစ်တန်
ကုန်းတစ်တန်ပေမို့ လမ်းခရီးမှာပင် နှစ်ည နီးပါ အိပ်ရပြီး
ညနေနေဝင်ချိန်လောက်မှ ရွာသို့ရောက်မည် 
''ကဲငါ့ တူ အလုပ်ပြန်စမယ်''
''ဦးသုခ ခေါ်သံကြောင့်မင်းလူ လေးလံစွာ အလုပ်သို့ ထွက်ခဲ့
လေသည်''
အလုပ်ဆင်းချိန်ရောက်တော့ စောစောရေမိုးချိုး
စားသောက်ကာ အိပ်ယာထဲ၌ တွေးတောရင်း မှေးစက်
ခဲ့လေသည်။
''ဒေါက်းးးဒေါက်းးးး''
အခန်ူးတံခါးခေါက်သံကြောင့် မင်းလူ အိမ်ချင်မူးတူးဖြင့်
တံခါးထဖွင့်လိုက်သည်။
ံ''ဟင်နွယ် မင်းလိုက်တယ်ပေါ့ဟုတ်လား ကလေးရော''
ကလေးငယ် တစ်ဦးပွေ့ချီထားသော သူမက နွယ်အစစ်
ဖြစ်လေသည်။
''လာ အခန်းထဲကို လာလေ တစ်ယောက်ထဲလား
ညနက်လိုက်တာကွာ ဘာလို့လိုက်လာတာလည်း''
မင်းလူတစ်ယောက် ဇနီးသည် လိုက်လာသဖြင့်
စကားများ တရစပ်ပြောနေလေသညိ။
သို့သော်သူမ က ခြေဆုံရက်နေယုံက လွဲ၍
ဘာမှ မပြောချေ။
''လာပါနွယ်ရဲ့ ဒါမောင့်အခန်းပါ လာလာ''
လက်လှမ်းလိုက်သည် ဟင်းးးး
''နွယ် နွယ် ''
ကျယ်လောင်လှသော ညသံကြောင့် ဦးသုခ
နိုးသွားသည် 
''ဟေ့ငါ့ တူ မင်းဘာလုပ်နေတာလည်း နွယ် ဘယ်ကနွယ်လည်း''
''ကျွန်တော့ ဇနီးလေ ဦးသုခ ရဲ့ တောက လိုက်လာတာ
ခုန ဒီနားမှာပါ ဘယ်ရောက်သွားတာလည်''
''မင်းနှယ် ခွင့်ယူပြီးပြန်ချင်လည်း ပြန်ပါကွယ်
ခြံတံခါး ကသော့ခတ်ထားတာ ဘယ်သူက လာမှာလည်း''
''မဟုတ်ဘူး ဦးသုခ ရဲ နွယ်မှ နွယ်အစစ်''
''ကဲငါ့တူ ခဏနားတော့ မိုးလင်းတော့မယ် ''
မင်းလူ ကတော့ သူဇနီးကို မြင်တွေ့ခဲ့ရသည်မှာ အမှန်ပင်
ပြန်လာမလာဟုစောင့် ရင်းမနက်ကိုသာစောင့်နေလိုက်သည်။
မနက်သာ ထိန်ထိန်လင်းသွားသည် ဘာမှအရိပ်အယောင်
ပင်မတွေ့ရ 
နောက်ည များတွင်လည်း နွယ်လို လို တစ်ခြားတစ်
ယောက်လိုလို မိန်မတစ်ယောက် ကလေးငယ်အားပွေ့ချီ 
အိမ်မက်ထဲတွင် ခဏခဏတွေ့နေရလေသည်။

နှစ်လခန့်ကြာသောအခါ

''ဦးသုခ ကျွန်တော် ရွာပြန်ချင်တယ်''
''အေ မင်းပြန်ချင်လည်း မတားပါဘူးကွာ ဘယ်နှစ်ရက်လည်း''
''ကျွန်တော် ဆယ်လေးငါးရက်လောက် ကြာမယ်ထင်တယ်''
''အေ အတက်နိုင်ဆုံးတော့ အမြန်ပြန်လာကွာ ငါလည်းမင်းမရှိရင် အလုပ်မလယ်ဘူးကွ''
မင်းလူ အထုတ်အပိုးပြင်ကာ နေရပ်လေးသို့ ပြန်လာ
ခဲ့လေသည်။
သူ့အတွက်နှစ်ည နှင့် သုံးရက်ခရီး အလွန်ပင်ကြာလေစွ
ဒီနေ့ ညနေစောင်းအချိန်လင့်တော့ ရွာအနီးသို့
ရောက်ခဲ့သည် ချောင်းကူးပြီးမှ ရွာကို သွားရမည် ဖြစ်သဖြင့်
ကူတို့သမားလိုက်ရှာရသောကြောင် မှောင်စပျိုးခဲ့လေသည်။
'''အခုလို လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ် ဦးရယ်'
''ရပါတယ်ငါ့တူရာ ကူတို့သမားတွေအခု ဆို ညဘက် ဒီရွာ
ကို မပို့တော့ဘူး'
''ဘာလို့လည်းဦးရ ''
''အေ မိန်မတစ်ယောက်ကလေးတစ်ယောက်ချီပြီး
လှေဆိပ်လာစောင့်စောင့်နေတာတဲ့ကွ ''
မင်းလူ အိမ်သို့ရောက်ချင်ဇောနှင့်မို့ အထွေအထူးမမေး
နေတော့ပဲ ရွာထိပ်ရှိ မိမိ အိမ်လေးစီသို့ ခပ်သုတ်သုတ်
လျှောက်လာခဲ့လေသည်။
ခြံလေးထဲရှိအိမ်လေးမှာ ရေနံဆီ မီးကွက် အလင်းရောင်မှ
အပ ငြိမ်သက်လျှက်ရှိပေသည်။
''နွယ် နွယ် မောင်ပြန်လာပြီး''
''မောင်ပြန်လာပြီးလား ကလေးသိပ်နေလို့ အိမ်ပေါ်
တက်တော့လေမောင်''
''ကျွိးးးကျွိးးဖျောင်းး''
''အမလေး နွယ်ရယ် လှေကားမကောင်းတာ ရွာထဲက
ဖိုးတုတ်တို့ကို ခေါ်မလုပ်ခိုင်းဘူးလာ နွယ်က ကလေးနဲ့
ဘယ်လိုများတက်နေပါလိမ့်''
''အော်သူတို့မှ မအားကျတာ မောင်ပြန်လာပြီးပဲမောင်လုပ်ပေါ့''
''ဟုတ်ပါပြီးးးမောင်မနက်လုပ်ပေးမယ်'
မင်းလူအိမ်ပေါ်သို့ရောက်သောအခါ ကြမ်းအချိုမှာ လူမနေ
သကဲ့သို့ ဖုန်အထပ်ထပ်နှင့် အချို့နေရာမှားပင် ကြမ်းမရှိတော့။
မရှိတော့လည်း မပြင်နိုင်တာနေမှာပေါ့လေ သူမှာလည်း
ကလေးတစ်ဖတ်နဲ့ ဘယ်လုပ်နိုင်မလည်း မိန်မသား
တစ်ယောက်ထဲဆိုတော့ ထိုမျှ ဖြစ်နေတာတော့မဆန်းပါ။
''ဘာချက်ထားလည်း နွယ်မောင်ဗိုက်ဆာတယ်''
''ဒီညတော့ ဘာမှ မရှိသေးဘူး ချက်လိုက်ရမလား''
''ရပါတယ် နွယ်မချက်တော့နဲ့ မုန့်ပါလာတယ် မုန့်ပဲ
စားလိုက်တော့မယ် ဟုတ်ပြီးလား''
အိမ်အခြေက သူထင်ထက် ပို၍ ခြောက်ကပ်လွန်းလှပြီး
နွယ်မှာလည်း အရင်ကဲ့သို့ ပြုံးပျော်မူသိပ်မရှိပေ။
မိန်းမသားတစ်ယောက်ထဲ ပတ်ဝန်းကျင်မှာ ရပ်တည်
နေရသော နွယ်ကို မင်းလူ သနားမိသည် 
''ကဲမောင်အိပ်တော့နော် ပင်ပန်းလာပြီး''
''နွယ်ကလေး ကြည့်ချင် သေးတယ် အိပ်နေပြီးလား''
''အိပ်နေပြီးမောင်ရဲ့မနက်မကြည့် အိပ်တော့နော်''
မင်းလူ ခရီးပန်းလာသဖြင့် အိပ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။

''နွယ် နွယ် ဘယ်သွားမလို့လည်း နွယ်နွယ်''
နွယ်မှာ လှည့်မကြည့်  အရှေ့ကိုသာ ဆက်သွားနေသည်။
''နွယ်''
မင်းလူ စိတ်မထိန်းနိုင်တော့ နွယ်ရဲ့ လက်တစ်ဖတ်ကို
ဖမ်းဆွဲလိုက်လေသည်။
''မောင် နွယ် သွားရတော့မယ် မောင့်ကိုတွေရပြီး ကျေနပ်ပါပြီး''
''ဘယ်သွားမှာလည်း မသွားပါနဲ့ နွယ်နွယ်'''
သူဟန့်တားနေသော်လည်း မရ သူမထွက်သွားခဲ့ပြီး
သူလည်း ဟန့်တားနိုင်စွမ်းမရှိ အော်ပြောနေသော်လည်း
အသံက ထွက်မလာတော့ချေ။
သူရပ်နေရာမှ မျက်ရည်များ ကျဆင်းလာခဲ့လေသည်။

''ဒီအိမ်ထဲမှာ လူတစ်ယောက်ကွ''
''သရဲများလား လေးဂွနဲ့ ပစ်ကွား''
''ဂလုံးးးဒေါင်းးးဒေါင်းးးး''
ဌက်ပစ်သော ကလေးများ၏ လက်ဆော့ခြင်း ဖြစ်သည်။
ရုတ်တရပ် အသံများကြောင့်မင်းလူ လန့်နိုးပြီး
ထိုင်လိုက်လေသည်။
''ဟာ ထလာပြီးပြေးး သရဲ သရဲ''
ကလေးများအော်ကာရွာထဲ ပြန်ဝင်ပြေးသွားလေသည်။
''ဟင်းးဒါဘယ်လိုဖြစ်တာလည်းး နွယ်နွယ်''
ညက မြင်တွေ့သောအရာများနှင် များစွာကွာခြားလှသည်
အမိုးအကာ များပျတ်စီးနေပြီး လူမနေသည် ပုံစံပင်
မည်သည့်အသုံးအဆောင်မျှ မရှိ ထရံများပင် ခွာချထား
သည်။
''ဒါဒါ ဘယ်လိုဖြစ်တာလည်း သူစဉ်းစားနေချိန်တွင်''
''ဘယ်မှာလည်း ကွသရဲ့ မင်းတို့ က ပေါက်တီးပေါက်ရှာနဲ့''
လူကြီးတစ်ယောက်နှင့် ကလေးတစ်စု သူရှိရာသို့
လျှောက်လာနေသည်။
''ဟင်းဦးသာဝ ကျွန်တော်ပါဗျ''
'''အော်မင်းလူး မင်းကို ရွာထဲဘာလို့မလာတာလည်း
ဘယ်တုန်းကရောက်တာလည်း''
''ကျွန်တော် ညက ရောက်တာပါ ဒါနဲ့နွယ်ရောသူ့မိဘတွေ
စီပြန်သွားတားလား''
ဦးသာဝ မျက်နှာပျတ်သွားပြီး 
''မင်းစိတ်ခိုင်ခိုင်ထားပါ မင်းဇနီးနွယ် ကလေးမမွေးနိုင်လို့
ဆုံးသွားတာ နှစ်လရှိပြီး မင်းကို ဆက်သွယ် လို့လည်း
မရဆိုတော့ ငါတို့လည်းဘာမှ မတက်နိုင်တော့တာပါ''
ဦးသာဝ စကားအဆုံးတွင်တော့ မင်းလူ မျက်ရည်များ
တားစီးနိုင်စွမ်းမရှိတော့ ပါးပြင်ထက်ကျဆင်းလာခဲ့သည်။
ညက သူကို နုတ်ဆက်ခဲ့တာပါ့လား ဟု
တွေးတောရင်းးးးးးးးးးးး

စာဖတ်သူအပေါင်းလေးစားလျှက်

No comments:

Post a Comment