Pee Ta Lu > နာနာဘာဝပရလောကသားများနှင့်သရဲ၊ဖုတ်၊ပြိတ္တာ၊စုန်း၊ဝိညာဉ်လောကမှဖြစ်ရပ်ဆန်းများ
သင်္ချိုင်းပြောင်းရွေ့(ဖြစ်ရပ်မှန်)
မြို့ရွာလူဦးရေထူထပ်လာသောအချိန်တွင် တိုး
ချဲ့ရေးစီမံကိန်းကို လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့
ရှမ်ပြည်နယ် တောင်ကြီးမြို့မှာရှိတဲ့ သင်္ချိုင်းက
မြို့လယ်မှာ နီးနီးတွင်းသို့ ကျရောက်လာသော
အခါ အထက်အမိန့် နှင့်မြို့တိုးချဲ့ရန်အတွက် ကို
သင်္ချိုင်းပြောင်းရွေ့ရန်ပါလာသည်။အဲအချိန်၌
ကျွန်ုပ်သည် ကားကြီးစပယ်ယာလိုက်နေသည်။
ကျွန်ုပ်၏တစ်သက် ဒီအရွယ်ရောက်သည့်အထိ
သင်္ချိင်းပြောင်းရွေ့မူ့ ကိုနှစ်ခါတွေ့ကြုံ ဖူးပါ၏။
(1987)ခုနှစ် ကျွန်ုပ်၏မွေးရာ ဇာတိရွာတွင်း၌
သင်္ချိုင်းပြောင်းရွေ့ရာတွင်တွေ့ကြုံ ဖူးခဲ့သော
အချိန်က ပြောင်းရွေ့ရာမှာ ပရလောကသား
ဝိညာဉ် များအား ခေါ်ဆောင်ရာတွင် အထက်
မင်းမိန့်  စစ်မိန့် ဖြစ် ခေါ်မှရပါသည်။ပြောင်းရွေ့
ရာတွင် နာနာဘာဝ ပရလောကသား ဝိညာဉ်
များကိုတင်ယူခေါ်ဆောင်ဖို့ (အဲအချိန်တွင် ရွာသို့ ကားမလမ်းမပေါက်သေးပါ)နွားလှည်းကို
အသုံးပြုရပါသည်။တစ်ရွာလုံးပေါင်းမှနွားလှည်း
ဆယ်စီးလောက်ပဲရှိပါသည်။ ပရလောကသား
ဝိညာဉ်များကို နွားလှည်းပေါ်ကိုတက်စေရန် အ
ထက်အမိန့် ပြန်စာနှင့်စေခိုင်းချိန်မှာ နွားများမှာ
နှာမှုတ်သံ တစ်ရူးရူးနှင့် ရုန်းနေ၍ လှည်းရှေ့မှ
နွားတစ်ကောင်လျှင် လူနှစ်ယောက်က နှာဖား
ကြိုးကို တင်းတင်းဆုပ်ကိုင်ပြီးထိန်းထားပေးရ
ပါသည် ဒါတောင် သိပ်မငြိမ်ပါ ။လှည်းပေါ်ပြည့်
ပြီဆိုမှ သင်္ချိုင်းကုန်းသစ်ဆီသို့ မောင်းပို့ ပေးရ
ပါသည်။နွားများမှာရုန်းကန်ပြီးသွားနေရတယ်
လှည်းဘီးကလည်း တကျွီးကျွီးနှင့်လှည်းပေါ်၌
ကုန်အများကြီးတင်၍ မောင်းနေတဲ့ပုံ နွားများ
လည်းနှာတစ်ရှုးရှုးမှုတ်ပြီး အားကုန်ရုန်းပြီးဆွဲ
နေရသောပုံနှင့် လှည်းပေါ်ကိုကျွန်ုပ်ကြည့်တော့
ဘာမှ မရှိပါ သင်္ချိုင်းကုန်းသစ်ကိုရောက်ခါနီးမှာ
ကုန်းတက်ကြီးကိုတက်တော့ နွားများဘယ်လို
ပင် ဆွဲရုန်းပါစေ မတက်နိုင်ပါ ဒါကြောင့် အမိန့် 
ပြန်စာဖတ်သော လူကြီးက "လှည်းမနိုင်တော့
လှည်းပေါ်ရှိတဲ့ ပရလောကသား ဝိညာဉ်များထဲ
ကငယ်ရွယ်ပြီး လမ်းလျှောက်နိုင်တဲ့သူများဆင်း
ပြီး နေရာသစ်ကိုသွားကြပါ သက်ကြီးများကမ
ဆင်းပါနဲ့ လှည်းနှင့်ပဲအရောက်ပို့ ပေးပါမယ်
ခင်ဗျား" အဲ့ဂလို့ ပြောတော့ နွားလှည်း အနည်း
ငယ်လှုပ်ခါသွားပြီး ပြန်ငြိမ်တော့မှ နွားလှည်း
ကိုပြန်မောင်းတော့ ကုန်းပေါ်ကိုတက်ပါတော့
တယ် လှည်းဆယ်စီးလုံးကိုသုံးခေါက် စီပြန်ပြီး
သယ်ယူခေါ်ဆောင်ရပါတယ်။
တောင်ကြီးမြို့က သင်္ချိင်းကုန်းတွင် လေးပိုင်း
ရှိပါတယ် ဗုဒ္ဓဘာသာလူမျိုးများ၏သင်းဂြိုလ်တဲ့
အပိုင်း ။တရုတ်လူမျိုးများသဂြို င်္လ်တဲ့အပိုင်း။ခရစ်
ယာန်ဘာသာလူမျိုးသဂြို င်္လ်တဲ့အပိုင်း။ မွတ်စ
လင်ဘာသာလူမျိုးသဂြို င်္လ်တဲ့အပိုင်း များရှိပါ၏
သင်္ချိုင်းပြောင်းရန်အချိန်တွင် ပရလောကသား
ဝိညာဉ်များကိုတင်ယူခေါ်ဆောင်ဖို့ အတွက် ကို
တောင်ကြီးမြို့ပေါ်ရှိ (၁၀)ဘီး(၁၂)ဘီးကားများ
ကိုအထက်အမိန့် နဲ့ ရှောစွဲ(ကားများကိုငှားယူ
ရာတွင် မည်သည့်ကားပိုင် အုံနာများမှ မငှားရဲ
မငှားပေးတော့ အထက်အမိန့် နဲ့ခေါ်ယူငှားရမ်း
တာကို ရှောစွဲ လို့ သုံးနူန်ုးပြောပါသည်) ခေါ်
တော့ ကျွန်ုပ်စပယ်ယာလိုက်တဲ့ကားပါ ပါသည်
သင်္ချိုင်းရှေ့တွင်ကားကြီးများကို စီတန်းရပ်
ပြီးတော့ ကားနောက်ဘော်ဒီ ပိတ်ကိုဖွင့်ထား
ပြီးစောင့်နေရပါတယ် ကားသမားများကဟို
တစ်စု ဒီတစ်စုနှင့် စောင့်ဆိုင်းရင်းစကားပြော
နေကြပါတယ် တစ်ချို့ကားသမားများကတာ့
ကြောက်ကြတာပေါ့ တစ်ချို့ကားသမားများ
ကတော့ အယုံအကြည်မရှိလို့ ပြောပါတယ်။
ကျွန်ုပ်ကကြုံ ဖူးတော့မကြောက်ပါ ဒရိုင်ဘာက
အယုံအကြည်မရှိတော့''သင်္ချိုင်းပြောင်းတာကို
အဲတိုင်းပြောင်းလို့ ရတာပဲကွာ ဘာတွေတင်
မှာမို့ အဲလောက်ကားကြီးတွေအများကြီးခေါ်
ရတာလဲကွာ အဓိပ္ပာယ်မရှိဘူး '' အဲဂလိုပြော
တော့ ကျွန်ုပ်ကသူကို
''ဆရာသမားက မယုံဘူးပေါ့ ဟုတ်လား''
''ယုံကိုမယုံတာကွ သူတို့ ဘာတွေတင်မှာလည်း
အုတ်ဂူဟောင်းတွေလား? မီးသဂြို င်္လ်တဲ့စက်ကို
လား? အဲတာတွေတင်ရင် ကားကြီးတွေကို အဲ
လောက်အများကြီးခေါ်စရာ မလိုပါဘူးကွ''
''ဆရာသမား ပြောတဲ့အုတ်ဂူဟောင်းတွေ
မီးသဂြို င်္လ်စက်တွေကို တင်ရမှာမဟုတ်ဘူး''
''ဟ တာဆိုရင်ဘာတင်မှာတုန်း''
''ဝိညာဉ် ပရလောကသား တွေကို''
ကျွန်ုပ်စကားကို ဆုံးအောင်နားမထောင်ပါ
'' ဟားးးးဟားးးးယုတ္တိရှိအောင်ရွှီးစမ်းပါဟ''
ကျွန်ုပ်ကိုလှောင်ပြောင်ပြောဆိုပြီးဝိုင်းရယ်
ကြပါတယ် ဒါနဲ့ကျွန်ုပ်က ''ခင်ဗျားတို့ ကိုသက်
သေပြနိုင်တယ် လောင်းမလား ''ဆိုပြီး ပြော
တော့ ဆရာသမားက '' စိန်လိုက်လေ ငါနိုင်ရင်
မင်းခေါက်ကြေး တစ်ခေါက်စာကိုငါယူမယ် မင်းနိုင်ရင် ငါဒရိုင်ဘာ ခေါက်ကြေးကိုယူ ငါ့
ဒရိုင်ဘာကြေးက စပယ်ယာကြေးထက်များ
ပါတယ်နော် သက်သေပြနိုင်ရင် အကုန်ယူကွာ'
''ဆရာကတိတော့ တည်ပါစေ''
''ဟားးးဟားးးပြစမ်းပါကွာ မင်းရဲ့သက်သေကို'
''မယုံတဲ့ကားသမားများအားလုံး ဒုတ်ပျော့
ပျော့တစ်ချောင်းကိုရှာပြီး ကားကြီးရဲ့ဘော်ဒီပဲ
ဖြစ်ဖြစ် ကားလေးပဲဖြစ်ဖြစ် အနေတော်ဖြတ်ပြီး
တော့ ထောက်ထားလိုက်ပါ အမိန့် ပြန်စာဖတ်
ပြီးရင် ထောက်ထားတဲ့ဒုတ်ကိုပဲကြည့်ထားပါ
အဲဒါဆိုရင် သိရပါလိမ့်မယ်''
ကျွန်ုပ်ပြောပြီးတော့ ဝါးဒုတ် ခပ်ပျော့ပျော့တစ်
ချောင်းကိုရှာပြီး ကျွန်ုပ်၏ကားနောက်ဘက်က
ဘော်ဒီအောက်ကိုထောက်ထားလိုက်ပါတယ်
တစ်ချို့ကားသမားများလဲ လိုက်ပြီးလုပ်ကြပါ
တယ်။ ''ဆရာ ကြည့်ထားနော်''
''ကြည့်ထားပါတယ် ဟုတ်ရင်ဟုတ်ပေါ့ကွာ'
သိပ်မကြာခင်မှာပဲ အမိန့် ပြန်စာအော်ဖတ်သံ
ကိုကြားရပါတယ် နည်းနည်းပဲကြာပါတယ် အ
မိန့် ပြန်စာဖတ်ပြီးတော့ ကားပေါ်သို့ တက်ကြ
ပါရန် လို့ အော်သံကိုလဲကြားပြီး မကြာပါ ကား
ပေါ်မှ တစ်ဝုန်းဝုန်းမြည်သံနှင့်အတူ ကျွန်ုပ်ကား
ဘော်ဒီကို ထောက်ထားသောဝါးချောင်းလေး
က တစ်ဖြေးဖြေးနဲ့ ကွေးကွေးလာတာကိုမြင်ရ
တော့ ကျွန်ုပ်၏ဒရိုင်ဘာ ဆရာသမားမျက်နှာကို
ကြည့်တော့ အံ့သြပြီး ကြောက်လာတဲ့ပုံစံပဲဗျ
ပြီးတော့ကျွန်ုပ်တို့ ရဲ့ရှေ့ကားတစ်စီးက သစ်
ကိုင်းခြောက်ကို သူတို့ ရဲ့ကားဘော်ဒီကိုယူပြီး
ထောက်ထားမိတော့ ဖြောင်းကနဲ့ကြိုးတဲ့အသံ
ကြောင့် အယုံအကြည် မရှိဘူးဆိုတဲ့ ဒရိုင်ဘာ
က အမလေးဗျ လို့ အော်ပြီးမေ့လဲသွားပါတယ်
သင်္ချိုင်းကုန်းသစ်ဆီကို နောက်ဒရိုင်ဘာတစ်ဦး
ကိုအမြန်ရှာပြီး မောင်းခိုင်းလိုက်ရပါတယ် ကား
များတော့ တစ်ခေါက်ပဲမောင်းပို့ ပေးရပါတယ်
ကျွန်ုပ်နဲ့လောင်းထားသောဒရိုင်ဘာက ဤကားကိုပြန်မမောင်းရဲတော့ပါသဖြင့်
လောင်းကြေးကိုကျွန်ုပ်မရလိုက်ပါခင်ဗျား
အဲ ပြောရအုံးမယ်ဗျ သင်္ချိုင်းပြောင်းပြီးနှစ်
ရက်မြောက်နေ့  ညဖက်တွင် သင်္ချိုင်းကုန်းကပ့်
ရပ်က ရပ်ကွက် လူကြီးတစ်ဦးကို
အိပ်မက်လာပေးပါတယ်တဲ့ မြေးအဖိုးနှစ်ယောက်ကျန်ျံနေကြောင်း
အဲဒီနေကသူခရီးဝေးတစ်ခုကိုသွားနေရပါတယ်
လို့ ပြောပါသည် အဲတာကို တိုက်စီ ကားတစ်စီး
ကိုငှားပြီးပြန်ပို့ လိုက်ရပါသေးတယ်
ဖြစ်ရပ်မှန်ကိုဖတ်လို့ကောင်းစေရန်အတွက်ပြင်ဆင်ရေးသားထားပါတယ်ခင်ဗျား
အမှားများပါရင်တောင်းပန်ပါသည်
Pee Ta Lu
No comments:
Post a Comment