Khon Yom > နာနာဘာဝပရလောကသားများနှင့်သရဲ၊ဖုတ်၊ပြိတ္တာ၊စုန်း၊ဝိညာဉ်လောကမှဖြစ်ရပ်ဆန်းများ
သြော်လူတွေ……လူတွေမသေခင်မှာ…စည်းစိမ်
ဥစွဓနကုန်းရုန်း၍ရှာကျ…သေခါနီးသောခါ…
တရားမပါ……ဘေဘေးကိုကြောက်ရွံ၍တရားကိုအာရုံမပြုနိုင်…ရှာဖွေထားသောပစွည်းဥစွာ
စိတ်မချ၍စိတ်စွဲဝင်ကာ…မကျွတ်မလွတ်သော
သရဲဘုံ…ပြတ္တာဘုံ…အစရှိသဖြင့်နိမ့်ကျသောဘုံဘဝတွေဖြင့်သေပြီး၍…အမျှတန်းပေးဝေ
သော်လည်းသာဓုမခေါ်နိုင်…ရည်စူးသမျှသော
ကောင်းမူကုသိုလ်တွေကိုမရယူနိုင်သောဘဝ
ဖြင့်တဝဲလည်လည်ဖြင့်……တချို့များကျတော့
လည်းမိမိ၏စည်းစိမ်ဥစွာကိုစိတ်မချ၍…
အစောင့်သဘောမျိုးဖြင့်…နာနာဘဝများကို
အစောင့်သဘောထားကာကာကွယ်တက်
ကြလေသည်……………။
သို့သော်အစောင့်ပိုင်ရှင်သေဆုံးလျှင်သော်
လည်ကောင်း…နေရာဌာနေပြောင်းရွှေ့သွား
သော်လည်းကောင်း……ကျန်ရှိနေသည့်နာနာဘဝအစောင့်သည်……တဝဲဝဲလည်ဖြင့်ခေါ်ထား
သည့်နေရာတွင်…နောက်လူများကိုဒုက္ခပေး
တက်လေသည်။
ယခုလည်းဖြစ်ရပ်မှန်ဇာတ်လမ်းတခုကို……
ရင်ဆိုင်ကြုံတွေ့နေရသည့်…အမတယောက်
နေရာမှ…ဝင်ရောက်ရေးသားပါမည်။
ယခုလက်ရှိဖြစ်နေသောအကြောင်းအရာပါ။
**********************************************
ကျွန်မနာမည်က"ဝေ"ပါအလုပ်အကိုင်ကတော့
သားဖွားမီးယပ်ဆရာမတဦးပါ…အစိုးရဝန်ထမ်း
ဆိုတော့လည်း……ပျော်ရာမနေတော်ရာနေ
ထားရာနေစေရာသွားရသည့်ဘဝတွေလေ…
သို့ပေမဲ့လည်းကျေနပ်စွာ…ရွေးချယ်ထား
သည့်အလုပ်ပေမို့…စိတ်ပျက်ညဉ်းညူခြင်း
တော့မရှိပေ…ယခုလည်းတောင်ငူကသား
ဖွားဆရာမတဦး…နေရာပြောင်းရွှေ့သည်မို့
လစ်ဟင်းသွားသည့်နေရာအစားထိုးရန်……
ဌာနကကျွန်မကိုတောင်ငူသို့…သွားရန်
စာထုတ်လေသည်………။
အမျိုးသားကလည်းအလုပ်နဲ့မို့…အတူလိုက်
နေပေးရန်လည်းမဖြစ်နိုင်သေးသည့်…အခြေ
နေ……အမျိုးသားကနောက်မှလိုက်လာခဲ့မည်
ထို့ကြောင့်ကျွန်မနှင့်ကလေးသာတာဝန်ကျရာ
တောင်ငူသို့…အရင်ပြောင်းရွှေ့ခဲ့ရသည်။
တောင်ငူဆိုတာလည်း……တချိန်ကမင်းနေ
ပြည်တော်တပင်ရွှေထီး…စံမြန်းခဲ့သည့်အရပ်
ဒေသ…ထန်းရည်လွန်စွာကြိုက်သူမို့ထန်းပင်
များကိုစိုက်ပျိုးထားခဲ့ရာယခုတွင်တော့……
တောင်ငူသည်လည်း.……ထန်းပင်များဖြင့်ဝေဆာနေပေသည်။
ကျွန်မတာဝန်ထမ်းဆောင်ရမည့်ဒေသ…နေ
ထိုင်ရမည့်ဌာနမှချပေးထားသည့်အိမ်……လုံး
ချင်းအိမ်လေးဆိုတော့လည်း……မဆိုးပါဘူး
မိသားစုရှိတဲသူဆိုတော့လည်း…ပို၍တောင်
အဆင်ပြေသေးဟု…စိတ်ထဲကနေကျေးဇူးတင်
နေမိပေသည်။
ဤသို့ဖြင့်ကျွန်မတို့ရောက်ရှိလာ၍…အရင်
တာဝန်ခံဆရာမလည်းပြောင်းရွှေ့လေသည်
မပြောင်းခင်လေးတွင်တော့………………
ညီမရေအမဒီအိမ်မှာ…သိမ်ဝင်အပ်တွေစိုက်
ထားခဲ့တယ်နော်ဟုတော့…အသိပေးခဲ့သည်။
သို့ပေမဲ့ဘာအကြောင်းရယ်လို့တော့…ပြောမသွား…ကျွန်မလည်းအမူမှတ်နဲ့ဆိုတော့မမေးမိ
သိသလောက်ဆိုဘေးအန္တရယ်……ကင်းစေ
တာလောက်ပဲသိတာကို…ဒီလိုနဲ့နေလာတာ
ညဘက်ဆိုအတက်တံခါးက…တဂျိုင်းဂျိုင်းး
ခွေးတိုးတယ်လို့ပဲအမှုမဲ့နဲ့နေ……နေ့ဘက်ဆို
လူတွေအိမ်အောက်မှာရှိနေရင်…အိမ်ပေါ်က
တရှပ်ရှပ်နဲ့……ကြွက်ပြေးတယ်ပဲထင်နေခဲ့
တာ……အမှန်တော့သရဲခြောက်တာမသိတာ
ဒီလိုနဲ့နေလာခဲ့တာ…ကလေးကဖျားညဘက်
တွေအိပ်ရင်ဘယ်လိုနေမှန်းမသိတော့ဘူး
ဒီလိုနဲ့ဘေးအိမ်တွေကလည်း…မေးလာတယ်
နေရတာအဆင်ပြေလားပေါ့…ဘာထူးခြားသလဲ
သရဲခြောက်နေတာမသိတော့…လူတွေကခဏ
ခဏမေးလာတော့……စိတ်ထဲမသင်္ကာတာနဲ့
ငှာနကအမတွေကိုမေးကြည့်တော့မှ……သရဲ
ခြောက်မှန်းသိရတာ……ဒါပေမဲ့ဘုရားတရား
နာနာလုပ်ဖို့အမတွေကမှာတယ်……အိမ်တက်
ဆွမ်းကျွေးအမျှပေးဝေမူ…လုပ်ပေးလိုက်သော်
လည်း……ဘုရားရှိခိုးဖို့မေ့တဲ့ညတွေဆိုရင်
တော့ခြောက်လှန့်မူနဲ့သတိပေးတုန်း……
ကျွန်မနောက်မှသိခဲ့ရတာက……ဒီနေရာက
ဘုန်းကြီးကျောင်းဆွမ်းစားဆောင်ကိုပြောင်းပြီး
ဆောက်ထားတယ်လို့သိခဲ့ရတာပါ။
ဒါပေမဲ့……မမြင်ရတဲ့နာနာဘဝကဆရာမတိုင်းကိုစောင့်ရှောက်တယ်ပြောတယ်…ဘယ်သူ့ကိုမှဒုက္ခမပေးဘူးတဲ့……ဌာနကအမတွေပြော
တာလေ……ထူးခြားမူတခုကကျွန်မအမျိုးသား
ဘုရားခန်းမှာအိပ်မရတာပဲ……ဘုရားခန်းမှာ
အိပ်တာနဲ့တခုဟုတ်တခုဖြစ်တာပါပဲ။
ယခုကျွန်မနေတဲ့အိမ်မှာ…အိမ်သူအိမ်သား
တွေကိုခုချိန်ထိဒုက္ခမပေးပေမဲ့……အစောင့်သဘောမျိုးဖြင့်လားတော့မသိ……လူနာတွေတော့
ညဆိုအိမ်ကိုမလာရဲသလောက်ဖြစ်နေတော့
အမျှအတန်းပေးဝေတာတောင်… မကျွတ်လွတ်
သေးသည့်နာနာဘဝလား……သို့မဟုတ်အရင်
အိမ်ရှင်ကဘာတွေများ……စီမံထားခဲ့လေသ
နည်းတော့မသိယခုတော့ဤအိမ်ထဲမှာ……
မမြင်ရသည့်အရာနှင့်…ယှဉ်တွဲနေထိုင်နေရုံမှ
တပါးအခြားမစီမံတက်သေးပေ…………။
***********************************************
နာမည်လွှဲထားသည်မှဇာတ်အားဖက်ကောင်း
စေရန်အနည်းငယ်ပြင်ရေးသည်မှအပယခု
လက်ရှိဖြစ်ပျက်နေသောအကြောင်းအရာ
အမှန်ဖြစ်သည်ဟုစာရေးသူကျွန်တော်အာ
မခံပါသည်။
No comments:
Post a Comment