Thursday, November 5, 2015


Pee Ta Lu > ‎နာနာဘာဝပရလောကသားများနှင့်သရဲ၊ဖုတ်၊ပြိတ္တာ၊စုန်း၊ဝိညာဉ်လောကမှဖြစ်ရပ်ဆန်းများ

သင်္ချိုင်းပြောင်းရွေ့(ဖြစ်ရပ်မှန်)

မြို့ရွာလူဦးရေထူထပ်လာသောအချိန်တွင် တိုး
ချဲ့ရေးစီမံကိန်းကို လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့
ရှမ်ပြည်နယ် တောင်ကြီးမြို့မှာရှိတဲ့ သင်္ချိုင်းက
မြို့လယ်မှာ နီးနီးတွင်းသို့ ကျရောက်လာသော
အခါ အထက်အမိန့် နှင့်မြို့တိုးချဲ့ရန်အတွက် ကို
သင်္ချိုင်းပြောင်းရွေ့ရန်ပါလာသည်။အဲအချိန်၌
ကျွန်ုပ်သည် ကားကြီးစပယ်ယာလိုက်နေသည်။

ကျွန်ုပ်၏တစ်သက် ဒီအရွယ်ရောက်သည့်အထိ 
သင်္ချိင်းပြောင်းရွေ့မူ့ ကိုနှစ်ခါတွေ့ကြုံ ဖူးပါ၏။
(1987)ခုနှစ် ကျွန်ုပ်၏မွေးရာ ဇာတိရွာတွင်း၌
သင်္ချိုင်းပြောင်းရွေ့ရာတွင်တွေ့ကြုံ ဖူးခဲ့သော
အချိန်က ပြောင်းရွေ့ရာမှာ ပရလောကသား
ဝိညာဉ် များအား ခေါ်ဆောင်ရာတွင် အထက်
မင်းမိန့်  စစ်မိန့် ဖြစ် ခေါ်မှရပါသည်။ပြောင်းရွေ့
ရာတွင် နာနာဘာဝ ပရလောကသား ဝိညာဉ်
များကိုတင်ယူခေါ်ဆောင်ဖို့ (အဲအချိန်တွင် ရွာသို့ ကားမလမ်းမပေါက်သေးပါ)နွားလှည်းကို
အသုံးပြုရပါသည်။တစ်ရွာလုံးပေါင်းမှနွားလှည်း
ဆယ်စီးလောက်ပဲရှိပါသည်။ ပရလောကသား
ဝိညာဉ်များကို နွားလှည်းပေါ်ကိုတက်စေရန် အ
ထက်အမိန့် ပြန်စာနှင့်စေခိုင်းချိန်မှာ နွားများမှာ
နှာမှုတ်သံ တစ်ရူးရူးနှင့် ရုန်းနေ၍ လှည်းရှေ့မှ
နွားတစ်ကောင်လျှင် လူနှစ်ယောက်က နှာဖား
ကြိုးကို တင်းတင်းဆုပ်ကိုင်ပြီးထိန်းထားပေးရ
ပါသည် ဒါတောင် သိပ်မငြိမ်ပါ ။လှည်းပေါ်ပြည့်
ပြီဆိုမှ သင်္ချိုင်းကုန်းသစ်ဆီသို့ မောင်းပို့ ပေးရ
ပါသည်။နွားများမှာရုန်းကန်ပြီးသွားနေရတယ်
လှည်းဘီးကလည်း တကျွီးကျွီးနှင့်လှည်းပေါ်၌
ကုန်အများကြီးတင်၍ မောင်းနေတဲ့ပုံ နွားများ
လည်းနှာတစ်ရှုးရှုးမှုတ်ပြီး အားကုန်ရုန်းပြီးဆွဲ
နေရသောပုံနှင့် လှည်းပေါ်ကိုကျွန်ုပ်ကြည့်တော့
ဘာမှ မရှိပါ သင်္ချိုင်းကုန်းသစ်ကိုရောက်ခါနီးမှာ
ကုန်းတက်ကြီးကိုတက်တော့ နွားများဘယ်လို
ပင် ဆွဲရုန်းပါစေ မတက်နိုင်ပါ ဒါကြောင့် အမိန့် 
ပြန်စာဖတ်သော လူကြီးက "လှည်းမနိုင်တော့
လှည်းပေါ်ရှိတဲ့ ပရလောကသား ဝိညာဉ်များထဲ
ကငယ်ရွယ်ပြီး လမ်းလျှောက်နိုင်တဲ့သူများဆင်း
ပြီး နေရာသစ်ကိုသွားကြပါ သက်ကြီးများကမ
ဆင်းပါနဲ့ လှည်းနှင့်ပဲအရောက်ပို့ ပေးပါမယ်
ခင်ဗျား" အဲ့ဂလို့ ပြောတော့ နွားလှည်း အနည်း
ငယ်လှုပ်ခါသွားပြီး ပြန်ငြိမ်တော့မှ နွားလှည်း
ကိုပြန်မောင်းတော့ ကုန်းပေါ်ကိုတက်ပါတော့
တယ် လှည်းဆယ်စီးလုံးကိုသုံးခေါက် စီပြန်ပြီး
သယ်ယူခေါ်ဆောင်ရပါတယ်။

တောင်ကြီးမြို့က သင်္ချိင်းကုန်းတွင် လေးပိုင်း
ရှိပါတယ် ဗုဒ္ဓဘာသာလူမျိုးများ၏သင်းဂြိုလ်တဲ့
အပိုင်း ။တရုတ်လူမျိုးများသဂြို င်္လ်တဲ့အပိုင်း။ခရစ်
ယာန်ဘာသာလူမျိုးသဂြို င်္လ်တဲ့အပိုင်း။ မွတ်စ
လင်ဘာသာလူမျိုးသဂြို င်္လ်တဲ့အပိုင်း များရှိပါ၏

သင်္ချိုင်းပြောင်းရန်အချိန်တွင် ပရလောကသား
ဝိညာဉ်များကိုတင်ယူခေါ်ဆောင်ဖို့ အတွက် ကို
တောင်ကြီးမြို့ပေါ်ရှိ (၁၀)ဘီး(၁၂)ဘီးကားများ
ကိုအထက်အမိန့် နဲ့ ရှောစွဲ(ကားများကိုငှားယူ
ရာတွင် မည်သည့်ကားပိုင် အုံနာများမှ မငှားရဲ
မငှားပေးတော့ အထက်အမိန့် နဲ့ခေါ်ယူငှားရမ်း
တာကို ရှောစွဲ လို့ သုံးနူန်ုးပြောပါသည်) ခေါ်
တော့ ကျွန်ုပ်စပယ်ယာလိုက်တဲ့ကားပါ ပါသည်
သင်္ချိုင်းရှေ့တွင်ကားကြီးများကို စီတန်းရပ်
ပြီးတော့ ကားနောက်ဘော်ဒီ ပိတ်ကိုဖွင့်ထား
ပြီးစောင့်နေရပါတယ် ကားသမားများကဟို
တစ်စု ဒီတစ်စုနှင့် စောင့်ဆိုင်းရင်းစကားပြော
နေကြပါတယ် တစ်ချို့ကားသမားများကတာ့
ကြောက်ကြတာပေါ့ တစ်ချို့ကားသမားများ
ကတော့ အယုံအကြည်မရှိလို့ ပြောပါတယ်။
ကျွန်ုပ်ကကြုံ ဖူးတော့မကြောက်ပါ ဒရိုင်ဘာက
အယုံအကြည်မရှိတော့''သင်္ချိုင်းပြောင်းတာကို
အဲတိုင်းပြောင်းလို့ ရတာပဲကွာ ဘာတွေတင်
မှာမို့ အဲလောက်ကားကြီးတွေအများကြီးခေါ်
ရတာလဲကွာ အဓိပ္ပာယ်မရှိဘူး '' အဲဂလိုပြော
တော့ ကျွန်ုပ်ကသူကို
''ဆရာသမားက မယုံဘူးပေါ့ ဟုတ်လား''
''ယုံကိုမယုံတာကွ သူတို့ ဘာတွေတင်မှာလည်း
အုတ်ဂူဟောင်းတွေလား? မီးသဂြို င်္လ်တဲ့စက်ကို
လား? အဲတာတွေတင်ရင် ကားကြီးတွေကို အဲ
လောက်အများကြီးခေါ်စရာ မလိုပါဘူးကွ''
''ဆရာသမား ပြောတဲ့အုတ်ဂူဟောင်းတွေ
မီးသဂြို င်္လ်စက်တွေကို တင်ရမှာမဟုတ်ဘူး''
''ဟ တာဆိုရင်ဘာတင်မှာတုန်း''
''ဝိညာဉ် ပရလောကသား တွေကို''
ကျွန်ုပ်စကားကို ဆုံးအောင်နားမထောင်ပါ
'' ဟားးးးဟားးးးယုတ္တိရှိအောင်ရွှီးစမ်းပါဟ''
ကျွန်ုပ်ကိုလှောင်ပြောင်ပြောဆိုပြီးဝိုင်းရယ်
ကြပါတယ် ဒါနဲ့ကျွန်ုပ်က ''ခင်ဗျားတို့ ကိုသက်
သေပြနိုင်တယ် လောင်းမလား ''ဆိုပြီး ပြော
တော့ ဆရာသမားက '' စိန်လိုက်လေ ငါနိုင်ရင်
မင်းခေါက်ကြေး တစ်ခေါက်စာကိုငါယူမယ် မင်းနိုင်ရင် ငါဒရိုင်ဘာ ခေါက်ကြေးကိုယူ ငါ့
ဒရိုင်ဘာကြေးက စပယ်ယာကြေးထက်များ
ပါတယ်နော် သက်သေပြနိုင်ရင် အကုန်ယူကွာ'
''ဆရာကတိတော့ တည်ပါစေ''
''ဟားးးဟားးးပြစမ်းပါကွာ မင်းရဲ့သက်သေကို'
''မယုံတဲ့ကားသမားများအားလုံး ဒုတ်ပျော့
ပျော့တစ်ချောင်းကိုရှာပြီး ကားကြီးရဲ့ဘော်ဒီပဲ
ဖြစ်ဖြစ် ကားလေးပဲဖြစ်ဖြစ် အနေတော်ဖြတ်ပြီး
တော့ ထောက်ထားလိုက်ပါ အမိန့် ပြန်စာဖတ်
ပြီးရင် ထောက်ထားတဲ့ဒုတ်ကိုပဲကြည့်ထားပါ
အဲဒါဆိုရင် သိရပါလိမ့်မယ်''
ကျွန်ုပ်ပြောပြီးတော့ ဝါးဒုတ် ခပ်ပျော့ပျော့တစ်
ချောင်းကိုရှာပြီး ကျွန်ုပ်၏ကားနောက်ဘက်က
ဘော်ဒီအောက်ကိုထောက်ထားလိုက်ပါတယ်
တစ်ချို့ကားသမားများလဲ လိုက်ပြီးလုပ်ကြပါ
တယ်။ ''ဆရာ ကြည့်ထားနော်''
''ကြည့်ထားပါတယ် ဟုတ်ရင်ဟုတ်ပေါ့ကွာ'
သိပ်မကြာခင်မှာပဲ အမိန့် ပြန်စာအော်ဖတ်သံ
ကိုကြားရပါတယ် နည်းနည်းပဲကြာပါတယ် အ
မိန့် ပြန်စာဖတ်ပြီးတော့ ကားပေါ်သို့ တက်ကြ
ပါရန် လို့ အော်သံကိုလဲကြားပြီး မကြာပါ ကား
ပေါ်မှ တစ်ဝုန်းဝုန်းမြည်သံနှင့်အတူ ကျွန်ုပ်ကား
ဘော်ဒီကို ထောက်ထားသောဝါးချောင်းလေး
က တစ်ဖြေးဖြေးနဲ့ ကွေးကွေးလာတာကိုမြင်ရ
တော့ ကျွန်ုပ်၏ဒရိုင်ဘာ ဆရာသမားမျက်နှာကို
ကြည့်တော့ အံ့သြပြီး ကြောက်လာတဲ့ပုံစံပဲဗျ
ပြီးတော့ကျွန်ုပ်တို့ ရဲ့ရှေ့ကားတစ်စီးက သစ်
ကိုင်းခြောက်ကို သူတို့ ရဲ့ကားဘော်ဒီကိုယူပြီး
ထောက်ထားမိတော့ ဖြောင်းကနဲ့ကြိုးတဲ့အသံ
ကြောင့် အယုံအကြည် မရှိဘူးဆိုတဲ့ ဒရိုင်ဘာ
က အမလေးဗျ လို့ အော်ပြီးမေ့လဲသွားပါတယ်
သင်္ချိုင်းကုန်းသစ်ဆီကို နောက်ဒရိုင်ဘာတစ်ဦး
ကိုအမြန်ရှာပြီး မောင်းခိုင်းလိုက်ရပါတယ် ကား
များတော့ တစ်ခေါက်ပဲမောင်းပို့ ပေးရပါတယ်

ကျွန်ုပ်နဲ့လောင်းထားသောဒရိုင်ဘာက ဤကားကိုပြန်မမောင်းရဲတော့ပါသဖြင့်
လောင်းကြေးကိုကျွန်ုပ်မရလိုက်ပါခင်ဗျား

အဲ ပြောရအုံးမယ်ဗျ သင်္ချိုင်းပြောင်းပြီးနှစ်
ရက်မြောက်နေ့  ညဖက်တွင် သင်္ချိုင်းကုန်းကပ့်
ရပ်က ရပ်ကွက် လူကြီးတစ်ဦးကို
အိပ်မက်လာပေးပါတယ်တဲ့ မြေးအဖိုးနှစ်ယောက်ကျန်ျံနေကြောင်း
အဲဒီနေကသူခရီးဝေးတစ်ခုကိုသွားနေရပါတယ်
လို့ ပြောပါသည် အဲတာကို တိုက်စီ ကားတစ်စီး
ကိုငှားပြီးပြန်ပို့ လိုက်ရပါသေးတယ်

ဖြစ်ရပ်မှန်ကိုဖတ်လို့ကောင်းစေရန်အတွက်ပြင်ဆင်ရေးသားထားပါတယ်ခင်ဗျား

အမှားများပါရင်တောင်းပန်ပါသည်
Pee Ta Lu


Pee Ta Lu > ‎နာနာဘာဝပရလောကသားများနှင့်သရဲ၊ဖုတ်၊ပြိတ္တာ၊စုန်း၊ဝိညာဉ်လောကမှဖြစ်ရပ်ဆန်းများ

(အဖေရဲ့မေတ္တာ )ဖြစ်ရပ်မှန်

''အဖေ သမီးစာအုပ်ကုန်နေပြီ ''
အကြီးမ ပြောပြီး လို့  ဦးရေချမ်းသက်ပြင်းလေ
ပူ မှုတ်ထုတ်မလို့ လုပ်နေတုန်း ''အဖေ သားရဲ့-
ကျူ ရှင်လခ ကိုပေးပါအုန်းအဖေ သူများတွေအ
ကုန်ပေးပြီးပြီ သားပဲကျန်တော့တယ်''
''အေးပါ သားနဲ့သမီးတို့ ရယ် မပူပါနဲ့ အဖေရှာ
ပေးပါ့မယ်ကွ''ဦးရေချမ်း မှာသားနဲ့သမီးတို့ ရဲ့
ရှေ့တွင်ရင်ကိုကော့ပြီးလက်မကိုထောင်ကာ
သား/သမီးများ အားမငယ်အောင် ပြုံးပြုံးကြီး
နှင့်သာပြောလိုက်ပေမဲ့ သူ၏ ရင်ထဲတွင်းမှာက
နေဆယ်စင်း ထွက်နေတာကို သားနှင့်သမီးကို
မသိစေချင်ပေမဲ့ အိမ်နောက်ဖေး မီးဖိုဆောင်
က သူ၏ချစ်ဇနီး ဒေါ်ယဉ်ယဉ် ကသိနေပါသည်
ဒီနှစ်သမီးကြီးက ၁၀ တန်း သားငယ်က၈တန်း
နှင့်ဦးရေချမ်း မှာနေဘက်တွင် ပန်းရံလုပ်ပြီးည
ပိုင်းမှာ ကားကြီးကွင်းရဲ့ညစောင့် ကိုပါလုပ်-
နေတာတောင် သား/သမီးရဲ့ကျောင်းစရိတ့်
ပင် အနိုင်နိုင်ရယ်ပါ အိမ်စားစရိတ်ကတော့ သူ
၏ဇနီးဒေါ်ယဉ်ယဉ် ကခဝါသည် လျှော်ဖွတ်ခိုင်း
မဲ့လူမရှိတဲ့နေ့ဆိုရင် ငတ်ပြီသာမှတ် တာပေမဲ့သူ
တို့ နှစ်ယောက်ပဲအငတ်ခံတာ သားနှင့်သမီးအ
တွက်တော့ဖြစ်အောင် ဖန်တီးချက်ပြုတ်ကျွေးပါ
တယ်။သား/သမီးအတန်းကြီးလာကတည်းက
ဦးရေချမ်း တို့ နှစ်ယောက် သား ထမင်းကိုတစ်
ရက်လုံးမှ နှစ်နပ်ကနေ အခု သမီကြီးက ဆယ်
တန်း သားငယ်က ၈ တန်းဆိုတော့ ထမင်းနှပ်
မ မှန်တော့ပါ ဒေါ်ယဉ်ယဉ်အဝတ်လျှော်ဖွတ် ရ
တဲ့နေ့ဆိုရင်တောင်မှဝဝလင်လင် မစားရတာကို
ကြာလှပေါ့ သားနှင့်သမီးရဲ့ပညာရေးအတွက်
အသိမခံပါ နှစ်ယောက်သားကြိတ်မှိတ်ခံစားရ
တာကြာလာတော့ ကျန်းမာရေးလည်းထိခိုက်
လာပြီပေါ့ဗျာ ဦးရေချမ်းကပိုဆိုးတာပေါ့ ည
ညတိုင်း ညစောင့်လုပ် နေ့ ဘက်ပန်းရံဆင်းနဲ့
သူ့ အတွက် အိပ်ချိန်ဆို အလွန်ဆုံးရှိမှ ညစောင့်
မှာ ခိုးခိုးပြီးငိုက်တာပါမှ ၄ နာရီပင်ပြည့်မည်မ
ထင်ပါ သူ၏သားနှင့်သမီးကိုလဲ ၂၄နာရီမှ နာရီ
ဝက် မပြောနှင့် ၁၅ မိနစ်လောက်သာသာ တွေ့
ရတာဆိုတော့ ကလေးတွေကလဲ သူကျောင်းနဲ့
သူ့ စာ ကိုရှုပ်နေ၍ ကျန်တာကို ဘာမှ မသိပါဘူး
ဦးရေချမ်း သူသားနှင့်သမီးကို ပညာတတ်ကြီး
ဖြစ်စေချင်ပါသည် သားနှင့်သမီးကလဲ တော်ပါ
တယ် တစ်နှစ်တစ်တန်းအောင်နေတာကိုပဲ ဦး-
ရေချမ်း အတွက် လုပ်ဖော်ကိုင်ဖက်များကိုကြွား
လို့ မဆုံး ပြောလို့ မကုန်အောင်ကို ဂုဏ်ယူနေ
ရတာပါ ပင်ပန်းတယ် မောတယ်ဆိုတဲ့ စိတ်ခန္တာ
ကိုယ် ကိုပီတိလေးကိုစားသုံးပြီး ခိုင်းစေ ခဲ့တဲ့
မိဘမေတ္တာ တစ်နေကုန် အုပ်သယ် သယ်အိတ်
ထမ်း ကုန်းရုန်း ပြီးလုပ်ခဲ့တော့ ညောင်းညာ
ကိုက်ခဲနေတာကို သား/သမီးတွေရဲ့မျက်နှာ
လေးကို မြင်ရရုံနဲ့ ဆေးသောက်စရာ မလိုပဲ
ယူပြစ်သလို ပျောက်သွားတယ်ဆိုတဲ့ ဦးရေချမ်း
ရဲစကား ကိုနားထဲက အခုထိတိုင် မထွက်သေး
ပါဘူးဗျာ သား/သမီးရဲ့တောင်းဆိုမှု့ ဒါနောက်
ဆုံးပဲဆိုတာကို ကြိုတင်သာသိခွင့်လေး ရခဲ့ရင်

သားရဲ့ကျူ ရှင်လခ သမီးကြီးရဲ့စာအုပ်ဖိုး ကို
ဘယ်လို ကြံဖန်ပေးရမလဲဆိုတဲ့ အတွေးနဲ့ပဲ
ဦးရေချမ်း အိမ်ကစထွက်ကတည်းက စိတ်ထဲမှာ
ဒါပဲရှိနေသည် ''အဖေ သမီးစာအုပ်ကုန်နေပြီ''
အဖေ သားရဲ့ကျူ ရှင်လခ'' ဆိုတဲ့ သမီးကြီးနှင့်
သားငယ်လေးရဲ့အသံတွေ သူ၏နားထဲတွင် ပဲ့
တင်သံများ ရိုက်ခတ်နေဆဲပါ ''အင်းးးးးညနေ
ပန်းရံအလုပ်သိမ်းရင် ဂျာကြီး(မန်နေဂျာ)ဆီကို
ကြို ငွေထုတ်ဖို့ ပြောကြည့်ရမှာပဲ''ဟုတွေးရင်း
အလုပ်ကိုပင်ဖြောင့်ဖြောင့်မလုပ်နိုင်တော့ပါ-
ဘာဖြစ်လို့ လဲဆိုတော့အလုပ်မသိမ်းခင် မန်နေ
ဂျာ အရင်ပြန်သွားမှာစိုးလို့ ပါ အလုပ်သာလုပ်
နေတာ မျက်စိက မန်နေဂျာကို အလွတ်မပေးပါ
အဲ့လိုနဲ့ညပိုင်း ၅ နာရီမှအလုပ်သိမ်းနေကျအချိန်
ကို မစောင့်နိုင်တော့ပဲ နာရီဝက်အလိုမှာပင် မန်
နေဂျာကြီးထံသို့ သွားပြီး ''ဂျ--ဂျာ ဂျီး'' စကား
ပင်မပီတော့''အေး ပြောဦးရေချမ်း'' 
'' ကျွ့ ကျွန်တော် ကြိုငွေများ ထုတ်ပေးလို့ ရ
မလားဗျာ'' 
''အလုပ်သမားခရှင်းပေးတာ နှစ်ရက်
ပဲရှိသေးတယ်လေ ဘာကိစ္စရှိလို့ ကြိုငွေယူမလို့
လဲဆိုတဲ့ အကြောင်းပြချက်'''
'' ဒီလိုပါ ဂျာကြီးးးးးးးးးးးးးး'''
ဦးရေချမ်း အကြောင်းစုံကိုပြောပြတော့ မန်နေ
ဂျာက လူငယ်လေးပါ သဘောလည်းကောင်းပါ
တယ် ဦးရေချမ်းအတွက် ကြိုငွေကို နှစ်ပတ်စာ
တောင် ထုတ်ပေးလိုက်ပါတယ် နှစ်ပတ်စာကြို
ငွေရတော့ ဦးရေချမ်းအတိုင်းမသိဝမ်းသာ သွား
တာပေါ့ဗျာ အိမ်အပြန်မှာ သူ့ ရဲ့ခြေလှမ်းတွေ
ကမြေပေါ်ကိုပင် နင်းမိတယ်လို့ ပင်မထင်တော့
သည့်ပုံ နှစ်ပတ်စာကြို ငွေရတော့ ဒီညမိသားစု
တွေ မစားရတာကြာပြီ ဖြစ်တဲ့ခေါက်ဆွဲကြော်
လေးပွဲကို ပါဆယ်ဆွဲခဲ့ရင်း ဒီညမိသားစုတွေနဲ့
ခေါက်ဆွဲကြော်စားပြီး သူရဲ့သားနဲ့သမီးလိုတဲ့
စာအုပ်ဖိုး ကြူ ခြင်လခကိုပေးရင်းနဲ့ မျက်နှာစုံ
ညီ ခေါက်ဆွဲကြော်စားရင်းနဲ့ဆိုပြီးအတွေးတွေ
နဲ့ ကားလမ်းကိုအကူးးးးးးးးကျွီးးးးဝုန်းးးးးးးးးးး

''ဟေ့ ယဉ် ရေ့'' 
''ဘာတုန်း ကိုရေချမ်း''
''သမီးကြီးနဲ့သားငယ်ရော''
'' ရှိပါ့တော် ရေချိုးနေကြတယ်''
''မြန်မြန်ချိုးလို့ ပြောလိုက်ကွာ ဒီမှာခေါက်ဆွဲ
ကြော်ဝယ်လာတယ်ဟ အတူတူစားကြရ
အောင်ဟေ့ ပန်းကန်တွေယူလာခဲ့ ''
အေးပါတော်ရေ့ ဒီနေ့တော် အဆင်ပြေ
လာတာပေါ့ဟုတ်လား''
ဒေါ်ယဉ်ယဉ် ခေါက်ဆွဲကြော်ထည့်ဖို့ ပန်း
ကန်ယူရင်းနဲ့ အိမ်နောက်ဖေးကမီးဖိုဆောင်မှာ
ချက်ပြုတ်ဖို့ လုပ်နေတာကို သူလင်ကိုရေချမ်း
ခေါက်ဆွဲကြော်ဝယ်လာတယ်ဆိုတော့ ဟင်း
ချက်စရာမလိုတော့ဘူးပေါ့ ဆိုပြီး သားနဲ့သမီး
ကိုမအော်ခေါ်ခင် ''သြော် ကိုရေချမ်း သမီးစာ
အုပ်ဖိုးနဲ့သားလေးကျူ့ '''
ဒေါ်ယဉ်ယဉ်စကားပင်မဆုံးပါ 
''ဟ မပူနဲ့အကုန်ပါတယ်ဟေ့ ပါတယ်ဟ'''
''ဟွန့့် တစ်ကယ့်ထဲ အော်လိုက်တာ သမီးနဲ့
သားတို့ ရေ မြန်မြန်ချိုးကြ ဒီမှာ ညည်းတို့ 
အဖေပြန်လာပြီ'' ကလေးတွေကိုအော်ခေါ်ရင်း
မီးဖိုဆောင်ကပန်းကန်း ဇွန်းတို့ ကိုယူပြီး အိမ်
ရှေ့ခန်းကိုရောက်တော့ ''ဟင့့်  ဒီလူကြီးနယ်
ခုလေးတင်ပြောနေတာကို ဘယ်များ ထွက်
သွားပါလိမ့်'' ဒေါ်ယဉ်ယဉ် ညီးညူ ရင်းနဲ့ အ
ကြည့်က အိမ်ရှေ့စားပွဲခုံပေါ်ကို 
'''ဒီလူကြီးကတော့ ခေါက်ဆွဲကြော်ထုပ်နဲ့
ပိုက်ဆံတွေကို အဲတိုင်းပဲတင်ထားရဲတယ်နော်
ဟွန့့်  နမော်နမဲ့ကို နိုင်လွန်းတယ်''
အဲဒီအချိန်ကသူရဲ့သားနဲ့သမီးရောက်လာပါ
တယ် ''ပာာ အမေ အဖေရောဟင်''
''သိပါဘူးတော် ညီးအဖေက ခေါက်ဆွဲကြော်
ထုပ်နဲ့ပိုက်ဆံကို ခုံပေါ်ကို အဲတိုင်းတင်ထားပြီး
ဘယ်ကိုသွားနေလည်းမသိပါဘူးအေ့''
''အဖေကလဲဗျာ သားတို့ ကိုခေါ်ပြီတော့'''
အဲဒီလိုပြောကြရင်းနဲ့ ပိုက်ဆံကိုမြင်တော့ 
အမေ သားကိုကျူ ရှင်လခပေးတော့'''
''သမီးကိုလဲ စာအုပ်ဖိုးပေး'' 
နှစ်ယောက်သားဝိုင်းတောင်းတော့ ဒေါ်ယဉ်
ယဉ်က ပိုက်ဆံကိုတွက်ပြီးပေးမလို့ လုပ်နေချိန်
''ဒေါ်ယဉ်ယဉ် ဒေါ်ယဉ်ယဉ် ရှိပါသလား?''
''ရှိပါတယ်ရှင့် ဘာကိစ္စများလဲရှင့်''
''ဒါ ဦးရေချမ်းအိမ်ပါနော်'''
''ဟုတ်ပါတယ်ရှင့် အိမ်ပေါ်ကိုကြွကြပါအုန်းရှင့်''
''မတက်တော့ပါဘူး ဟို ဟို ဦးရေ ချမ်းးးးး
ဟို က ကားတိုက်ခံရပြီးးးးးး'''
''ရှင့့် ဗျားးးးးအို့  ဟာမဖြစ်နိုင်ပါဘူးရှင် 
နာမည်မှား အိမ်မှားနေတာပါ ခုလေမှ ကျမတို့ 
နဲ့စကားပြောနေတာပါ''
ဒေါ်ယဉ်ယဉ်က အဲဒီလိုပြန်ပြောတော့ ရပ်
ကွက်လူကြီးကပါ ''ဟုတ်ပါတယ် ဒေါ်ယဉ်ယဉ်
ကျွန်တော်တို့ ကိုတိုင် အလောင်းကိုသေချာစစ်
ဆေးပြီးပါပြီ ဦးရေချမ်း ပါ ဗျာ''
ဒေါ်ယဉ်ယဉ်ကဆက်ပြီးမေးပါတယ်
''ဘယ်အချိန်ကလဲ''
''ညနေခင်းပိုင်း ၅ နာရီကျော်လောက်မှာ''
''ဟာ ပိုပြီးတောင်မဖြစ်နိုင်ဘူးရှင့် ခုနလေး
တင်ပဲ ခေါက်ဆွဲကြော်ဝယ်လာပြီးဒီမှာ့  '''
ဆိုပြီးခုလေးတင် သူဆုပ်ကိုင်ထားသောပိုက်
ဆံတွေကိုပြမလို့ ကြည့်တော့ လက်ပေါ်ကပိုက်
ဆံမတွေ့တော့ ''သားလေး စားပွဲခုံပေါ်မှာ 
ပိုက်ဆံကျန်ခဲ့တယ် သွားယူပေးစမ်းးး'' 
''ဟုတ်'' လို့ ပြောပြီးအိမ်ပေါ်ကိုပြေးတက်ပြီး အ
တော်ကြာတော့ ''မတွေ့ဘူးအမေ''
'''ထားလိုက်တော့ နိအဖေဝယ်ခဲ့တဲ့ခေါက်
ဆွဲကြော်ပဲယူလာပြလိုက် ပိုက်ဆံကအမေအ
ထားမှားလို့ နေမယ်'' 
'''ဟာ ဟာာ အအအအမေမေ ခေါက်ဆွဲ
ကြော်ထုပ်လဲမရှိတော့ဘူး''လို့ ပြောပြီး အငယ်
ကောင်အိမ်ရှေ့ကိုပြေးထွက်လာပါတယ်

ဒီလိုနှင့်ဆေးရုံကိုမိသားစုတွေလိုက်သွားကြည့်
တော့မှ ဦးရေချမ်း မှာ မျက်စိအဖွင့်လိုက်နှင့် သူ
သား/သမီးကို စိတ်မချသည့် အကြည့်နှင့်ကြည့်
နေသယောင်ယောင် ဒေါ်ယဉ်ယဉ်လည်းကြုံ
တွေခဲ့ရသောအဖြစ်နှင့်ယုံချင် မယုံချင်နှင့်စိတ်
မနိုင်တော့ရူးသွားပါသည် သားဖြစ်သူမှာစစ်
တပ်ထဲဝင်သွားတယ်လို့ ကြားပါတယ်
သူအစ်မကတော့ အခုလက်ရှိဒေါက်တာ ဒေါ်----------ဖြစ်ပါတယ်ခင်ဗျား//////////

ကျွန်တော်အသိ ဦးလေးကြီးတစ်ယောက်ရဲ့အ
ဖြစ်ကို ပြန်လည်ခံစားပြီး စိတ်ကူးပုံဖော် ရေး
ဖွဲ့ထားပါသည် အမှားများပါက ခွင့်လွတ်ပါ
Pee Ta Lu


Mg Thura > ‎နာနာဘာဝပရလောကသားများနှင့်သရဲ၊ဖုတ်၊ပြိတ္တာ၊စုန်း၊ဝိညာဉ်လောကမှဖြစ်ရပ်ဆန်းများ

ဖြစ်ရပ်မှန် သရဲဇာတ်လမ်းလေးတစ်ပုဒ်ပါ

ကျွန်တော်တို့ဆိုင်းအဖွဲ့လေးတစ်ရက်မှာတော့မထင်မှတ်ပဲကြုံတွေ့လိုက်ရသောအဖြစ်အပျက်လေးတစ်ခုပါ တစ်ရက်ကျွန်တော်တို့တစ်ဖွဲ့သားလုံး ဆိုင်းတီးလေ့ကျင့်နေစဉ် အသက် 45 နှစ်ဝန်းကျင်ခန့်လူကြီးတစ်ဦးရောက်လာပြီးတော့လူလေးတို့ဆိုင်ငှားချင်လို့ပါတဲ့ ပျော်သွားတာပေါ့ဒါလုပ်မှထမင်းစားရတဲ့လူတွေဆိုတော့ ရပါတယ် ဘယ်နေ့လဲမသိဘူး ဘယ်နေရာလဲ ဘယ်နှရက်လဲပေါ့လေ မေးတာပေါ့ ဘကြီးကပြောတယ် ဇီးကုန်းရွာမှာတဲ့ ဆယ်ရောက်လောက်တော့ကြာမယ်တဲ့ သူနောက်ဆုံးပြောလိုက်တဲ့စကားတစ်ခွန်းကတော့အားလုံးကိုတုန်လှုပ်သွားစေတယ် ဘာလဲဆိုတော့ရွာမှာ မသာဆိုင်းတီးပေးရမှာတဲ့ ကျွန်တော်အပါအဝင်အားလုံးပဲမှင်သက်သွားစေတယ် ဘာလို့လဲဆိုတော့ အဲဒီလိုပွဲမျိုးတစ်ခါမှလိုက်မတီးပေးဖူးလေသူကတော့ပြောပါတယ်ဈေးကိုလည်းပိုပေးပါမယ် အစစအရာရာအကုနါအဆင်ပြေစေရမယ်တဲ့စိတ်မပူပါနဲ့တဲ့ အဖွဲ့သားတွေအားလုံးတိုင်ပင်လိုက်တယ်ပီးတော့ ကောင်းပါပီကျွန်တော်တို့လိုက်ခဲ့ပါမယ် ဇာတ်လမ်းကတော့စပီပေါ့ဗျာ ကျွန်တော်တို့အဖွဲ့သားအားလုံးခရီးထွက်ဖို့ပြင်ဆင်ရပါပီ ဒီလိုနဲ့ကျွန်တော်တို့ခရီးထွက်လာလိုက်တာရွာလေးကိုရောက်ဖို့တော့သိပ်မလိုတော့ အချိန်ကတော့ညနေ 6:00 ခန့် လမ်းတော်လျောက်မှောင်မဲပီးတော့ လူအရိပ်အယောင်တောင်မတွေ့ ကျွန်တော်တို့ကားတစ်စီးသာရှိပါတယ် တစ်လမ်းလုံး ရွာထိပ်ကိုရောက်တော့ လှည်းတစ်စီးတွေ့တယ် ဆိုင်းအဖွဲ့ကိုလာကြိုတာတဲ့ လှည်းပေါ်မှာတော့ ရွာသားသုံးယောက်ပါတယ်မီးတုတ်လေးတွေနဲ့ပေါ့ ဒီလိုနဲ့ပဲရောက်ခဲ့ပီပေါ့ အသုဘအိမ်ကို ရောက်ရောက်ချင်းပဲလိုအပ်တာတွေကိုပြင်ဆင်ပီးတော့ ရေမိုးချိုးထမင်းစားကြတာပေါ့ အဖွဲ့သားတွေကအားလုံးပေါင်း 18 ယောက်ဒီညကတော့အားလုံးပဲခရီးပန်းလာကြပီးတော့စောစောပဲအိပ်ရာဝင်ခဲ့တာပေါ့ နောက်တနေ့မိုးလင်းတော့ မနက်စာတွေဘာတွေစားသောက်နေချိန်မှာတော့ ဟိုနေ့ ဆိုင်းလာငှားတဲ့အဘရောက်လာတယ် သူကတော့ပြောပြတယ် မသာက 5 ရက်ထားမှာတဲ့ ဆွေမျိုးစုံမှချမှာတိုဘာတို့ပေါ့ဗျာ ဆိုင်းဝိုင်းရဲအရှေ့မလှမ်းမကမ်းမှာကတော့ အလောင်းတင်ထားတဲ့စင်ရှိတယ် မနက်ပိုင်းတွေဆိုရင်တော့ မကြောက်ဘူးပေါ့ ဗျာ ညဘက်ရောက်တော့ တတ်သမျှဘုရားစာတွေရွတ်ပီးအိပ်ရတာပေါ့ ဒီလိုတီးလာလိုက်တာ လေးရက်မြောက်နေ့မနက်ဖန်ဆိုအလောင်းမြေချမယ့်နေ့တဲ့ ဒါကြောင့်ကျွန်တော်တို့အစမ်းလေ့ကျင့်ကြတာပေါ့မနက်အတွက်သူတို့ရွာဓလေ့ကအသုဘချမယ့်ရက်မှာလည်းရွာလုံးကျွတ်ထမင်းကျွေးတယ်တဲ့ ချက်ထားတဲ့ဟင်းတွေကတော့အရှန်အပယ်ပဲ ဇာတ်လမ်းကဒီညမှာစတာပဲ အစ်းလေ့ကျင့်ပီးတော့တစ်ဖွဲ့လုံးအိတ်ကျတာပဲ ည ဆယ့်နှနာရီလောက်ကျတော့ခွေးတွေကတော်တော်အူလာတယ်ဗျ ပီးတော့ကျွန်တော်သတိထားမိတာကလူတစ်ယောက်အနားရောက်လာတယ် ပီးတော့ခြေထောက်ကိုလာကုပ်တယ် ပထမတော့ထမကြည့်ဘူးနောက်ပီးအဲ့ဒီလူကခြေထောက်ကိုဆက်တိုက်ကြီးကုပ်နေတော့ မျက်လုံးဖွင့်ကြည့်လိုတဲ့အချိန်မှာ သွေးပျက်မတတ်မြင်ကွင်းအဲဒါကတော့ မသာကောင်ကြီးဖြစ်နေတယ် ဘေးကလူတွေကိုကြည့်တော့လည်း အိပ်နေကြတာတုပ်တုပ်မလှုပ်အော်ခေါ်တော့လည်းမကြား ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာ သူကလက်ဟန်ခြေဟန်နဲ့သူကမယ် ကျွန်တော့်ကိုဆိုင်းတီးတဲ့ အဲ့ဒီအချိန်မှာ ကြောက်ကလည်းကြောက်နေပီ ဘာမှလုပ်လို့ကလဲမရ ဆိုင်းတီးပေးရတော့တာပေါ့ မသာကြီးကလဲကတာကိုကွေးနေတာပဲ ဆိုင်းတီးတဲ့အသံကြီးကြားနေတာတောင် အိမ်ရှင်တွေအဖွဲ့သားတွေတစ်ယောက်မှမကြားလောက်အောင် အိပ်မောကြနေတာလား ထူဆန်းနေတယ် ခဏနေတော့ မသာကောင်းကြီးကမောပီး မနက်ကျရင်ကျွေးဖို့ချက်ထားတဲ့ဟင်းအိုးကြီးတွေပေါ်ကိုခွထိုင်ပီးတော့ဟင်းတွေကို ပယ်ပယ်နယ်နယ်စားနေတော့ပါပဲဗျာ ကျွန်တော်လည်းအခွင့်အရေးရပီထင်ပီးတော့ တစ်ခါတည်းထပြေးတော့တာပဲ ကံဆိုးချင်တော့သူမြင်သွားပီးနောက်ကနေတောက်လျှောက်ပြေးလိုက်တော့တာပဲ တစ်လမ်းလုံးဘယ်သူ့ကိုမှအကူအညီတောင်းလို့မရ မသာကောင်ကလဲ တောက်လျှောက်လိုက်လာပဲ ပြေးနေရင်းနဲ့ရွာထိပ်ရောက်တော့စေတီလေးတစ်ဆူကိုတွေ့တယ် ကျွန်တော်စေတီလေးပေါ်တတ်ပြေးတော့မှသူလိုက်လို့မရတော့တာ စေတီအပြင်ဘက်ကနေ မသာကောင်ကကြည့်နေပီးတော့မှရွာဘက်ကိုလှည့်ထွက်သွးတော့တယ် အဲဒီအချိန်မှပဲသကပျင်းချနိုင်တော့တယ် မောလည်းမော ကြောက်လည်းကြောက်နဲ့ စေတီလေးပေပေါ်မှာပဲ အိပ်ပျော်သွားတယ် မနက်မိုးလင်းတော့ ရွားသားတွေနဲ့ အဖွဲ့သားတွေကဆိုင်းဆရာပျောက်လို့လိုက်ရှာတာပေါ့ ရှရင်းနဲ့စေတီလေးပေါ်မှာ လဲနေတဲ့ကျွန်တော့်ကိုတွေ့သွားကြတယ် မေးကြတာပေါ့ဘာဖြစ်လို့ဒီမှာလာအိပ်နေတာလဲ အသုဘချရတော့မယ်လေ ကျွန်တော်အကြောင်းစုံကိုပြောပြလိုက်တော့ ဘယ်သူမှမယုံကြဘူးလေ ဒါမျိုးရွာမှာတစ်ခါကမဖြစ်ဖူးဘူးတဲ့ မယုံရင် မသာကောင်ရဲ့ခြေထောက်ကိုကြည့်လိုက်ရွှံတွေပေနေတာကိုတွေလိမ့်မယ်ပီးရင်ဟင်းကိုတွေကိုကြည့်လိုက်သူနှိုက်စားထားလို့ပေပွနေတာတွေ့လိမ့်မယ်လို့ပြောပြလိုက်တယ် ရွာသားတွေက ကျွန်တော့်ကိုရွာထဲပြန်လိုက်ခဲ့ဖို့ပြောတယ် မလိုက်ရဲတော့ဘူးပြန်တဲ့အထိဒီစေတီလေးကပဲစောင့်နေမယ်လို့ ပြီးတော့သူတို့လဲရွာထဲပြန်သွားကြတယ် မသာကောင်ကိုပြန်ကြည့်လိုက်တော့ပြောတဲ့အတိုင်းပဲ သူ့ခြေထောက်မှာရွှံတွေနဲ့ပီးတော့ ဟင်းအိုးတွေကလဲပေပွနေတာပဲ ရွာသားတွေလည်းအဲဒါမှယုံသွားကြပီးချက်ချင်းပဲ မြေမြုပ်လိုက်ကြတယ် အဖွဲ့သားတွေပြန်လာမှကျွန်တော်လည်း စေတီလေးကနေပြန်လိုက်သွားပါတော့တယ်။
ဒီဖြစ်စဉ်လေးကတော့ဆိုင်းအဖွဲ့ရဲ့ခေါင်းဆောင် ဆိုင်းစရာကိုအောင်အောင်မှပြန်လည်ပြောပြခငြ်းဖြစ်ပါတယ်။